ဇူလိုင် (၂၁) ရက်တွင် အထက်တန်းမှစ၍ အသုတ်လိုက်ကျောင်းဖွင့်မည်

** Unicode **

အထက်တန်းများ (၂) ပတ်ကြာတက်ရောက်ပြီးနောက် အလယ်တန်း၊ နောက်တစ်ပတ်ခြားပြီးပါက မူလတန်း အဆင့်ဆင့် ဆက်လက်ဖွင့်လှစ်မည်ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် ပုံမှန်တိုင်းဖွင့်လှစ်နိုင်ခြင်း မရှိသည့် အခြေခံပညာကျောင်းများကို ဇူလိုင် (၂၁) ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး အထက်တန်းမှ အဆင့်ဆင့် အသုတ်လိုက်ဖွင့်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ကျောင်းအပ်ခြင်းတွင် အသုတ် (၃) သုတ်ခွဲကာ ဇူလိုင် (၁၃) မှ (၁၇) ရက်အထိကို အထက်တန်းကျောင်း အပ်နှံရမည်ဖြစ်ပါတယ်။

ကျောင်းသား/သူဦးရေ များပြားသည့် ကျောင်းများတွင် နှစ်သုတ်ခွဲ၍ တစ်လှည့်စီကျောင်းတက်ရန် စီစဉ်နေပြီး စည်းကမ်း သတ်မှတ်ချက်များကို အားလုံးမဖြစ်မနေလိုက်နာရမည်ဖြစ်ပါတယ်။

Logistics (24) နှင့်ပတ်သက်ပြီး သင်တန်း (၂၄) ခု ရှာရန်နှိပ်ပါ။

ကျောင်းများပြန်ဖွင့်နိုင်ရေးအတွက် လတ်တလောတွင် ကန့်သတ်စောင့်ကြည့်နေရာ (Community Based Facility Quarantine) အဖြစ်အသုံးပြုနေသည့် အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖျန်း၍ ဇွန်လ (၁၅) ရက်နေ့နောက်ဆုံးထားပြီး ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွဲပြောင်း ပေးရန်လည်း ပြည်ထောင်စု အစိုးရက အကြောင်းကြားစာအသီးသီး ပို့ထားပြီး ဖြစ်ပါတယ်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကန့်သတ်စောင့်ကြည့်နေရာအဖြစ် သတ်မှတ်ထားသော အခြေခံပညာကျောင်း စုစုပေါင်း (၆၀၂၁) ကျောင်းရှိသည်ဟုလည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြောင်းကြားစာတွင် တွေ့ရပါတယ်။

၂၀၁၉/၂၀ ခုနှစ် ပညာသင်နှစ်စာရင်းများအရ အခြေခံပညာကျောင်းသား/သူဦးရေမှာ ကိုးသန်းကျော်ရှိပြီး ဆရာ/ဆရာမဦးရေမှာ လေးသိန်းကျော်ရှိပါတယ်။ အခြေခံပညာအထက်တန်းကျောင်းသီးသန့်ဆိုလျှင် မြန်မာနိုင်ငံတွင် ကျောင်းပေါင်း (၆၀၀၀) ကျော်ရှိပါတယ်။

(www.edge.com.mm)

 

** Zawgyi **

အထက္တန္းမ်ား (၂) ပတ္ၾကာတက္ေရာက္ၿပီးေနာက္ အလယ္တန္း၊ ေနာက္တစ္ပတ္ျခားၿပီးပါက မူလတန္း အဆင့္ဆင့္ ဆက္လက္ဖြင့္လွစ္မည္ျဖစ္ပါတယ္။

ကမ႓ာ႔ကပ္ေရာဂါ အေျခအေနေၾကာင့္ ပံုမွန္တိုင္းဖြင့္လွစ္ႏိုင္ျခင္း မရွိသည့္ အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္ (၂၁) ရက္မွစတင္၍ ျပန္လည္ဖြင့္လွစ္မည္ျဖစ္ၿပီး အထက္တန္းမွ အဆင့္ဆင့္ အသုတ္လိုက္ဖြင့္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရသိရပါတယ္။

လူစုလူေဝး မျဖစ္ေပၚေစရန္အတြက္ ေက်ာင္းအပ္ျခင္းတြင္ အသုတ္ (၃) သုတ္ခြဲကာ ဇူလိုင္ (၁၃) မွ (၁၇) ရက္အထိကို အထက္တန္းေက်ာင္း အပ္ႏွံရမည္ျဖစ္ပါတယ္။

ေက်ာင္းသား/သူဦးေရ မ်ားျပားသည့္ ေက်ာင္းမ်ားတြင္ ႏွစ္သုတ္ခြဲ၍ တစ္လွည့္စီေက်ာင္းတက္ရန္ စီစဥ္ေနၿပီး စည္းကမ္း သတ္မွတ္ခ်က္မ်ားကို အားလံုးမျဖစ္မေနလိုက္နာရမည္ျဖစ္ပါတယ္။

Logistics (24) ႏွင့္ပတ္သက္ၿပီး သင္တန္း (၂၄) ခု ရွာရန္ႏွိပ္ပါ။

ေက်ာင္းမ်ားျပန္ဖြင့္ႏိုင္ေရးအတြက္ လတ္တေလာတြင္ ကန္႔သတ္ေစာင့္ၾကည့္ေနရာ (Community Based Facility Quarantine) အျဖစ္အသံုးျပဳေနသည့္ အေျခခံပညာေက်ာင္းမ်ားကို ပိုးသတ္ေဆးဖ်န္း၍ ဇြန္လ (၁၅) ရက္ေန႔ေနာက္ဆံုးထားၿပီး ပညာေရးဝန္ႀကီးဌာနသို႔ ျပန္လည္လြဲေျပာင္း ေပးရန္လည္း ျပည္ေထာင္စု အစိုးရက အေၾကာင္းၾကားစာအသီးသီး ပို႔ထားၿပီး ျဖစ္ပါတယ္။

တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ ကန္႔သတ္ေစာင့္ၾကည့္ေနရာအျဖစ္ သတ္မွတ္ထားေသာ အေျခခံပညာေက်ာင္း စုစုေပါင္း (၆၀၂၁) ေက်ာင္းရွိသည္ဟုလည္း ျပည္ေထာင္စုအစိုးရအဖြဲ႔၏ အေၾကာင္းၾကားစာတြင္ ေတြ႔ရပါတယ္။

၂၀၁၉/၂၀ ခုႏွစ္ ပညာသင္ႏွစ္စာရင္းမ်ားအရ အေျခခံပညာေက်ာင္းသား/သူဦးေရမွာ ကိုးသန္းေက်ာ္ရွိၿပီး ဆရာ/ဆရာမဦးေရမွာ ေလးသိန္းေက်ာ္ရွိပါတယ္။ အေျခခံပညာအထက္တန္းေက်ာင္းသီးသန္႔ဆိုလ်ွင္ ျမန္မာႏို္င္ငံတြင္ ေက်ာင္းေပါင္း (၆၀၀၀) ေက်ာ္ရွိပါတယ္။

(www.edge.com.mm)

News Tips Latest Post Read 7619 times