အခြေခံပညာ အထက်တန်းကျောင်း ပညာသင်ဆုများ လျှောက်ထားနိုင်ပြီ

အခြေခံပညာ အထက်တန်းကျောင်း ပညာသင်ဆုများ လျှောက်ထားနိုင်ပြီ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်း ဆက်တက်ဖို့ အခက်အခဲဖြစ်သူများ လျှောက်ထားနိုင်တဲ့ ပညာသင်ဆုဖြစ်ပါသည်။

(၁) ဤပညာသင်ဆုသည် အခြေခံပညာ အထက်တန်းအဆင့် ပညာသင်ဆု အစီအစဉ် (Basic Education High School Scholarshp Program  - Myanmar) ဖြစ်သည်။

(၂) ဤပညာသင်ဆုသည် အခြေခံပညာ အထက်တန်း (န၀မတန်းနှင့် ဒသမတန်း) တက်ရောက်ရန် (၂)နှစ်စာ ပေးအပ်ချီးမြင့်သော ပညာသင်ဆုဖြစ်သည့်အတွက် လာမည့်နှစ်တွင် န၀မတန်း တက်ရောက်မည့် ကျောင်းသားများသာ လျှောက်ထားလို့ရမှာပါ။

(၃) လျှောက်ထားလိုသူများသည် အဌမတန်း (၈ တန်း) အောင်မြင်ထားပြီး နဝမတန်း (၉ တန်း) တက်ရောက်မည့်သူများ ဖြစ်ရမည်။

(၄) ပညာသင်ဆု ချီးမြှင့်ခြင်းခံရမည့် ကျောင်းသား၊ ကျောင်းသူများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (သို့မဟုတ်)  ဒီးမော့ဆို အခြေခံပညာ အထက်တန်းကျောင်း (သို့မဟုတ်) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဖယ်ခုံ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်ရမည်။

READ - TOP ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာဒါန လျှောက်လွှာ ခေါ်ယူခြင်း

(၅) ထိုပညာသင်ဆုသည် နေစရိတ်၊ စားစရိတ် ကျောင်းစရိတ်နှင့် စာရေးကိရိယာများ ပါဝင်မည်။

(၆) ထူးချွန်ပြီး အမှန်တကယ် ငွေကြေးအခက်အခဲရှိသော အဌမတန်းအောင် မြင်ထားပြီး န၀မတန်းစတင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးကို ရွေးချယ်ချီးမြှင့် မည် ဖြစ်သည်။

(၇) လျှောက်လွှာပိတ်ရက် - ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့။

ပညာသင်ဆုလျှောက်ထားရာတွင် -

- အပြည့်အစုံဖြည့်စွက်ထားသော လျှောက်လွှာ

- ကျောင်းသား၊ မိသားစုနှင့် နေအိမ် ပါဝင်သည့် ဓာတ်ပုံ တစ်ပုံ

- ရပ်ကွက်/ကျေးရွာ ထောက်ခံစာ

- အမှတ်စာရင်း (Monthly Report Card/Record) မိတ္တူ စသည်တို့ တတ်နိုင်သမျှ ပြည့်စုံစွာ ပါဝင်ရမည်။

လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ နောက်ဆုံးထား၍  မောဒူကလားမေး၊ လူမှုဖွံ့ဖြိုးရေး အသင်း ရုံး (သို့မဟုတ်) [email protected], Cc to : [email protected] များသို့ ပေးပို့လျှောက်ထားနိုင်သည်။

လိပ်စာ - မောဒူကလားမေး၊ လူမှုဖွံ့ဖြိုးရေးအသင်း (ကေ့ထျိုးဘိုး ရိုးရာ တံခွန်တိုင်ဝင်း)၊ ကေ့ထျိုးဘိုးလမ်း၊ ရူးဖယ်ခူရပ်ကွက်၊ ဒီးမော့ဆိုမြို့၊ ကယားပြည်နယ်။

ဖုန်း ၀၈၃၄၀၂၂၃၊ ၀၉-၇၆၂၆၈၄၇၃၇၊ ၀၉-၇၈၂၈၄၉၂၉၁

READ - နေ့သင်တန်းကျောင်းသားများ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

source: Basic Education High School Scholarship Myanmar

Local Read 1797 times