Study Abroad အိမ်မက်ရှိတဲ့ ကျောင်းသားတိုင်း အခမဲ့ တက်ရောက်နိုင်တဲ့ ပညာရေးပြပွဲကြီး

 

Expert Education and Visa Services Myanmar (EEVS Myanmar) ကနေ ဦးစီးပြီး နိုင်ငံတကာပညာရေးလမ်းကြောင်းကို လျှောက်လှမ်းလိုတဲ့ မြန်မာကျောင်းသားတွေအတွက် အခမဲ့ နိုင်ငံတကာပညာရေးပြပွဲကြီးတစ်ခုကို ကျင်းပပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကနေ တက္ကသိုလ်ဝင်တန်း၊ O Level ၊ A Level ၊ OSSD ၊ IB ၊ GED ၊ HND ၊ ABE ပြီးထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကမ္ဘာ့ထိပ်တန်းနိုင်ငံပေါင်း (၁၆) နိုင်ငံမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ သိသင့်တဲ့ ဗဟုသုတကောင်းတွေအပြင် အကျိုးရှိစေမယ့် ပညာရေးအခွင့်အလမ်းတွေကို မျှဝေပေးသွားမယ့် ပညာရေးပြပွဲတစ်ခုပါ။

 

အခုကျင်းပမယ့် နိုင်ငံတကာပညာရေးပြပွဲကြီးကတော့ Global Education Horizons: 2025 International Fair ဖြစ်ပြီး ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာ ဖေဖော်ဝါရီလ (၉) ရက်နေ့၊ နေ့လယ် (၂) နာရီကနေ ညနေ (၅) နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

 

ပွဲမှာ နိုင်ငံအသီးသီးက University တွေရဲ့ Representative တွေ၊ EEVS Myanmar ရဲ့ Counselor တွေနဲ့ တစ်နေရာတည်း တစ်ချိန်တည်းမှာ တွေ့နိုင်မှာဖြစ်ပြီးတော့ Study Abroad နဲ့ပတ်သက်ပြီး ကိုယ်သိချင်သမျှကိုလည်း စိတ်တိုင်းကျ မေးမြန်းဆွေးနွေးနိုင်မှာပဲ ဖြစ်ပါတယ်။

 

ရွေးချယ်နိုင်တဲ့ နိုင်ငံ (၁၆) နိုင်ငံ

  • Australia
  • UK
  • USA
  • Canada
  • New Zealand
  • Singapore
  • Thailand
  • Indonesia
  • Germany
  • Vietnam
  • Malaysia
  • Dubai ( UAE )
  • Grenada
  • Ireland
  • Switzerland
  • Netherland

 

ဘယ်လိုလူတွေ တက်ရောက်သင့်လဲ?

  • နိုင်ငံခြားပညာရေးအကြောင်း စိတ်ဝင်စားသူတွေ၊
  • နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်ရောက်ဖို့ စဉ်းစားနေတဲ့သူတွေ၊
  • မိမိသားသမီးတွေကို နိုင်ငံခြားမှာ ပညာသင်စေဖို့ ရည်ရွယ်ထားတဲ့ မိဘတွေ၊
  • နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့အတွက် လိုအပ်တာတွေကို အသေးစိတ် တိုင်ပင်ဆွေးနွေးလိုသူတွေ၊
  • Visa အကြောင်း၊ Scholarship အကြောင်း၊ Work Opportunities တွေအကြောင်းနဲ့ နိုင်ငံအသီးသီးက ကျောင်းတွေရဲ့ အကြောင်းအရာအသေးစိတ်ကို သိရှိလိုသူတွေအပြင်
  • မိသားစုအလိုက် ပြောင်းရွေ့လို့ရပြီး PR လျှောက်ရလွယ်တဲ့ နိုင်ငံအကြောင်းအသေးစိတ်ကို သိရှိလိုသူတွေ၊
  • ကိုယ့်ရဲ့ လက်ရှိပညာရေးလမ်းကြောင်းကို ပိုမို အဆင့်မြှင့်တင်လိုသူတွေအားလုံး တက်ရောက် ဆွေးနွေးသင့်ပါတယ်။

 

ဒီနိုင်ငံတကာပညာရေးပြပွဲကြီးကို တက်ရောက်နိုင်ဖို့အတွက် အောက်ကလင့်ခ်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းဖို့ လိုပါတယ်။

> https://docs.google.com/forms

 

ပွဲစဉ်အသေးစိတ်

ပွဲနာမည် - Global Education Horizons: 2025 International Fair (Explore, Learn, Succeed)

ပွဲနေရာ - Pan - Pacific Yangon (Pacific Ballroom) , Corner of Bogyoke Aung San Road and Shwe Dagon Pagoda Road , Yangon

ပွဲရက် - February 9th, 2025 (Sunday)

ပွဲအချိန် - 2:00 PM to 5:00 PM

 

Events & Exhibitions Latest Post Read 111 times