The Times Higher Education World University Rankings 2021 (THE) မှ ပြင်သစ်နိုင်ငံရှိ အဆင့်မြင့် ပညာရေး ဌာန ၅ခုကို ထိပ်တန်း ၂၀၀ စာရင်းတွင် လည်းကောင်း၊ ကမ္ဘာ့အဆင့်အမြင့်ဆုံးတက္ကသိုလ် ၁၀၀၀ စာရင်းတွင် ဌာနပေါင်း ၄၀ ကိုလည်းကောင်း အဆင့်မြင့်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။
ထိပ်တန်း ၂၀၀ တွင်အဆင့်သတ်မှတ်ထားသည့်ပြင်သစ်ပညာရေးဌာနငါးခုမှာအောက်ပါအတိုင်းဖြစ်ပါသည်။
Paris Sciences et Lettres University သည် အဆင့် ၄၆ အဖြစ်လည်းကောင်း၊
Sorbonne University သည် အဆင့် ၈၇ အဖြစ်လည်းကောင်း၊
École Polytechnique သည် အဆင့် ၉၃ အဖြစ်လည်းကောင်း၊ Paris University သည် အဆင့် ၁၃၆ အဖြစ်လည်းကောင်း၊
Paris-Saclay University သည် အဆင့် ၁၇၈ အဖြစ်လည်းကောင်း သတ်မှတ်ထားခြင်း ဖြစ်ပါသည်။
အထက်ဖော်ပြပါတက္ကသိုလ် ၄ခုသည်ပြင်သစ်ရှိမကြာသေးမီကအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများမှပေါ်ထွက်လာသည့်အဖွဲ့အစည်းများဖြစ်သည်။
ထိုအဖွဲ့အစည်းများ၏ မဟာဗျူဟာများကို ပြင်သစ်အဆင့်မြင့်ပညာရေး ၀န်ကြီး Frédérique Vidal က ချီးကျူးထားပြီး ၎င်းက “နိုင်ငံခြားမှာအသိအမှတ်ပြုထားတဲ့ တက္ကသိုလ်မော်ဒယ်လ်အသစ်တွေက နိုင်ငံတကာအဆင့်မှာသင်ကြားမှုနဲ့သုတေသနအရည်အသွေးတွေကို အသိအမှတ်ပြုနေဖို့ သက်သေပြနေပြီ ဖြစ်တယ်” ဟု ဆိုထားသည်။
ထိပ်တန်းစာရင်း ၅၀၀တွင်ပါသည့် အဆင့်မြင့်ပညာရေးတက္ကသိုလ် ၁၇ ခုမှာ-
Ecole Télécom Paris
Ecole des Ponts – ParisTech
The Ecole Normale Supérieure de Lyon
The University of Montpellier Aix-Marseille University
The University of Grenoble – Alps IMT Atlantique
The University of Versailles – Saint-Quentin-en-Yvelines
The University of Bordeaux
The Ecole Centrale of Nantes
The Federal University of Toulouse
The Agro Institute တို့ ဖြစ်ပါသည်။
The Times Higher Education World University Rankings 2021 (THE) ၏ ထုတ်ပြန်ချက်များအရ အမေရိကန်မှပညာရေးအဖွဲ့အစည်း ၈ ခု နှင့် ဗြိတိန်နိုင်ငံမှ ၂ ခုသည်ထိပ်ဆုံး ၁၀ ခုတွင်အဆင့်ရှိနေသည်။
အမေရိကန်၊ ယူကေ မှ တက္ကသိုလ်များအပြင် တရုတ်တက္ကသိုလ် များသည် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ အဆင့်တွင် ထိပ်ဆုံးမှ ရပ်တည် လျက်ရှိသည်။
By Myanmar Education Guide - EDGE
Ref: erudera