ဂျာမနီနိုင်ငံက ပေးအပ်သည့် ပညာသင်ဆု

** Unicode **

ဂျာမနီနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းတက်ရောက်မည့် နိုင်ငံတကာကျောင်းသား/သူများအား DAAD (ဂျာမနီပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)က ပညာသင်ဆုပေးအပ်မည်ဟု ကြေညာထားပါတယ်။

စီးပွားသိပ္ပံ၊ စီးပွားစီမံ၊ နိုင်ငံရေးဆက်နွှယ်စီးပွားရေး၊ အင်ဂျင်နီယာနှင့် ဆက်စပ်ဘာာရပ်များ၊ သင်္ချာ၊ ကျေးလက်မြို့ပြစီမံခန့်ခွဲရေး၊ စိုက်ပျိုးရေးနှင့် သစ်တောသိပ္ပံ၊ ဆေးပညာနှင့် လူထုကျန်းမာရေး၊ လူမှုရေးသိပ္ပံ၊ ပညာရေး၊ ဥပဒေစသည့် ဘာသာရပ်များအတွက် မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်လိုပါက ပညာသင်ဆုလျှောက်ထားနိုင်မည်ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံရှိမည်သည့်တက္ကသိုလ်တွင်မဆိုတက်ရောက်နိုင်ပြီးတက်ရောက်မည့် ဘာသာရပ်နှင့် တက္ကသိုလ်ရွေးချယ်လျှောက်ထားကာ ထိုတက္ကသိုလ်က ဝင်ခွင့်ပြုမှသာ DAAD ပညာသင်ဆုကို သီးခြားလျှောက်ထားရမည်ဖြစ်ပါတယ်။

လျှောက်ထားမည်သူများသည် နည်းပညာနှင့် သိပ္ပံပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် အနိမ့်ဆုံးဘွဲ့ ဒီဂရီတစ်ခုရရှိထားရပါမည်။

ပထမဘွဲ့ရရှိချိန်သည် ပညာသင်ဆုလျှောက်ထားချိန်နှင့် (၆) နှစ်ထက်ပို၍ ကွာဟမနေရ။ တက်ရောက်ခွင့်ရမည့်တက္ကသိုလ်၏ ဘာသာစကားလိုအပ်ချက် ပြည့်မီသူဖြစ်ရမည်ဖြစ်ပြီး ဂျာမန်ဘာသာစကားပြောဆိုနိုင်သူကို ဦးစားပေးမည်ဖြစ်ပါတယ်။

ပညာသင်ဆု ရရှိပါက တစ်လလျှင် မဟာဘွဲ့သင်တန်းအတွက် ယူရို (၇၅၀)၊ ပါရဂူဘွဲ့သင်တန်းအတွက် ယူရို (၁၀၀၀) ထောက်ပံ့မည့်အပြင် အာမခံကြေး၊ ခရီးသွားလာစရိတ်များပါ ထုတ်ပေးမည်ဖြစ်ပါတယ်။

ပညာသင်ကာလတစ်နှစ်မှ သုံးနှစ်အတွက် ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ပြီး ထပ်မံရယူလိုပါက ကျောင်းသား၏ ပညာရေးတိုးတက်မှု မှတ်တမ်းအပေါ် မူတည်ကာ ပညာသင်ဆုကာလ ထပ်တိုးသင့်/မတိုးသင့် ဆုံးဖြတ်မည်ဖြစ်ပါတယ်။

ပညာသင်ဆုကို https://www.daad.de/deutschland/stipendium/en/ သို့ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Credit: 7Day News
 

** Zawgyi **

ဂ်ာမနီႏိုင္ငံရွိ တကၠသုိလ္မ်ားတြင္ ဘြဲ႔လြန္သင္တန္းတက္ေရာက္မည့္ ႏိုင္ငံတကာေက်ာင္းသား/သူမ်ားအား DAAD (ဂ်ာမနီပညာေရးဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔)က ပညာသင္ဆုေပးအပ္မည္ဟု ေၾကညာထားပါတယ္။

