Harvard မှာ MBA တက်ရင်း အလုပ်သင်အခွင့်အရေးပါရမယ့် ပညာသင်ဆု

 

လုပ်ငန်းခွင် အသုံးချဘာသာရပ်တစ်ခုဖြစ်တဲ့ Business ပိုင်းကို Master တက်ပြီး အလုပ်သင်အတွေ့အကြုံပါ တစ်ခါတည်းရမယ့် ပညာသင်ဆုအစီအစဉ်ရှိတယ်ဆိုရင် စိတ်ဝင်စားမယ်ထင်ပါတယ်။  ဒီပညာတော်သင်ဆုကိုတော့ Boustany Foundation က ပေးအပ်တာဖြစ်ပြီး Harvard MBA ပရိုဂရမ်အတွက် နှစ်နှစ်မှာ (၁) ကြိမ် ခေါ်ယူလျက်ရှိပါတယ်။

 

ဒီပညာတော်သင်ဆုရဲ့ ထူးခြားချက်က Harvard တက္ကသိုလ်မှာ MBA ပရိုဂရမ်ကို (၂) နှစ် သင်ယူနိုင်ရုံမကပဲ ကျောင်းတက်နေစဥ်ကာလအတွင်း Monaco မှာရှိတဲ့ Boustany Foundation မှာ အလုပ်သင် အတွေ့အကြုံကို (၂) လတာ သင်ယူရရှိမှာပဲ ဖြစ်ပါတယ်။ 


လျှောက်ထားနိုင်သည့်သူများ

- မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်သည်။

- လက်ဘနွန်မျိုးနွယ်ဖွား (Lebanese Descent) များ ဦးစားပေး လျှောက်ထားနိုင်သည်။

- ပညာရေးမှတ်တမ်း ကောင်းမွန်ရမည်။

- ဘွဲ့ရရှိပြီးသူဖြစ်ပြီး GMAT ဖြေဆိုထားရပါမည်။ 

- အင်္ဂလိပ်စာဘာသာစကားကို အထူးကျွမ်းကျင် ပိုင်နိုင်ရမည်။

 

ပညာသင်ဆုက ပေးမယ့် အကျိုးခံစားခွင့်

- ကျူရှင်စရိတ် ၇၅ ရာခိုင်နှုန်း  ထောက်ပံ့ငွေ ရရှိခြင်း 

- Boustany Foundation မှာ အလုပ်သင်ဆင်းနိုင်မယ့် အခွင့်အရေး ရရှိခြင်း

- အလုပ်သင်ကာလအတွင်း နေထိုင်စားသောက်စရိတ်များ အပြည့်အဝ ထောက်ပံ့ခြင်း

 

ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ ?

- ကိုယ်ရေးရာဇဝင် CV Form (လျှောက်ထားသူ၏ လျှောက်လွှာ (CV) တွင် အနာဂတ်မှာ  ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုဖြစ်အောင် ဖော်ဆောင်မယ်လို့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရေးသားထားတဲ့ စာမျိုး ပါရှိရပါမယ်။)

- ဓာတ်ပုံတစ်ပုံ (A Photograph)

- ဘွဲ့လွန်စီမံခန့်ခွဲမှု ဝင်ခွင့်စာမေးပွဲရမှတ် မှတ်တမ်း ( GMAT - Graduate Management Admission Test Score )

- တက္ကသိုလ်မှ ဝင်ခွင့်လက်ခံကြောင်းစာ (Harvard တက္ကသိုလ်မှာ MBA ကို အောက်ပါလင်ခ့်ကနေတဆင့် သတ်မှတ်ထားတဲ့ အထောက်အထားတွေ တင်ပြပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။)

>> https://www.hbs.edu/mba

 

ဘယ်လိုလျှောက်ထားရမလဲ?

ပညာအရည်အချင်းထောက်ခံချက်၊ CV Form၊ ဓာတ်ပုံတစ်ပုံ၊ GMTA ရမှတ်များနဲ့အတူ တက္ကသိုလ်ဝင်ခွင့်လက်ခံစာအား [email protected] မေးလ်သို့ ၂၀၂၅ ခုနှစ်၊ မေလ (၃၁) ရက်နေ့၊ နောက်ဆုံးထား ပေးပို့လျှောက်ထားရပါမယ်။

 

ပထမအဆင့် ရွေးချယ်ခံရသူတွေကို Boustany Foundation ကနေ အင်တာဗျူးခေါ်ဆိုမှာဖြစ်ပြီး နောက်ဆုံးအဆင့် ပညာသင်ဆု ရရှိသွားသူတွေကိုတော့ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ပြန်လည်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။ 

 

အသေးစိတ်ဖတ်ရှုရန် >> https://boustany-foundation

---------------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International Latest Post Read 231 times