Sales Hotline : 09448001653       Download App



ရွှေမင်းသားဖောင်ဒေးရှင်းမှ မသန်စွမ်းသူများအတွက် မုန့်ဖုတ်နည်းသင်တန်း ဖွင့်ပြီ

မြန်မာနိုင်ငံရှိ မသန်သော်လည်းစွမ်းသည့် လူငယ်များ၏ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခွင့်အလမ်းများပိုမို များပြားလာစေရန်၊ မိသားစုကို တစ်ဖက်တစ်လမ်းမှ ပြန်လည် ထောက်ပံ့နိုင်ရန် နှင့် ဝင်ငွေများ ပိုမိုပိုင်ဆိုင်နိုင်ရန်ရည်ရွယ်၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ Professional Bakery Training မုန့်ဖုတ်နည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

အဆိုပါ Professional Bakery Training မုန့်ဖုတ်နည်း သင်တန်း (၂/၂၀၂၀) အပတ်စဉ် နှစ် ကို လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အတူ KODDI ၏ ရန်ပုံငွေဖြင့်ကူညီထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ရန်ကုန်မြို့ သုဝဏ္ဏကြီးပွားရေးရပ်ကွက်ရှိ Golden Hope Training Centre တွင် စက်တင်ဘာ ၃ရက်မှ စတင်ကာ သင်ကြားပို့ချနေပြီ ဖြစ်ပါသည်။

ရန်ကုန်မြို့တွင်းမှ လာသော သင်တန်းသူ/သင်တန်းသားများအတွက် ခရီးစရိတ်ထောက်ပံ့ပေးထားပြီး နယ်မှလာသောသူများ အတွက် နေရာထိုင်ခင်းစီစဉ်ပေးပြီး နေ့စဉ်စားစရိတ်များထောက်ပံ့ပေးထားသည်။

၂၀၁၉အတွင်းမှတော့ Coffee and Bakery Training မုန့်ဖုတ်နည်းနှင့် ကော်ဖီဖျော်စပ်နည်းများကို သင်ကြားပေးခဲ့သည်မှာ ငါးကြိမ်ရှိပြီး စုစုပေါင်း သင်တန်းသူ/ သင်တန်းသား ၆၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ယခုနှစ်တွင်လည်း အဆိုပါ သင်တန်းများကို ဆက်လက်သင်ကြားပေးမည် ဖြစ်ပြီး ထူးချွန်သူများကို ဟိုတယ်များ၊မုန့်နှင့် ကော်ဖီဆိုင်များနှင့် အလုပ်အကိုင် ချိတ်ဆက်ရှာဖွေပေးမည်ဟု လည်းသိရသည်။

လက်ရှိ Professional Bakery Training မုန့်ဖုတ်နည်း သင်တန်းတွင် သင်တန်းသူ ကိုးဦး တက်ရောက်သင်ကြားနေပြီး သင်တန်းကာလ စုစုပေါင်း သုံးလတွင် စာတွေလက်တွေ့ တစ်လနှင့် အလုပ်သင် နှစ်လပါဝင်မည်ဖြစ်သည်။

မကြာမီ ထပ်မံဖွင့်လှစ်မည့် Professional Bakery Training မုန့်ဖုတ်နည်း သင်တန်း (၃/၂၀၂၀) အတွက် သင်တန်းသားများ ထပ်မံစီစစ် ခေါ်ယူမည်ဖြစ်ကြောင်းသိရပါသည်။

By Myanmar Education Guide- EDGE

Ref: The Mirror Daily

Latest Post News Read 805 times