စီးပြားသိပၸံ၊ စီးပြားစီမံ၊ ႏိုင္ငံေရးဆက္ႏႊယ္စီးပြားေရး၊ အင္ဂ်င္နီယာႏွင့္ ဆက္စပ္ဘာာရပ္မ်ား၊ သခ်ၤာ၊ ေက်းလက္ၿမိဳ႕ျပစီမံခန္႔ခြဲေရး၊ စိုက္ပ်ိဳးေရးႏွင့္ သစ္ေတာသိပၸံ၊ ေဆးပညာႏွင့္ လူထုက်န္းမာေရး၊ လူမႈေရးသိပၸံ၊ ပညာေရး၊ ဥပေဒစသည့္ ဘာသာရပ္မ်ားအတြက္ မဟာဘြဲ႔၊ ပါရဂူဘြဲ႔တက္ေရာက္လိုပါက ပညာသင္ဆုေလ်ွာက္ထားႏိုင္မည္ျဖစ္ပါတယ္။

ဂ်ာမနီႏိုင္ငံရွိမည္သည့္တကၠသုိလ္တြင္မဆိုတက္ေရာက္ႏိုင္ၿပီးတက္ေရာက္မည့္ ဘာသာရပ္ႏွင့္ တကၠသုိလ္ေရြးခ်ယ္ေလ်ွာက္ထားကာ ထိုတကၠသုိလ္က ဝင္ခြင့္ျပဳမွသာ DAAD ပညာသင္ဆုကို သီးျခားေလ်ွာက္ထားရမည္ျဖစ္ပါတယ္။

ေလ်ွာက္ထားမည္သူမ်ားသည္ နည္းပညာႏွင့္ သိပၸံပညာရပ္ဆိုင္ရာ နယ္ပယ္မ်ားတြင္ အနိမ့္ဆံုးဘြဲ႔ ဒီဂရီတစ္ခုရရွိထားရပါမည္။

ပထမဘြဲ႔ရရွိခ်ိန္သည္ ပညာသင္ဆုေလ်ွာက္ထားခ်ိန္ႏွင့္ (၆) ႏွစ္ထက္ပို၍ ကြာဟမေနရ။ တက္ေရာက္ခြင့္ရမည့္တကၠသိုလ္၏ ဘာသာစကားလိုအပ္ခ်က္ ျပည့္မီသူျဖစ္ရမည္ျဖစ္ၿပီး ဂ်ာမန္ဘာသာစကားေျပာဆိုႏိုင္သူကို ဦးစားေပးမည္ျဖစ္ပါတယ္။

ပညာသင္ဆု ရရွိပါက တစ္လလ်ွင္ မဟာဘြဲ႔သင္တန္းအတြက္ ယူရို (၇၅၀)၊ ပါရဂူဘြဲ႔သင္တန္းအတြက္ ယူရို (၁၀၀၀) ေထာက္ပံ့မည့္အျပင္ အာမခံေၾကး၊ ခရီးသြားလာစရိတ္မ်ားပါ ထုတ္ေပးမည္ျဖစ္ပါတယ္။

ပညာသင္ကာလတစ္ႏွစ္မွ သံုးႏွစ္အတြက္ ပညာသင္ေထာက္ပံ့ေၾကးေလ်ွာက္ထားႏိုင္ၿပီး ထပ္မံရယူလိုပါက ေက်ာင္းသား၏ ပညာေရးတိုးတက္မႈ မွတ္တမ္းအေပၚ မူတည္ကာ ပညာသင္ဆုကာလ ထပ္တုိးသင့္/မတိုးသင့္ ဆံုးျဖတ္မည္ျဖစ္ပါတယ္။

ပညာသင္ဆုကို https://www.daad.de/deutschland/stipendium/en/ သို႔ဝင္ေရာက္ေလ်ွာက္ထားႏိုင္ပါတယ္။

Credit: 7Day News
 

Latest Post International Read 1123 times