Hospitality Diploma သင်တန်းကို Thai မှာ Scholarship နဲ့ တက်မယ်

Hotel & Tourism ဘာသာရပ်ကို စိတ်ဝင်စားပြီး နိုင်ငံခြားမှာ Scholarship နဲ့ ကျောင်းတက်ချင်တဲ့သူတွေအတွက် အခွင့်အရေးကောင်းတစ်ခုရှိပါတယ်။

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရှိတဲ့ The International Hotel and Tourism Industry Management School (ITIM) ကျောင်းမှာ Hotel & Tourism Management ဒီပလိုမာ (၂) နှစ်သင်တန်းကို Free တက်နိုင်ဖို့ Scholarship လျှောက်လို့ရပါတယ်။ သင်တန်းပြီးရင်လည်း လုပ်ငန်းအတွေအကြုံပါ တစ်ခါတည်းရနိုင်မယ့် Paid Internship (လစာပေးအလုပ်သင်) ကို ကျောင်းဘက်က စီစဉ်ပေးပါတယ်။ 

 

Scholarship ကို ဘယ်လိုလူတွေ လျှောက်ထားနိုင်လဲ?

- အာဆီယံနိုင်ငံသားဖြစ်ရမယ်။

- အသက် (၁၈) နှစ်ကနေ (၂၈) နှစ်အတွင် ရှိရမယ်။

- အထက်တန်း (သို့) ဘွဲ့ရပြီးသူဖြစ်ရမယ်။

- GPA အမှတ် 2.5 ကျော်ရပါမယ်။ 

- ဆက်ဆံရေးကောင်းမွန်ပြီး Hospitality ပိုင်းကို စိတ်ဝင်စားသူဖြစ်ရပါမယ်။ 

- အင်္ဂလိပ်စကား ပြောဆိုနိုင်ရပါမယ်။  

 

Scholarship လျှောက်သူတွေရဲ့ အကျိုးခံစားခွင့်

- တစ်နှစ်ကို Tution Fees 139,000 THB ရရှိပါမယ်။ 

- အလုပ်သင်ဆင်းရင် တစ်လကို 3,000 THB ရရှိပါမယ်။

 

Scholarship လျှောက်သူတွေရဲ့ ကုန်ကျစရိတ်

- ကျူရှင်ခပဲ Free ဖြစ်တဲ့အတွက် တခြား Facilities fees, Uniforms နဲ့ Accident insurance တို့အတွက် တစ်နှစ်စာ 30,000 THB ကျောင်းဘက်ကို ပေးရပါမယ်။ 

- တစ်ကိုယ်ရည်ကုန်ကျစရိတ်တွေဖြစ်တဲ့ လေယာဉ်လက်မှတ်၊ ဗီဇာကြေး၊ နေထိုင်စရိတ်နဲ့ စားစရိတ်တို့ကို ကိုယ်တိုင်တာဝန်ယူရမှာဖြစ်ပါတယ်။ 

 

Scholarship လျှောက်သူတွေ လိုက်နာရမယ့် စည်းကမ်းချက်များ

- Semester တစ်ခုချင်းစီမှာ GPA အမှတ် 2.5 အောက် လျော့လို့မရပါဘူး။

- (၂) နှစ် ဒီပလိုမာသင်တန်းကို ပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ရပါမယ်။

- အလုပ်သင်ကိုလည်း သတ်မှတ်ထားတဲ့ ကာလပြည့်အောင် လုပ်ဆောင်နိုင်ရပါမယ်။

 

First Semester က ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ စမှာဖြစ်ပြီး Interview အောင်မှ Scholarship ကိုရရှိမှာဖြစ်ပါတယ်။ Scholarship ကို လျှောက်မယ်ဆိုရင်တော့ အောက်ကလင့်ခ်မှာ လာမယ့် ဇွန်လ (၁၅) ရက်နေ့နောက်ဆုံးထားလျှောက်ထားရပါမယ်။ 

>> https://www.i-tim.ac.th/2024scholarship

 

International Latest Post Read 1007 times