Sales Hotline : 09448001653       Download App



ဘာသာရပ် (၁၀) မျိုး သင်ကြားပေးမည့် ရွှေပညာဒါန (အခမဲ့) သင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အခမဲ့တက်ရောက်နိုင်သည့် ရွှေသင်တန်း အမှတ်စဉ် (၁၃) အား မေလ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါ၍ သင်တန်းတက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာပုံစံကို အခမဲ့ထုတ်ယူပြီး လျှောက်ထားနိုင်ကြောင်း သိရပါသည်။ 

 

သင်တန်းသားဦးရေ ကန့်သတ်ချက်ရှိသည့်အတွက် အဆိုပါသင်တန်းအား စိတ်ပါဝင်စားသူများသည် ဧပြီလ (၂၃) ရက်နေ့၊ နံနက် (၉) နာရီတွင် အမှတ် (၄၂/၅၀)၊ ပထမထပ်၊ ရွှေဘုံသာအောက်လမ်း၊ ပန်းပဲတန်းမြို့နယ်သို့ သွားရောက်၍ ဓာတ်ပုံ (၃) ပုံနှင့်တကွ လူကိုယ်တိုင်လျှောက်ထားရပါမည်။  

 

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်သည် မေလ (၂) ရက်နေ့မှ (၁၁) ရက်နေ့အထိ ၁၀ ရက်တာ ကာလဖြစ်ပြီး သင်ကြားမည့်အချိန်မှာ နံနက် (၈) နာရီမှ (၁၀) နာရီအထိ ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရမည့်နေရာသည်  အမှတ် (၄၂/၅၀)၊ ပထမထပ်၊ ရွှေဘုံသာအောက်လမ်း၊ ပန်းပဲတန်းမြို့နယ်တွင် ဖြစ်ပါသည်။ 

 

သင်တန်းတက်ရောက်ခွင့်ရရှိသူများအနေဖြင့် အောက်ပါဘာသာရပ် (၁၀) မျိုးကို အခမဲ့ သင်ယူခွင့်ရရှိမှာဖြစ်ပါသည်။ 

  • ငွေကြေးခဝါချ အသိပညာပေးခြင်း (နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ ခွဲအထိ)
  • ရွှေတူးဖော်ခြင်း
  • ရွှေသန့်စင်ခြင်း နှင့် မီးလင်းရွှေဈေးကွက်ရောင်းဝယ်ခြင်း
  • ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း
  • ရွှေပန်းထိမ်
  • ရွှေဒင်္ဂါး/ငွေဒင်္ဂါး
  • ရွှေအပေါင်ခံခြင်း
  • ကျောက်မျက်ပညာ
  • အသုံးချရွှေသင်္ချာ
  • ရွှေဆိုင်ဖွင့်လှစ်ခြင်း

 

သင်တန်းနှင့်သက်ဆိုင်ရာ အကြောင်းတစ်စုံတစ်ရာ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၄၅၀၀၄၉၂၈၂၊ ၀၉-၂၅၁၉၉၂၇၂၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။


Source - ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း 

 

Latest Post Local News Vocational Read 816 times