မြန်မာကျောင်းသားများ စင်ကာပူနိုင်ငံရှိ Furen International School တွင် ပညာသင်ဆု လျှောက်ထားနိုင်

မြန်မာကျောင်းသားများ စင်ကာပူနိုင်ငံရှိ Furen International School တွင် ပညာသင်ဆု လျှောက်ထားနိုင်

ကျောင်းသူ၊ ကျောင်းသားများ၏ အရည်အချင်းပေါ်မူတည်၍ FIS Foundation မှ ချီးမြှင့်သော ပညာသင်ဆုကို ရရှိမည်ဖြစ်သည်။

Singapore-Cambridge GCE – A level (18 months Intensive Course) အတွက် full Scholar (နှစ်ဦး)၊ Singapore-Cambridge GCE-A level (18 months Intensive Course) Course Scholar (၅ ဦး)၊ Singapore Cambridge GCE-O level (18 months Intensive Course) Course Scholar (၅ ဦး) ခေါ်ယူမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Singapore Cambridge GCE-A level Fully Scholarship ကိုလျှောက်ထားရန် လိုအပ်ချက်များ

IGCSE သို့မဟုတ် တက္ကသိုလ်ဝင်တန်းတွင် အနည်းဆုံး ဂုဏ်ထူး ၃ ဘာသာနှင့်အထက် အောင်မြင်ထားသူ လျှောက်ထားနိုင်ပါသည်။

GCE-A level Course Scholarship ကိုလျှောက်ထားရန် လိုအပ်ချက်များ

IGCSE သို့မဟုတ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများဖြစ်ရမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် အသက် ၁၇ နှစ်ပြည့်သူ သို့မဟုတ် အသက် ၁၇ နှစ်ပြည့်ပြီးသူဖြစ်ရမည်။

GCE-O level Course Scholarship ကိုလျှောက်ထားရန် လိုအပ်ချက်များ

Secondary 2/3 သို့မဟုတ် ၉ တန်း အောင်မြင်ထားသူဖြစ်ရမည်။ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်တွင် အသက် ၁၅ နှစ်ပြည့်သူ သို့မဟုတ် ၁၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။

လျှောက်ထားသူများအနေဖြင့် မိမိ၏ ၆ လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံတစ်ပုံ၊ အောင် လက်မှတ်များ (မိတ္တူ)၊ စာလုံးပေါင်း ၅၀၀ ထက်မနည်းသော မိမိလက်ရေး မူရင်းဖြင့်ရေးသားသော Personal Essay တစ်စောင်၊ ၂၀၁၇၊ ဇူလိုင်လ ၁ ရက်တွင် ကျောင်းစတက်နိုင်သောသူဖြစ်ရမည်ဖြစ်သည်။

Furen International School ဆိုသည်မှာ အဆင့်မြင့်စင်ကာပူပညာရေးကို အဓိကသင်ကြားပေးပြီး အစိုးရကျောင်းများ၏ စာမေးပွဲများကို ရမှတ်ကောင်းများ ရရှိအောင် အထူးပြုသင်ကြားပေးနေသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။

စင်ကာပူအစိုးရ၏ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအသိအမှတ်ပြုဆိုင်ရာ ကော်မတီ Committee for Private Education (CPE) လက်အောက်ရှိ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း အသိအမှတ်ပြု Private Education Institution (PEI) လက်မှတ်ရရှိထားသော စင်ကာပူအစိုးရ အသိအမှတ်ပြုကျောင်းဖြစ်သည်။

Furen International School တွင် Singapore Cambridge GCE-A level, Singapore Cambridge GCE-O level, Cambridge International Examination (CIE -A level), International General Certificate of Secondary Education (IGCSE), Cambridge lower Secondary, International English Language Testing System (IELTS), American College Test (ACT) စသည်တို့ကို အချိန်ပြည့် အထူးပြုသင်ကြား ပေးလျက် ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာသင်ဆု လျှောက်လိုသူများသည် လိုအပ်သောစာရွက်စာတမ်းများကို ၂၀၁၇ ဧပြီလ ၃၀ ရက်နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့ရမည်ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် The Patron Education Center အမှတ် ၁၃၄ ပထမထပ် (၀ဲ) ၊ ၄၆ လမ်း၊ အပေါ်ဘလောက်၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့။

Contact Detail

ဖုန်း ၀၉-၂၆၁၄၄၂၁၀၀၊ ၀၁-၂၉၇၆၄၁

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

International Read 5221 times