HND Diploma သင်တန်းကို KMD Institute တွင် ပညာတော်သင်ဆုဖြင့် လျှောက်ထားနိုင်

HND Diploma သင်တန်းကို KMD Institute တွင် ပညာတော်သင်ဆုဖြင့် လျှောက်ထားနိုင်

အင်္ဂလန်အစိုးမှ အသိအမှတ်ပြုထားသော စကော့တလန်အရည်အချင်းစစ်အဖွဲ့ (Scottish Qualifications Authority) မှ တိုက်ရိုက်ချီးမြှင့်သော HND အား KMD Institute တွင် ၂ နှစ် တက်ရောက်ရမည်ဖြစ်ပြီး နိုင်ငံတကာ တက္ကသိုလ်ကြီးများ၏ စံသတ်မှတ်ချက်အတိုင်း သင်ကြားမည် ဖြစ်သည်။

READ - တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များကို ဇူလှိုင်လဆန်းမှာ ထုတ်ပေးမယ်

HND သင်တန်းတွင် IT နှင့် ပတ်သက်သော Hardware, Software နှင့် သက်ဆိုင်သော အကြောင်းအရာများကို Business Knowledge နှင့် တွဲဖက်၍ သင်ကြားမည် ဖြစ်သည်။

ဘာသာရပ် ၂၁ ဘာသာတွင် ကျောင်းသားအဖွဲ့လိုက် Project တစ်ခုကို ပြုလုပ်ရမည့်အပြင် ကျောင်းသား ဗဟိုပြု နည်းလမ်းဖြင့် Assignment များကို ကိုယ်တိုင်လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လေ့ကျင့်ခန်း များဖြင့် သင်ကြားပေးမည်ဖြစ်သည်။

HND Diploma ရရှိထားပြီးပါက USA, UK, Australia, Singapore အစရှိသော နိုင်ငံတကာတက္ကသိုလ်ကြီးများသို့ သွားရောက်၍ နောက်ဆုံးနှစ်ဆက်လက် တက်ရောက်နိုင်သလို၊ မြန်မာနိုင်ငံရှိ KMD Institute တွင်လည်း University of Greenwich, UK ၏ B.Sc (Hons) Business IT Degree ကို ရရှိမည်ဖြစ်သည်။

Contact Detail

၀၁-၇၀၀၈၉၅, ၅၀၃၈၁၁၂၉, ၂၂၀၅၅၅

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

source: internet journal

Local Read 5115 times