ဖူးလ်ဘရိုက်ပညာသင်ဆုနှင့် ကိုရီးယားအစိုးရပညာသင်ဆုအကြောင်းသိကောင်းစရာ

**Unicode**

ဖူးလ်ဘရိုက်ပညာသင်ဆု


ဘာသာရပ်တစ်ခုခု၏ ပညာရှင် (သို့) သက်မွေးပညာရပ်တစ်ခုခုကျွမ်းကျင်သူ မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် သုတေသနပြုလုပ်နိုင်မည့် အခွင့်အရေးတစ်ရပ်အဖြစ် အမေရိကန်သံရုံးက ပေးအပ်သော ဖူးလ်ဘရိုက် အမေရိကန်-အာဆီယံဧည့်ပညာရှင် ပညာသင်ဆု အစီအစဉ် (Fullbright U.S-ASEAN Visiting Scholar Program) ဖြစ်သည်။

ယခုအစီအစဉ်သည် နယ်ပယ်ကဏ္ဍပေါင်းစုံမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ (သို့) အသက်မွေးဝမ်းကြောင်းဆိုင်ရာကျွမ်းကျင်သူများ အမေရိကန်ပြည်ထောင်စုတွင် သုတေသနပြုလုပ်နိုင်စေမည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အမေရိကန်-အာဆီယံ ဆက်ဆံရေးအပေါ်ကို သက်ရောက်မှုရှိစေသော အရေးကြီးသည့် အကြောင်းအရာများ၊ အာဆီယံအမြင်ရှုထောင့်တစ်ခုကို မိမိတို့နှင့် ပညာရပ်နယ်ပယ်တူသော အမေရိကန်ပညာရှင်များ၊ ကျွမ်းကျင်သူများ၏ ပို့ချချက်များ၊ နှီးနှောဖလှယ်ပွဲများနှင့် ဆွေးနွေးပွဲများမှတစ်ဆင့်ရရှိနိုင်မည်ဖြစ်သည်။

တက္ကသိုလ်ဆရာ၊ ဆရာမများ၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍ (သို့) အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်အားလုံးလျှောက်ထားရန် အမေရိကန်သံရုံးက တိုက်တွန်းထားပါသည်။

သုံးလ (သို့) လေးလခန့်ကြာ အမေရိကန်ပြည်ထောင်စုသို့သွားရောက်ရမည်ဖြစ်ပြီး ကုန်ကျစရိတ်အလုံးစုံကို ပညာသင်ဆုအစီအစဉ်ကကျခံမည်ဖြစ်သည်။

ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ ဘဏ္ဍာရေး၊ အစားအသောက်နည်းပညာ၊ သတင်းအတတ်ပညာ၊ ဥပဒေ၊ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ပြည်သူ့ကျန်းမာရေး၊ စာရင်းအင်း၊ ကုန်သွယ်ရေး၊ ဘာသာဗေဒဆိုင်ရာနယ်ပယ်များတွင် ကျွမ်းကျင်သူများပညာသင်ဆုလျှောက်ထားနိုင်သည်။ 

လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သည့် အသက် (၅၅) နှစ်အောက်မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးဘွဲ့တစ်ခုရရှိထားရမည်ဖြစ်သည်။ အင်္ဂလိပ်စာအရည်အချင်းအတွက် TOEFL ရမှတ် (၅၅၀) ရှိရမည်ဖြစ်ပြီး TOEFL စာမေးပွဲမဖြေရသေးပါက ပညာသင်ဆုလျှောက်လွှာတင်ထားချိန်တွင်ဖြေဆိုနိုင်သည်။ အမေရိကန်နိုင်ငံတွင် ပညာသင်ယူဖူးသူ၊ အလုပ်လုပ်ဖူးသူမဖြစ်ရပေ။

ပညာသင်ဆုလျှောက်လွှာကို (US Embassy) တွင် ရယူလျှောက်ထားရမည်ဖြစ်သည်။ လျှောက်လွှာနှင့်အတူ ပညာသင်ဆုလျှောက်ထားလိုသည့်အကြောင်း Project Statement တစ်စောင်၊ ကိုယ်ရေးအချက်အလက်၊ ပညာရေးအထောက်အထားများ၊ ပညာသင်ဆုပေးအပ်သင့်ကြောင်း မိမိနှင့် နီးစပ်သူ (၃) ဦး၏ ထောက်ခံချက်များပါ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။

