Go Digital ASEAN စီမံကိန်း၏ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုသင်တန်း

Digital Literacy Training (ဒစ်ဂျစ်တယ်ကျွမ်းကျင် မှုသင်တန်း) သည် Go Digital ASEAN စီမံကိန်း၏ ကျွမ်းကျင်မှုဖြင့်စီးပွားရေးအခွင့်အလမ်းသစ်များကို ဖန်တီးပေးမည့် သင်တန်းတစ်ခုဖြစ်ပါတယ်လို့သိရသည်။

စီမံကိန်းသည် ASEAN (၁၀) နိုင်ငံဖြစ်သည့်ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊
မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နာမ် တို့မှ စွန့်ဦးတည်ထွင်သူများ၊ အလုပ်မရရှိသေးသည့် လူငယ်များနှင့် အမျိုးသမီးများအပါအဝင် ကျေးလက်ဒေသနှင့် အခွင့်အရေးနည်းပါးသည့် ရပ်ရွာများမှ လူဦးရေ ၂ သိန်း ကိုသင်တန်းပေးသွားမည်ဖြစ်တယ်လို့သိရသည်။ 

ယခုအစီအစဉ်ကို Google ကုမ္ပဏီ၏ ပရဟိတ ဌာနခွဲဖြစ်သော Google.org ၏ပံ့ပိုးမှုဖြင့်အာရှဖောင်ဒေးရှင်းမှ မိမိ၏ဒေသတွင်းရှိ ကွန်ယက်များနှင့် ပူးပေါင်း၍ အလိုအပ်ဆုံးသူများကိုဒစ်ဂျစ်တယ်စွမ်းရည်သင်တန်းများကို တိုက်ရိုက်ပေးသွားမည် ဖြစ်ပါသည်။

အာရှဖောင်ဒေးရှင်း ၏မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA) အနေနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင် မှုသင်တန်းကို အလုပ်အကိုင်ရှာဖွေသူလူငယ် ၂၀၀၀ ကို တာဝန်ယူ သင်ကြားပေးမည်ဖြစ်ပါသည်။

လျှောက်ထားနိုင်သူများ
- ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် တို့မှ အလုပ်အကိုင်ရှာဖွေနေသော လူငယ်များ (အသက် ၁၈ -၂၅ နှစ်) သင်တန်း (၃) ရက် ကိုပြီးဆုံးသည့်အထိတက်ရောက်နိုင်သူ

လျှောက်လွှာပိတ်ရက်
- အောက်တိုဘာလ( ၉) ရက် ၂၀၂၀ ပြည့်နှစ် (သောကြာနေ့) 

လက်ခံမည့်သင်တန်းသားဦးရေ 
- သင်တန်းတစ်ခုလျှင် ၅၀ - ၆၀ 

သင်တန်းစတင်မည့်ရက် 
- သင်တန်းအမှတ်စဉ် (၁)
(၂၁) ရက် အောက်တိုဘာလ၂၀၂၀ ပြည့်နှစ်၊(ဗုဒ္ဓဟူးနေ့) 

သင်တန်းတစ်ခုစီသတ်မှတ်ကာလ
- (၃) ရက်ကြာသင်တန်း (အပတ်စဉ် ဗုဒ္ဓဟူးနေ့ မှ သောကြာနေ့ အထိ)

သင်တန်းချိန်
- နေ့စဉ်နေ့လည် ၁နာရီ မှ ၄နာရီခွဲ ထိ

ဆက်သွယ်ရန်
- ကိုစိုင်းဘုန်းမြတ် (09254803770) [email protected] 
- ကိုဝင်းဇော်လတ် (09450627226) [email protected]

အောက်ပါလင့်မှတစ်ဆင့်လျှောက်ထားနိုင်သည်။

>>>>Click Here<<<<

Latest Post Read 729 times