Sales Hotline : 09448001653       Download App



Grade 12 ဘောဂဗေဒဘာသာရပ်ကို Facebook Group ဖြင့် သင်ကြားပေးမည်

 

၂၀၂၃- ၂၄ စာသင်နှစ်အတိုင်း အခြေခံဘောဂဗေဒဘာသာရပ် Grade 12 အခန်း (၁) မှ (၈) အစအဆုံးကို Facebook Group မှတစ်ဆင့် မြန်မာနိုင်ငံ ဘောဂဗေဒအသင်း Myanmar Economic Association မှ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

ဘောဂဗေဒပညာရပ် ပြန့်ပွားရေးနှင့် လိုအပ်ချက်များအတွက် အထောက်အကူပြု ဖြည့်ဆည်းနိုင်ရေးကို အဓိကထား၍  ယခုကဲ့သို့ သင်ကြားပေးခြင်း ဖြစ်ပြီး အခြေခံပညာ ဘောဂဗေဒဘာသာရပ် Grade 12 လေ့လာ သင်ကြား/သင်ယူလိုသူ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အသင်းသို့ ဆက်သွယ် တက်ရောက်နိုင်မည် ဖြစ်သည်။

 

အခြေခံဘောဂဗေဒဘာသာရပ် Grade 12 အခန်း (၁) မှ (၈) အစအဆုံးအတွက် သင်တန်းကြေးမှာ မြန်မာငွေ (၃) သောင်းကျပ် ဖြစ်ပြီး Facebook Group Member အဖြစ် ထည့်သွင်း၍ သင်ကြားပေးသွားမည် ဖြစ်ကာ မိမိကွန်ပြူတာထဲတွင် ထားပြီး လေ့လာလိုသူများအတွက်လည်း Memory Stick များကို (၆) သောင်းဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။

 

 

တက်ရောက်လိုသူများအနေဖြင့်  ဒေါ်အေးအေးလှိုင် ၀၉ ၅၀၄၀ ၈၂၃ သို့ ( KPay, Wave Pay, AYA Pay ) အဆင်ပြေရာ တစ်ခုခုဖြင့် ကျသင့်ငွေ ပေးသွင်း၍ Member ဝင်နိုင်ပြီး ငွေလွှဲပြီးပါက ငွေလွှဲ Screenshot နှင့် မိမိ၏ Profile Screenshot တို့ကို Viber နံပါတ် +959 5040 823 သို့ ပေးပို့ပေးရမည် ဖြစ်သည်။

 

Grade 12 ( Ch 1 to 4 ) ဝယ်ထားသူများအနေဖြင့် နောက်ထွက်မည့် Grade 12 (Ch 5 to 8 ) ကို ဆက်လက် တက်ရောက်ပါက မြန်မာငွေ (၂) သောင်းကျပ် ရောင်းချပေးမည် ဖြစ်ကြောင်း အသင်းက ကြေညာထားသည်။

 

ယခု ၂၀၂၃- ၂၄ စာသင်နှစ် Grade 10 နှင့် Grade 11 အခြေခံဘောဂဗေဒဘာသာရပ် တက်ရောက် လေ့လာလိုသူများအတွက်လည်း တစ်နှစ်စာလုံးကို  (၅,၀၀၀) ကျပ်ဖြင့်  Facebook Group သို့ Join ၍ လေ့လာနိုင်ကြောင်း သိရသည်။

 

G10 https://www.facebook.com/groups/grade10economics 

G11 https://www.facebook.com/groups/grade11economics 

Latest Post Local News Government School Read 1184 times