ကိုရီးယားအစိုးရပညာသင်ဆု

ထိုင်းနိုင်ငံရှိ Asian Institute of Technology (AIT) တွင် မဟာဘွဲ့သင်တန်းတက်ရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် ကိုရီးယားအစိုးရက ပညာသင်ဆုပေးအပ်ခြင်းဖြစ်ပါသည်။

AIT အောက်ရှိ School of Engineering and Technology (SET)၊ School of Environment, Resources and Development (SERD), School of Management (SOM) တို့တွင် (၂၀၂၀) သြဂုတ်လတွင် စတင်ဖွင့်လှစ်မည့်မဟာဘွဲ့သင်တန်းများအတွက် ပညာသင်ဆုပေးအပ်မည်ဖြစ်ပါသည်။

ထိုပညာသင်ဆုကို မြန်မာနိုင်ငံအပြင် လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ပါကစ်စတန်၊ သီရိလင်္ကာနိုင်ငံများမှ မဟာဘွဲ့တက်ရောက်မည့်သူများအတွက်လည်း လျှောက်ထားခွင့်ပြုထားသည်။

ပညာသင်ဆုလျှောက်ထားမည့်သူများသည် ဘွဲ့ကြို (၄) နှစ်သင်တန်းတက်ရောက်ခဲ့စဉ်တွင် ပညာရေးမှတ်တမ်းကောင်း ရရှိထားရမည်ဖြစ်ပြီး AIT ကစစ်ဆေးမည့် အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲတွင် အမှတ်ကောင်းကောင်းရထားရမည်ဖြစ်ပါသည်။

ပညာသင်ဆုရရှိသူများကို ကျောင်းဝင်ကြေး၊ ကျောင်းလခပံ့ပိုးမည်ဖြစ်ပြီး AIT ကျောင်းဝင်းအတွင်းရှိ တက္ကသိုလ်အဆောင်တွင်လည်း နေထိုင်ခွင့်ရမည်ဖြစ်သည်။ ပညာသင်ဆုသည် AIT တွင် မဟာဘွဲ့သင်တန်းတက်ရောက်မည့် (၂၂) လတာကာလအတွက် အကျုံးဝင်ပါသည်။ 

ပညာသင်ဆုလျှောက်လွှာကို (၂၀၂၀) ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပညာသင်ဆုလျှောက်လွှာကို (Asian Institute of Technology) တွင်ရယူနိုင်ပါသည်။

Source: Internet Journal

 

**Zawgyi**

ဖူးလ္ဘ႐ိုက္ပညာသင္ဆု


ဘာသာရပ္တစ္ခုခု၏ ပညာရွင္ (သို႔) သက္ေမြးပညာရပ္တစ္ခုခုကြၽမ္းက်င္သူ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အေမရိကန္ျပည္ေထာင္စုတြင္ သုေတသနျပဳလုပ္ႏိုင္မည့္ အခြင့္အေရးတစ္ရပ္အျဖစ္ အေမရိကန္သံ႐ုံးက ေပးအပ္ေသာ ဖူးလ္ဘ႐ိုက္ အေမရိကန္-အာဆီယံဧည့္ပညာရွင္ ပညာသင္ဆု အစီအစဥ္ (Fullbright U.S-ASEAN Visiting Scholar Program) ျဖစ္သည္။

ယခုအစီအစဥ္သည္ နယ္ပယ္က႑ေပါင္းစုံမွ ဘာသာရပ္ဆိုင္ရာပညာရွင္မ်ား (သို႔) အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာကြၽမ္းက်င္သူမ်ား အေမရိကန္ျပည္ေထာင္စုတြင္ သုေတသနျပဳလုပ္ႏိုင္ေစမည့္ အခြင့္အလမ္းတစ္ရပ္ျဖစ္သည္။ အေမရိကန္-အာဆီယံ ဆက္ဆံေရးအေပၚကို သက္ေရာက္မႈရွိေစေသာ အေရးႀကီးသည့္ အေၾကာင္းအရာမ်ား၊ အာဆီယံအျမင္ရႈေထာင့္တစ္ခုကို မိမိတို႔ႏွင့္ ပညာရပ္နယ္ပယ္တူေသာ အေမရိကန္ပညာရွင္မ်ား၊ ကြၽမ္းက်င္သူမ်ား၏ ပို႔ခ်ခ်က္မ်ား၊ ႏွီးေႏွာဖလွယ္ပြဲမ်ားႏွင့္ ေဆြးေႏြးပြဲမ်ားမွတစ္ဆင့္ရရွိႏိုင္မည္ျဖစ္သည္။

