အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းများအကြောင်း

** Unicode **

** ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဖွင့်လှစ်သော Global English Course
Global English Course သည်ဘွဲ့လွန်ဒီပလိုမာသင်တန်းတစ်ခုဖြစ်သည်။
- Basic Level
- Intermediate Level
- Upper Intermediate
- Advanced Level I
- Advanced Level II အစရှိသည်ဖြင့် Level (5) ခုကိုတက်ရမည်ဖြစ်သည်။

ထို Level (5) ခုလုံးပြီးမှလျှင် Diploma in English ကိုချီးမြှင့်မှာဖြစ်သည်။ သင်တန်းကာလအနေဖြင့် (၁) နှစ်ခွဲမှ (၂) နှစ် ကြာမြင့်မည်ဖြစ်သည်။ Level တစ်ခုချင်းစီတိုင်းအတွက် (၅ သောင်းကျပ်) ပေးဆောင်ရမည်ဖြစ်သည်။ Level ကျော်၍ တက်ရောက်ခြင်းမပြုပါ။

လျှောက်ထားလိုသူအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်သည်။ ကြိုတင်လျှောက်ထားခြင်းပြုလုပ်၍ မရနိုင်ပါ။

သတ်မှတ်ရက်နှင့်အချိန်မှသာ လျှောက်ထားနိုင်မည်ဖြစ်သည်။ လျှောက်ထားရမည့် Link မှာ ncel.edu.mm တွင် Register ပြုလုပ်ရမည်ဖြစ်သည်။

အချက်အလက်အနေဖြင့် အမည်၊ အဖအမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ အီးမေးလ်လိပ်စာ၊ ဘွဲ့အမည်တို့ကို ဖြည့်ရမည်ဖြစ်သည်။ Register ကိုနှိပ်လိုက်ပါက အွန်လိုင်းမှ လျှောက်ရမည့် ပုံစံပေါ်လာမည်ဖြစ်သည်။ WD, WE1, WE2 (၃) ခုတွင် ရွေးချယ်ရမည့် Button မှတစ်ဆင့် ရွေးချယ်လျှောက်ထားနိုင်ပါသည်။

ရွေးချယ်ပြီးပါက ကျောင်းအပ်ရာတွင်ပြောင်းခွင့်မရှိပါ။ 

Photography (14) ဓာတ်ပုံပညာ သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။

လိုအပ်ချက်များမှာ ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ၊ မှတ်ပုံတင်၊ ဓာတ်ပုံ (၄) ပုံဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက ဝန်းထမ်းကတ်မူရင်း နှင့်မိတ္တူ၊ သက်ဆိုင်ရာ ကျောင်း၊ ရုံး၊ ဌာနမှ တာဝန်ခံအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုစာတို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်မှာ တက်ရောက်ရမည်ဖြစ်သည်။

** Seameo Chat
အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာနမှ CHAT Communication in English Language Course ကိုဖွင့်လှစ်ခြင်းဖြစ်သည်။

အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ မည်သူမဆို လျှောက်ထားနိုင်သည်။ လျှောက်လွှာများကို အွန်လိုင်းမှလျှောက်ထားရမည်ဖြစ်ပြီး အွန်လိုင်းလျှောက်လွှာမှာပါဝင်ပါက ဝင်ခွင့်စာမေးပွဲကို ထပ်မံဖြေဆိုရမည်ဖြစ်သည်။

လျှောက်ထားရတွင် SEAMEO CHAT Facebook မှတစ်ဆင့် သင်တန်းဝင်ခွင့်ပုံစံကို Download ရယူ၍ ပုံစံတွင် ဖော်ပြထားသော Email Address ကိုပူးတွဲပေးပို့ရမည်ဖြစ်သည်။
- Basic I
- Basic II
- Intermediate I
- Intermediate II
- Advance I
- Advance II အစရှိသည်ဖြင့် Level (6) ခုတက်ရမည်ဖြစ်သည်။

Read More:>>>>  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အချိန်မီမရောက်နိုင်သော ကျောင်းသားများကို ကူညီပို့ဆောင်မည်

ဝင်ခွင့်စာမေးပွဲဖြေဆိုသည့်အခါ မှတ်ပုံတင်မူရင်း (လျှောက်ထားဆဲဆိုပါက လျှောက်ထားဆဲဖြစ်ကြောင်းရပ်ကွက်ထောက်ခံစာယူလာရန်)၊ ဆယ်တန်းအောင်လက်မှတ် (သို့) ဘွဲ့လက်မှတ်မူရင်းနှင့် စာမေးပွဲကြေး (၁၀၀၀) ကျပ်တို့လိုအပ်သည်။

သင်တန်းကို ဆီမီယိုဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာန ပြည်လမ်း၊ ရန်ကုန်မြို့တွင်တက်ရောက်ရမည်ဖြစ်သည်။

(www.edge.com.mm)

 

** Zawgyi **

- Basic Level
- Intermediate Level
- Upper Intermediate
- Advanced Level I






Photography (14) ဓာတ်ပုံပညာ သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။


** Seameo Chat


- Basic I
- Basic II
- Intermediate I
- Intermediate II
- Advance I

Read More:>>>  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အချိန်မီမရောက်နိုင်သော ကျောင်းသားများကို ကူညီပို့ဆောင်မည်



(www.edge.com.mm)

 

Latest Post Read 3522 times