၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ မည်သူမဆို လျှောက်ထားနိုင်သည့် ပညာသင်ဆု

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ မည်သူမဆို လျှောက်ထားနိုင်သည့် ပညာသင်ဆု

၁။ ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် (၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်) ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးဆု (တစ်လ ၃၀၀၀၀ ကျပ်ဖြင့် ၁၀ လ) ကို စိစစ်ရွေးချယ် ချီးမြှင့်မည် ဖြစ်ပါသည်။

READ - ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် မည်သည့်ကျောင်းသား၊ ကျောင်းသူမဆို ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

၂။ ထိုပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်တွင် ပါရှိသော ပူးတွဲပါ ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာပုံစံများကို ၃၁-၃-၂၀၁၈ ရက်နေ့ နောက်ဆုံးထား၍ မိမိနေထိုင်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ လျှောက်ထားနိုင်ကြောင်း မိမိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ရှိ ကြော်ငြာသင်ပုန်းများတွင် သိသာ ထင်ရှားစွာ ကပ်ထား၍ အသိပေးကြေညာရန်နှင့် လိုအပ်ပါက ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာ ပုံစံကို အခမဲ့ထုတ်ပေးရန် အကြောင်းကြားပါသည်။

လျှောက်ထားလိုသူများသည် သက်ဆိုင်ရာကျောင်းမှ လျှောက်လွှာများ ရယူနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Local Read 1987 times