Sales Hotline : 09448001653       Download App



Hospitality Courses (၅၀) ကျော် Free လေ့လာနိုင်မယ့် Typsy

ပညာရပ်တစ်ခုကို စပြီး လေ့လာတဲ့အခါမှာ အရေးကြီးဆုံးအချက်က ကိုယ့်အတွက် Career Development ဖြစ်ဖို့နဲ့ Job Opportunity များများ ရဖို့ပါပဲ။ ဒီနေ့ခေတ်မှာ Hospitality & Tourism Industry ကလည်း နိုင်ငံတစ်နိုင်ရဲ့ Foreign Income ကို များစွာ ရရှိစေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာတဲ့အတွက်ကြောင့် တက်ထားသင့်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခု ဖြစ်တယ်လို့ ယူဆပါတယ်။

 

ဒါကြောင့် ဒီနေ့မှာတော့ Hotel Life မှာ အလုပ်လုပ်ကိုင်နေသူတွေ၊ Customer Service ကို စိတ်ဝင်စားသူတွေ၊ Hospitality & Tourism အကြောင်းကို လေ့လာနေသူတွေအတွက် Typsy ရဲ့ Hospitality Online Courses တွေအကြောင်း မျှဝေပေးချင်ပါတယ်။ 

 

Typsy ဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံး Online Hospitality Learning Platforms တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Typsy မှာ သင်ခန်းစာပေါင်း ၁၀၀၀ ပါရှိပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှ အတွေ့အကြုံရှိ ဝါရင့်ပညာရှင်တွေက အွန်လိုင်းဗီဒီယိုနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ 

 

Certificate ရတဲ့ Free Online Courses တွေ များစွာရှိသလို Learning Access Free ရပေမဲ့ Certificate Free မရတဲ့ Premium Courses တွေလည်း ရှိပါတယ်။ Typsy မှာ အဓိက တွေ့ရမှာကတော့ Hotel Courses တွေဖြစ်ပြီး Hotel တစ်ခုရဲ့ Front Office ၊ F&B ၊ Housekeeping ၊ Revenue Management ၊  Sales & Marketing ၊ Digitalization တွေအကြောင်းကို လေ့လာလို့ရမှာ ဖြစ်ပါတယ်။ 

 

Course တစ်ခုပြီးတိုင်း Quiz တွေ ဖြေရမှာမို့ သင်ခန်းစာကို နားမလည်ဖြစ်မှာလည်း ပူစရာမလိုပါဘူး။ Quiz တွေဖြေရင် အနည်းဆုံး အမှတ် ၇၅‌-၈၀ မှတ်မှမရရင် Certificate ထုတ်မပေးပါဘူး။ 

 

Typsy ရဲ့ Free Course တွေကတော့ -

- Teamwork Fundamentals

- Guest Experience Fundamentals

- Job finding skills for Hospitality

- Health And Wellbeing In Hospitality 

- Front Desk Check-In & Check-Out

- Bartending for Beginners

- Housekeeping Fundamentals

- Food & Beverage Courses

- Kitchen Operation

- Hotel Marketing

- Hotel Revenue Management

- Hotel Digitalization

- Customer Service Essentials

- Sustainability Management စတဲ့ Course တွေကို အွန်လိုင်းကနေတဆင့် လေ့လာနိုင်ပါတယ်။  

 

စိတ်ဝင်စားမှုရှိရင် အောက်မှာ ဖော်ပြထားတဲ့ Link လေးထဲဝင်ပြီး Sign In ဝင်ပြီးတာနဲ့ အချိန်မရွေး၊ နေရာမရွေး စတင်သင်ယူနိုင်ပြီပဲဖြစ်ပါတယ်။

>> https://www.typsy.com/discover/courses/free

International/Private Knowledge Latest Post Read 500 times