အသက် (၁၇) နှစ်ပြည့်ပြီးရင် လျှောက်ထားနိုင်တဲ့ သက်မွေးသင်တန်းများ

 

စင်ကာပူမြန်မာ၊ သက်မွေးသင်တန်းကျောင်း (SMVTI - Singapore Myanmar Vocational Training Institute) မှ Hospitality & Tourism နှင့် Engineering & Technology သင်တန်းများအား နိုဝင်ဘာလ (၄) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ဖွင့်လှစ်မည့် သင်တန်းများ 

Courses for Hospitality & Tourism

  • Front Office Operations
  • Housekeeping Operations
  • Restaurant Operations

 

Courses for Engineering & Technology

  • Electrical Technology
  • Electronics
  • Residential Air-Conditioning
  • Building Fixtures and Equipment
  • Mechatronics (Basic Servicing) 
  • General Welding 

 

သင်တန်းကာလမှာ (၆) လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးမြောက် အောင်မြင်ပါက အသိအမှတ်ပြု အောင်လက်မှတ် (Certificate) ရရှိမည် ဖြစ်သည်။ သင်တန်းတွင် ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့၊ လက်တွေ့ သင်ကြားပေးမည် ဖြစ်သည်။

 

လျှောက်ထားနိုင်သည့်သူများ -

  • စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူ 
  • စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ မအောင်ပေမဲ့ ဖြေဆိုပြီးထားသူ
  • စနစ်သစ် G-12 ဖြေဆိုအောင်မြင်ပြီးသူ
  • G-12 ပြီးမြောက်ကြောင်း လက်မှတ်ရရှိထားသူ 
  • GTHS (အစိုးရနည်းပညာအထက်တန်းကျောင်း) အောင်မြင်ထားသူများ 
  • အသက် (၁၇) နှစ် ပြည့်ပြီးသူများ

 

လျှောက်ထားရာတွင် အောက်ပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-

  • ပညာရေးအထောက်အထားမိတ္တူ
  • အမှတ်စာရင်းမိတ္တူ
  • ပတ်(စ်)ပို့တ်ဓာတ်ပုံ (၃)ပုံ
  • ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာမူရင်း

 

လျှောက်ထားသည့်အချိန်တွင် ပညာရေးအထောက်အထားမူရင်း၊ အမှတ်စာရင်းမူရင်းတို့အား (တိုက်ဆိုင်စစ်ဆေးရန်အတွက်) တစ်ပါတည်းတင်ပြနိုင်ရမည်။ 

 

လျှောက်ထားသူများအနေဖြင့် လူတွေ့စစ်ဆေးမှု (Interview) ဖြေဆိုရမည်။ နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာ၀အရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းများဆောင်ရွက်ရန်နှင့် သင်တန်းပြီးဆုံးပါက သက်ဆိုင်သော လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့် သင်တန်းသူ/သင်တန်းသားများကို ဦးစားပေးမည်ဖြစ်သည်။ သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့

သင်တန်းနေရာ - စင်ကာပူမြန်မာ၊ သက်မွေးသင်တန်းကျောင်း၊ အမှတ်- ၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဆက်သွယ်စုံစမ်းရန်ဖုန်း - ၀၉-၇၈၁၀၀၂၅၇၂

လျှောက်လွှာလက်ခံမည့်ရက် - ၂.၉.၂၀၂၄ မှ ၂၅.၁၀.၂၀၂၄ အထိ နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီအတွင်း (အစိုးရရုံးပိတ်ရက်များ ပိတ်သည်)

 

Latest Post Local News Vocational Read 1388 times