ဂူဂဲလ်သည် နာနတ်သီးကို စနစ်တကျ မည်သို့ လှီးဖြတ်ရမည် ဆိုသည်ကအစ အကြောင်းအရာ အများအပြားတို့ကို သင်ပြပေးခဲ့ပြီး ဖြစ်ပြီး ယခုအခါ ထိုသို့ နေ့စဉ်ကိစ္စများကို ကျော်လွန်၍ သင်ကြားမှု အရာတွင် ပိုမိုအဆင့် မြင့်သည့် သင်ယူမှုနိုင်များကို တရားဝင် ပေးနေပြီဖြစ်ပါသည်။
မကြာသေးမီကဂူဂဲလ်အလုပ်ရှာဖွေရေးအသိအမှတ်ပြုလက်မှတ်အစီအစဉ်ကိုကြေငြာခဲ့ပြီး data analytics (အချက်အလက်ခွဲခြမ်းစိတ်ဖြာမှု)၊ project management (စီမံကိန်းစီမံခန့်ခွဲမှု) နှင့် user experience (UX) design (အသုံးပြုသူအတွေ့အကြုံ (UX) ဒီဇိုင်းများ) စသည့် နည်းပညာနယ်ပယ်များအတွက် သင်တန်းများပေးကာ အသိအမှတ်ပြုအောင်လက်မှတ်များပေးတော့မည် ဖြစ်သည်။
အဆိုပါ သင်တန်းများအားလုံးသည် အဝေးမှ သင်ကြားနိုင်ပြီး အလုပ်လုပ်နေသော ကျောင်းသားများ အတွက် အဆင်ပြေနိုင်ကာ အချိန်ကာလ အားဖြင့် ခြောက်လခန့်သာ ကြာနိုင်ပါသည်။
ထိုအသိအမှတ်ပြု အစီအစဉ်တွင် အဆင်ပြေပြီး လက်တွေ့ကျသည့်အခြေအနေကို ပေးဆောင်သည့်အပြင် တော်လှန်ရေးဆန်သည့်သဘောအနည်းငယ်ပါဝင်နေသည်။
ဂူဂဲလ်သည် ထိုသင်တန်းများကို လေးနှစ်ဘွဲ့၏သင်ရိုးများနှင့် တူညီစေ ပြီး ထိုသင်တန်းမှ ပြီးသော သူများကို ၎င်း၏ ကိုယ်ပိုင် ငှားရမ်းခြင်း အစီအစဉ်ဖြင့် ခေါ်ဆောင်သွားမည်ဟု ယူဆရသည်။ ကုမ္ပဏီ အနေဖြင့် လုပ်သားအင်အားအတွက်ကြိုတင်ပြင်ဆင်ခြင်းဆိုသည်မှာမည်သည်ကိုဆိုလိုပြီး ထိုသို့ ပြင်ဆင်ရာတွင် မည်သည့်အရာများပါဝင်နေသည် ဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး မေးခွန်းထုတ်လျက် ရှိသည်။
လွန်ခဲ့သောဆယ်စုနှစ်အတွင်းအလုပ်အကိုင်ခေါ်ဆိုမှုများသည် ဒစ်ဂျစ်တယ်နှင့်အိုင်တီနယ်ပယ်တွင် တတ်မြောက်မှုများကို အခြေခံကာ လိုအပ်ချက် များကို ဖြည့်သွင်းစေခဲ့ သည်။
သမားရိုးကျအဆင့်မြင့်သောသင်ကြားမှုများမှသင်ခန်းစာများသည် အထက်ပါလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော်လည်း ဂူဂဲလ်သည် မတူညီသော နည်းလမ်းတစ်ခုကို ဖန်တီး လိုသည်။
ကမ္ဘာ့ရေးရာအကြီးတန်းဒုဥက္ကဋ္ဌ Kent Walker မှလည်း ၎င်း၏ ဘလော့တွင် “ကောလိပ်ဒီဂရီများက တစ်ဖက်ကမ်းတွင် ဖြစ်သွားပါပြီ၊ သူတို့ရဲ့ စီးပွားရေး လုံခြုံမှုများအတွက် ကောလိပ်မှဒီပလိုမာဘွဲ့များ မလိုအပ်တော့ဘူး” ဟု ရေးသားထားပါသည်။
၂၀၁၈ ခုနှစ်တွင် ပထမဦးဆုံး Google အိုင်တီလက်မှတ်အစီအစဉ်ကို စတင်ခဲ့ပြီး ထိုအစီအစဉ်သည်အလွန်လူကြိုက်များခဲ့သည်။
ယခု အစီအစဉ်တွင် ပရဟိတသဘောပါသည့် အပိုင်းများလည်း ပါဝင်သည်။ ဂူဂဲလ်သည်ပညာသင်ဆု ၁၀၀၀၀၀ ထောက်ပံ့ရန်ကတိပြုထားသည့်အပြင် ရာနှင့်ချီသောအလုပ်သမားများ၏ကျွမ်းကျင်မှုကိုမြှင့်တင်ရန်အတွက်အလုပ်သင်အစီအစဉ်များလည်း ဖန်တီးပေးမည်ဖြစ်သည်။
အသိအမှတ်ပြု လက်မှတ်များကို အထက်တန်းကျောင်းများနှင့်ရပ်ရွာကောလိပ်များမှ ပူးပေါင်းဆောင်ရွက်ထားသည့် မိတ်ဖက်များမှတစ်ဆင့်ရရှိနိုင်ပါသည်။
အချို့သောလူများမှာ ထိုအစီအစဉ်သည် အဆင့်မြင့်ပညာရေး အတွက် ကောင်းမွန်သောတိုးတက်မှုဖြစ်သည့် အပြင် ကျောင်းသားများအနေဖြင့် ကျောင်းစရိတ်များ ကြွေးတင်ခြင်း နှင့် တက္ကသိုလ်စနစ်သို့ ၀င်ရောက်ရန် အခက်အဃခဲများမှ လျှော့ချနိုင်မည်ဟု ထင်ကြေးပေးနေကြသည်။
By Myanmar Education Guide - EDGE
Ref: My Modern Met