ဥရောပ တစ်လွှားရှိ ကလေးများသည် စာသစ်နှစ် အစအဖြစ် ကျောင်းများပြန်လည်တက်ရောက်နေကြပြီဖြစ်သော်လည်း ကမ္ဘာ့နေရာအနှံ့အပြားမှ အခြားသော ကလေးများသည် Coronavirus ကြောင့် ကျောင်းများသို့ ပြန်လည် တက်ရောက်နိုင်ခြင်းမရှိသေးပါ။
အိန္ဒိယ နှင့် အရှေ့တောင်အာရှ ရှိအိမ်နီးချင်းနိုင်ငံများကို လေ့လာကြည့်ရာ ကုလသမဂ္ဂ၏ခန့်မှန်းတွက်ချက်မှုအရ ကလေးငယ်သန်း ၆၀၀ နီးပါးသည်ပိတ်ဆို့မှုများကြောင့် ကျောင်းမတက်နိုင်ဘဲ အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်ကို တွေ့ရသည်။
ဘယ်သူတွေက စာသင်ခန်းသို့ ပြန်မသွားနိုင်ဘူးလဲ။
Coronavirus ၏ ကန့်သတ်ချက်များစတင်ခဲ့သည့် မတ်လနှင့် ဧပြီလသည် အရှေ့တောင်အာရှ နိုင်ငံ အများစု၏ စာသင်နှစ် အစလည်း ဖြစ်ပေသည်။ ယခုအချိန်တွင် စာသင်ခန်းများပိတ်ထားရဆဲဖြစ်ပြီး စည်းကမ်းကန့်သတ်ချက်များမှာ နေရာတော်တော်များများတွင် ရှိနေဆဲဖြစ်သည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ အနေဖြင့် စာသင်ခန်းတော်တော်များများကို ပိတ်ထားဆဲ ဖြစ်ပြီး စာသင်ကြားခြင်းများကိုတော့ အဝေးမှ ဆောင်ရွက်လျက်ရှိသည်။
သို့သော် အစိုးရမှ ပြောကြားထားသည်မှာ ၉ တန်းမှ ၁၂ တန်းကျောင်းသားများသည် ပံ့ပိုးမှုလိုအပ်ပါကစက်တင်ဘာ ၂၁ ရက်မှစ၍ မိဘများ၏ခွင့်ပြုချက်ဖြင့်မိမိဆန္ဒအလျောက်ကျောင်းသို့တက်နိုင်မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရ်ှနှင့်နီပေါ နိုင်ငံတို့တွင် ကျောင်းများဆက်လက် ပိတ်ထားရပြီး အဝေးမှ သင်ကြားရခြင်းကိုသာ အလေးထားသင်ကြားသွားမည်ဖြစ်သည်။
သီရိလင်္ကာနိုင်ငံ မှာတော့ ဇူလိုင်လတွင် ကျောင်းများပြန်ဖွင့်ရန် ကြိုးစားခဲ့သော်လည်း ဩဂုတ်လတွင် ဖွင့်နိုင်ခဲ့ပြီးယခုအခါတွင် ကူးစက်မှုများ တစ်ကျော့ပြန်လာသောကြောင့် ကျောင်းများပိတ်ထားပါသည်။
ပါကစ္စတန်နိုင်ငံရှိ ကလေးများသည် နိုင်ငံတွင်း ရောဂါ ဖြစ်ပွားမှု နှုန်းကျဆင်းလာသောကြောင့် စက်တင်ဘာလ ၁၅ ရက်မှစတင်ကာ ကျောင်းသို့ ပြန်လည်ဝင်ရောက်မည် ဖြစ်သည်။
ဘယ်သူတွေအင်တာနက်သုံးနိုင်တာလဲ။
အဝေးမှသင်ကြားခြင်းဆိုသည်မှာ ကျောင်းသားများ အနေဖြင့် အွန်လိုင်းမှ တိုက်ရိုက်သင်ကြားခြင်း သို့မဟုတ် အချိန်နေရာမရွေးသင်ကြားနိုင်အောင် ကြိုတင်ရိုက်ကူးထားသည့် သင်ခန်းစာများကို အင်တာနက်ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ သင်ကြားနိုင်အောင် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် အချို့သော အရှေ့တောင်အာရှနိင်ငံများတွင် ယုံကြည်စိတ်ချရသောအင်တာနက်လိုင်းတပ်ဆင်မှုများ မရှိသည့်အပြင် ထိုသို့ အင်တာနက်သုံးစွဲရန်အတွက် အခကြေးငွေ မတတ်နိုင်အောင် အလွန်ဆင်းရဲသော လူထုအသိုင်းအဝိုင်များပါဝင်နေသည်။
