G-12 အမှတ် (၄၀၀) ကျော်ရင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကို လျှောက်ထားနိုင်ပြီ

 

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) (၅) နှစ်သင်တန်းနှင့် မွေးမြူရေးဘွဲ့ (BASc) (၄) နှစ်သင်တန်းသို့ တက်ရောက်ပညာသင်ကြားရန် ပထမနှစ်သင်တန်းသားများ ခေါ်ယူလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ လျှောက်ထားနိုင်သည်။ 

 

တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၁၀) မှတ်နှင့် အထက်ရရှိသူ အမျိုးသားဦးရေ (၅၀) ဦးနှင့် အမျိုးသမီးဦးရေ (၅၀) ဦး စုစုပေါင်း (၁၀၀) ဦး လက်ခံမည်ဖြစ်ပြီး မွေးမြူရေးပညာဘွဲ့ (BASc) သင်တန်းအတွက်ကိုမူ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၃၃၀) မှတ်နှင့် အထက်ရှိသူ အမျိုးသားဦးရေ (၇၅) ဦးနှင့် အမျိုးသမီးဦးရေ (၇၅) ဦး စုစုပေါင်း (၁၅၀) ဦး လက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

Related Article : G-12 အောင်ထားသူတွေ လက်ရှိလျှောက်ထားနိုင်တဲ့ တက္ကသိုလ်များ

>> https://www.edge.com.mm/article/myanmar-universities

 

ဝင်ခွင့်လျှောက်ထားသူသည် -

- တက္ကသိုလ်ဝင်ခွင့် လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသား ဖြစ်ရမည်။

- တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

- ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အသက် ၂၀ ထက်မကြီးသူ ဖြစ်ရမည်။

- တက္ကသိုလ်မှ ချမှတ်သော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

 

လျှောက်လွှာနှင့်တကွ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ -

- တက္ကသိုလ်၀င် စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

- တက္ကသိုလ်ဝင်အမှတ်စာရင်း (မိတ္တူ)(ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

- အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်း (သို့) ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ၏ ထောက်ခံချက်  (မူရင်း)

- လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစီစစ်ရေးကတ် (မိတ္တူ)

- လိုင်စင်ဓာတ်ပုံ (၄) ပုံ 

 

ဝင်ခွင့်လျှောက်လွှာပုံစံမှာ အောက်ဖော်ပြပါပုံစံအတိုင်းဖြစ်ပြီး A4 Size စာရွက်ဖြင့် စာစီစာရိုက် ပြန်စီ၍ ၂၀.၉.၂၀၂၄ ရက် (သောကြာနေ့) နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။ လျှောက်လွှာနှင့်တကွ တင်ပြရမည့် စာရွက်စာတမ်းများကို ကိုယ်တိုင် / ကိုယ်စား (သို့မဟုတ်) သင်တန်းရေးရာဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ [email protected] သို့ ပေးပို့လျှောက်ထားရပါမည်။ 

 

 

အကယ်၍ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန်လိုအပ်မည်ဖြစ်သည်။ 

 

အသေးစိတ်သိရှိလိုပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် သင်တန်းရေးရာဌာန ဖုန်းနံပါတ် - ၀၆၇-၃၄၁၆၆၅၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ website ဖြစ်သော www.uvs.edu.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။   

-----------------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News University / College Read 636 times