Sales Hotline : 09448001653       Download App



 ဗြိတိန်ရှိ ဆင်းရဲသော ဒေသများရှိ ကျောင်းများအတွက် ထောက်ပံ့ငွေများ နည်းပါးလျက်ရှိ 

လွန်ခဲ့သော ၁၀ နှစ်ကတည်းမှ ဆင်းရဲသော ဒေသရှိ ကျောင်းများတွင် ကျောင်းတက်ရန်ခက်ခဲသော ကျောင်းသားများအတွက် အသုံးစရိတ်များကို လျောချနေခဲ့ပြီး ဖြစ်သည်ဟု Institute for Fiscal Studies မှ ပြောကြားခဲ့သည်။

ထို့အပြင်ဆင်းရဲသောဒေသများရှိကျောင်းများသည် ၂၀၂၂-၂၃ အထိကျောင်းများ မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ ၉ ဘီလီယံအထိ သတ်မှတ်ထားသော ရန်ပုံငွေသည် ထိရောက်စွာ ကူညီထောက်ပံ့မှုလျော့ကျနေမည်ဟု သုံးသပ်ထားသည်။ 

အဆိုပါ အသုံးစရိတ် ရန်ပုံငွေကို ဗြိတိန်အစိုးရအနေဖြင့်ပညာရေးအခွင့်အလမ်းများကိုမြှင့်တင်ရန်အတွက် ကတိကဝတ်ပြုထားခြင်း ဖြစ်သည်။

ဤဆန်းစစ်ချက်အရဆင်းရဲနွမ်းပါးသောဒေသများရှိကျောင်းများသည် ပိုမိုကြွယ်ဝသောဒေသများရှိကျောင်းများထက် အစိုးရ၏ပညာရေးအသုံးစရိတ်အစီအစဉ်များကို နည်းပါးစွာရရှိနေပြီး ထိုသို့ ဖြစ်ရခြင်းကြောင့် ပိတ်ဆို့ထားရသည့် ကာလအတွက် ကျောင်းသားများ ပညာရေး နှောင့်‌နှေးခဲ့ရသည်ကို အလျဉ်မီစေရန် ဆောင်ရွက်ရန် အခြေအနေ ပိုမိုဆိုးဝါးသွားစေသည်ဟု ဖော်ပြထားသည်။ 

ပိတ်ဆို့ခြင်းခံရချိန်များတွင် ဆင်းရဲသော ဒေသများမှ ကျောင်းသားများသည် အွန်လိုင်းမှ တစ်ဆင့် လေ့လာနိုင်ရန် သို့မဟုတ် စာသင်ကြားလေ့လာရန် သီးသန့်နေရာ မရနိုင်မှုများ ရှိနေခြင်းကြောင့် နောင်တွင် ပညာရေးဆိုင်ရာ မညီမျှမှုများ တိုးလာမည်ဟု Institute for Fiscal Studies(IFS) မှ Luke Sibieta က ခန့်မှန်းထားသည်။ 

Covid catch-up funding ကို ကျောင်းများကို တစ်ပြေးညီသာ စဉ်းစားပြီး သုံးစွဲနေသည်။ ဆင်းရဲနွမ်းပါးသဖြင့် လိုအပ်မှု ပိုကြီးမားနေသော ကျောင်းများကို သီးခြား စဉ်းစားပေးခြင်း မရှိချေ။

အသက် ၅ နှစ်မှ ၁၆ နှစ်အရွယ်အထိ ကျောင်းသူကျောင်းသားများကို ပညာသင်ပြပေးမည့် National Tutoring Programme တစ်ခုသာလည်း ဆင်းရဲနွမ်းပါးသည့် နောက်ခံရှိနေသော ကျောင်းသူကျောင်းသသားများကို ပစ်မှတ်ထားရှိသည်ဟု ဆရာဆရာမများက သုံးသပ်ပြထားသည်။

By Myanmar Education Guide - EDGE 

Ref: BBC News 

Latest Post News Read 1364 times