ကျောင်းသားကလေးငယ်ပေါင်း အနည်းဆုံး ၁၄၇ သန်းသည် အွန်လိုင်း သို့မဟုတ် အဝေးသင်ပညာရေးကို သင်ယူနိုင်ရန် အခွင့်အရေးမရှိ ဟု ကုလသမဂ္ဂမှ ဆိုထားသည်။
အိန္ဒိယနိုင်ငံတွင်အိမ်ထောင်စု ၂၄ ရာခိုင်နှုန်းသာ အင်တာနက်သုံးစွဲနိုင်သည်ဟုအစိုးရ၏ ၂၀၁၉ စစ်တမ်းအရ သိရသည်။ အိန္ဒိယကျေးလက်ဒေသများ၌ အိမ်ထောင်စုများ၏ ၄ ရာခိုင်နှုန်းသာအင်တာနက် အသုံးပြု နိုင်ပြီး ထို အရေအတွက်သည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ယှဉ်လျှင် အလွန်အရေအတွက်နည်းပါးသည်။
သို့သော် ဘင်္ဂလားဒေ့ရ်ှသည်အိန္ဒိယထက်ပိုမို၍ အင်တာနက်ကွန်နက်ရှင် ရနိုင်သည့် အခြေအနေတွင် ရှိနေသည်။ တွက်ချက်မှုများအရ တစ်ခါတစ်ရံ အင်တာနက်လိုင်းများမှာ နှေးသော်လည်း နိုင်ငံ၏ ၆၀% သည် အင်တာနက်အသုံးပြုနိုင်ပြီဖြစ်သည်။
ကျောင်းသုံး သင်ထောက်ကူပစ္စည်းများ မလုံလောက်သည့် ပြဿနာကလည်း ရှိနေသေးသည်။
နီပေါ၏နောက်ဆုံးစီးပွားရေးစစ်တမ်းအစီရင်ခံစာအရအစိုးရကျောင်း ၃၀,၀၀၀ နီးပါးတွင် ၃၀ ရာခိုင်နှုန်းအောက်သာ ကွန်ပျူတာကိုအသုံးပြုနိုင်ပြီး ၁၂% သာအွန်လိုင်းဖြင့် သင်ယူနိုင်သည်ဟုဆိုထားသည်။
အွန်လိုင်းသင်တန်းများသည်အိန္ဒိယ၏ဒစ်ဂျစ်တယ်နည်ပညာကွာခြားမှုကို ထင်ဟပ်စေသည်။
အချို့သောနိုင်ငံများသည် အင်တာနက်မချိတ်ဆက်နိုင်သော စက်ပစ္စည်းများအတွက် သင်ခန်းစာ များကို ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များတွင် ထုတ်လွှင့်ပေးထားသည်။ ထိုပလက်ဖောင်းသည် လူထုကြား ပျံ့ နှံ့မှု သက်ရောက်နိုင်စွမ်းပိုမိုကြီးမားသည်။
အိန္ဒိယနိုင်ငံ၏ ပြည်သူ့ထုတ်လွှင့်သူ တစ်ဦးဖြစ်သည့် Doordarshan သည် နေ့စဉ်ပညာရေးနှင့် သက်ဆိုင်သည့်အကြောင်းအရာများကို ရုပ်မြင်သံကြားနှင့် ရေဒီယို ချန်နယ်များတွင် ထုတ်လွှင့်ပေးလျက်ရှိပါသည်။
ဘင်္ဂလားဒေ့ရ်ှအစိုးရ၏ အသံလွှင့်ရုံဖြစ်သည့် Sangsad ရုပ်မြင်သံကြားမှလည်း ၎င်း၏ရုပ်သံလိုင်းများတွင် လည်း သင်ခန်းစာများကိုအသံလွှင့်ခဲ့သည်။
ယူနီဆက်ဖ်၏ အရှေ့တောင်အာရှ ဒါရိုက်တာ Jean Gough မှ BBC ကို “ဒီရုပ်မြင်သံကြားတွေမှာထုတ်လွှင့်သည့် နည်းဟာဆိုရင် ကလေးအမြောက်အမြားဆီ ရောက်နိုင်မည့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။” ဟု ဆိုထားသည်။
ကျောင်းများဖွင့်လှစ်ခြင်း နှင့် 'ရောဂါကူးစက်ခံရနိုင်မှု'
သီရိလင်္ကာတွင် ကျောင်းများ ပြန်ဖွင့်ထားပြီ ဖြစ်သော်လည် တစ်ဦးနှင့် တစ်ဦး အကွာအဝေးတစ်ခုတွင်မနေခြင်း၊ မဖြစ်မနေ မျက်နှာဖုံးစည်းတပ်ဆင်ရမည်ဖြစ်သော်လည်း လူဦးရေ အနည်းငယ်သာ ဝတ်ဆင်ကြခြင်း အစရှိသည့် လိုအပ်ချက်များရှိနေသေးသည်ဟု Ceylon ဆရာများ သမဂ္ဂမှ အထွေထွေအတွင်းရေးမှူး Joseph Stalinမှ ပြောကြားထားသည်။
