တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေသည့် အစိုးရစက်မှုလက်မှုသိပ္ပံ

**Zawgyi**




Accountancy (222) စာရင်းကိုင်နှင့်ပက်သက်ပြီး သင်တန်း (၂၁၀) ခု ရှာရန်နှိပ်ပါ။
ယခုပညာသင်နှစ်အတွက် ဒီဇင်ဘာလတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) နှစ်ကျောင်းကို နေပြည်တော်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ပြီး ကျိုက်လတ်၊ ရွှေဘို၊ ဝါးခယ်မ GTI သုံးကျောင်းတွင် စက်မှုလယ်ယာနည်းပညာသင်တန်း (Farm Machinery) ဘာသာရပ်တစ်ခုတိုးချဲ့သင်ကြားပေးမည် ဖြစ်ကြောင်းသိရပါတယ်။

Read More:>>> (Mathematics) Sets (5) တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် လေ့ကျင့်ရန်
Credit: The Standard Time Daily


**Unicode**

အစိုးရစက်မှုလက်မှု အထက်တန်းကျောင်း (Government- Technical High School=GTHS)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (Government-Technical Institute (GTI) ကျောင်း (၅) ကျောင်းခန့် လာမည့် ပညာသင်နှစ်တွင် တိုးချဲ့ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာအေးမြင့် ပြောဆိုပါတယ်။


“ နှစ်စဉ် GTI နှင့် THS ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်နေပါတယ်။ ရှေ့နှစ်မှာဆိုရင် GTI နဲ့ THS လေး၊ (၅) ကျောင်းလောက်တိုးချဲ့ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်။ ရှေ့နှစ်ထဲဖွင့်လှစ်ဖို့ ဖြစ်နိုင်တဲ့ဟာက ကျောင်းဆောက်ပေးမယ့် ဝန်ထမ်းအင်အားမလုံလောက်တာမျိုး ရှိတဲ့အခါ ဆရာတို့မှာ အခက်အခဲဖြစ်တဲ့အတွက်ရှေ့နှစ်ဖွင့်လှစ်မှာကတော့ သန်လျင် GTI ဖြစ်ပါတယ်။ ဒဂုံတောင် GTI ဖြစ်ပါတယ်။ ပြီးရင် ချင်းပြည်နယ်မှာ အသစ်ဖွင့်ဖို့ ရှိပါတယ်။ ဆရာ/ဆရာမအင်အားနဲ့ ဝန်ထမ်းအင်အားပြီးစီးတဲ့အခါ ဆရာတို့ရှေ့နှစ်ဆိုရင် ဘယ်ကျောင်းတွေဖွင့်မလဲဆိုတာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ကျောင်းတွေကတော့ တစ်ပြည်လုံးတိုးချဲ့ ဆောက်လုပ်နေပါတယ်" ဟု၎င်းကဆိုပါတယ်။

Accountancy (222) စာရင်းကိုင်နှင့်ပက်သက်ပြီး သင်တန်း (၂၁၀) ခု ရှာရန်နှိပ်ပါ။
**စက်မှုလယ်ယာ နည်းပညာသင်တန်း**
ယခုပညာသင်နှစ်အတွက် ဒီဇင်ဘာလတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) နှစ်ကျောင်းကို နေပြည်တော်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ပြီး ကျိုက်လတ်၊ ရွှေဘို၊ ဝါးခယ်မ GTI သုံးကျောင်းတွင် စက်မှုလယ်ယာနည်းပညာသင်တန်း (Farm Machinery) ဘာသာရပ်တစ်ခုတိုးချ့ဲသင်ကြားပေးမည် ဖြစ်ကြောင်းသိရပါတယ်။

Read More:>>> (Mathematics) Sets (5) တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် လေ့ကျင့်ရန်
Credit: The Standard Time Daily

Latest Post News Tips Read 1585 times