အထူးရန်ပုံငွေမချထားသေးသောကြောင့် အခြေခံလုံခြုံရေးအစီအမံများကိုအကောင်အထည်ဖော်ရန်ခက်ခဲနေသည်ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
ပါကစ္စတန်ပုဂ္ဂလိကကျောင်းများဖက်ဒရေးရှင်းသည် စက်တင်ဘာလတွင်ကျောင်းများဖွင့်ခြင်းကို ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် စမ်းသပ်မှုပြုလုပ်ရန်နှင့် coronavirus ဘေးကင်းလုံခြုံရေးလမ်းညွှန်ချက်များကိုအကောင်အထည်ဖော်ရန်အစိုးရရန်ပုံငွေလိုအပ်နေခြင်းကြောင့် ဖြစ်သည်။
အိန္ဒိယတွင်လည်း စာသင်ခန်းများပြန်စနိုင်သည့်အလားအလာနှင့် ပတ်သက်၍ အလားတူစိုးရိမ်မှုများရှိနေသည်။ ကျောင်းများပြန်ဖွင့်သည်နှင့် တစ်ပြိုင်နက် မိဘများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဆရာများနှင့် အခြားဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများက ပြန်လည်စတင်လုပ်ဆောင်ကြရမည်ဖြစ်ရာ လူအစုအဝေးများ ဖြစ်လာမည်ကို စိုးရိမ်သည် ဟု Child Rights and You အဖွဲ့အစည်းမှ Priti Mahara ကပြောကြားခဲ့သည်။
ထို့အပြင် ကာလရှည်ကြာစွာပိတ်ထားရခြင်းကြောင့်လည်းကျောင်းလခအပေါ်မှီခိုနေရသည့်ပုဂ္ဂလိကကျောင်းများအတွက်ကြီးမားသော ငွေကြေး အခက်အခဲ များ ဖြစ်စေပါသည်။ ဘင်္ဂလားဒေ့ရ်ှတွင်ပုဂ္ဂလိကကျောင်းပေါင်းတစ်ရာကျော်ကို ရောင်းချရန် စီစဉ်နေကြပြီ ဖြစ်သည်။
ဒေသတွင်းရှိပရဟိတလုပ်ငန်းများသည်လည်း အထိခိုက်လွယ်ဆုံးနှင့်အပယ်ခံကျောင်းများကိုကူညီရန်ကြိုးစားခဲ့ကြပါသည်။
အိန္ဒိယရှိ Pratham ပညာရေးဖောင်ဒေးရှင်းမှဒေါက်တာ Rukmini Banerji မှလည်း "ပြည်နယ်အစိုးရများနှင့်ကျောင်းများကအိမ်ထောင်စုအတွင်းအနည်းဆုံးလက်ကိုင်ဖုန်းတစ်လုံးရှိသည့်ကလေးများနှင့်ချိတ်ဆက်ရန်ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်" ဟု ဆိုထားသည်။
အချို့သော ကိစ္စများတွင် ကျောင်းသားများသည် ကျောင်းထွက်ခဲ့ခြင်းကြောင့် အာဏာပိုင်များက၎င်းတိုကို မဆက်သွယ်နိုင်ခြင်းဖြစ်သည်။
ယူနီဆက်ဖ်မှဒါရိုက်တာ Jean Goughသည်လည်း ထိရောက်သော ဆက်သွယ်မှုများ မပြုလုပ်ပါက ကျောင်းသားများ ကျောင်းထွက်နှုန်းမှာ ယခင်ကထက်ပိုများလာမည်ဟု ခန့်မှန်းထားသည်။
အီဘိုလာနှင့်အခြားအရေးပေါ်အခြေအနေများကြောင့်ယခင်ကျောင်းပိတ်ခြင်းအပေါ် အခြေခံ၍ ဆုံးရှုံးမှုများမှာ အလွန်တရာသိသာလှသည် ဟု ဒါရိုက်တာ Gough မှ ဘီဘီစီ ကို ပြောကြားခဲ့သည်။
By Myanmar Education Guide - EDGE
Ref: BBC News