တကၠသိုလ္ဆရာ၊ ဆရာမမ်ား၊ အစိုးရဌာနဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ပုဂၢလိကက႑ (သို႔) အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားမွ ကြၽမ္းက်င္ပညာရွင္အားလုံးေလွ်ာက္ထားရန္ အေမရိကန္သံ႐ုံးက တိုက္တြန္းထားပါသည္။

သုံးလ (သို႔) ေလးလခန႔္ၾကာ အေမရိကန္ျပည္ေထာင္စုသို႔သြားေရာက္ရမည္ျဖစ္ၿပီး ကုန္က်စရိတ္အလုံးစုံကို ပညာသင္ဆုအစီအစဥ္ကက်ခံမည္ျဖစ္သည္။

ပညာေရး၊ သဘာဝပတ္ဝန္းက်င္၊ ဘ႑ာေရး၊ အစားအေသာက္နည္းပညာ၊ သတင္းအတတ္ပညာ၊ ဥပေဒ၊ ႏိုင္ငံေရးသိပၸံ၊ ျပည္သူ႔ေရးရာစီမံခန႔္ခြဲမႈ၊ ျပည္သူ႔က်န္းမာေရး၊ စာရင္းအင္း၊ ကုန္သြယ္ေရး၊ ဘာသာေဗဒဆိုင္ရာနယ္ပယ္မ်ားတြင္ ကြၽမ္းက်င္သူမ်ားပညာသင္ဆုေလွ်ာက္ထားႏိုင္သည္။ 

ေလွ်ာက္ထားသူသည္ က်န္းမာေရးေကာင္းမြန္သည့္ အသက္ (၅၅) ႏွစ္ေအာက္ျမန္မာႏိုင္ငံသား ျဖစ္ရမည္ျဖစ္ၿပီး အနည္းဆုံးဘြဲ႕တစ္ခုရရွိထားရမည္ျဖစ္သည္။ အဂၤလိပ္စာအရည္အခ်င္းအတြက္ TOEFL ရမွတ္ (၅၅၀) ရွိရမည္ျဖစ္ၿပီး TOEFL စာေမးပြဲမေျဖရေသးပါက ပညာသင္ဆုေလွ်ာက္လႊာတင္ထားခ်ိန္တြင္ေျဖဆိုႏိုင္သည္။ အေမရိကန္ႏိုင္ငံတြင္ ပညာသင္ယူဖူးသူ၊ အလုပ္လုပ္ဖူးသူမျဖစ္ရေပ။

ပညာသင္ဆုေလွ်ာက္လႊာကို (US Embassy) တြင္ ရယူေလွ်ာက္ထားရမည္ျဖစ္သည္။ ေလွ်ာက္လႊာႏွင့္အတူ ပညာသင္ဆုေလွ်ာက္ထားလိုသည့္အေၾကာင္း Project Statement တစ္ေစာင္၊ ကိုယ္ေရးအခ်က္အလက္၊ ပညာေရးအေထာက္အထားမ်ား၊ ပညာသင္ဆုေပးအပ္သင့္ေၾကာင္း မိမိႏွင့္ နီးစပ္သူ (၃) ဦး၏ ေထာက္ခံခ်က္မ်ားပါ ပူးတြဲတင္ျပရမည္ျဖစ္ပါသည္။

ကိုရီးယားအစိုးရပညာသင္ဆု

ထိုင္းႏိုင္ငံရွိ Asian Institute of Technology (AIT) တြင္ မဟာဘြဲ႕သင္တန္းတက္ေရာက္လိုသည့္ ျမန္မာႏိုင္ငံသားမ်ားအတြက္ ကိုရီးယားအစိုးရက ပညာသင္ဆုေပးအပ္ျခင္းျဖစ္ပါသည္။

AIT ေအာက္ရွိ School of Engineering and Technology (SET)၊ School of Environment, Resources and Development (SERD), School of Management (SOM) တို႔တြင္ (၂၀၂၀) ၾသဂုတ္လတြင္ စတင္ဖြင့္လွစ္မည့္မဟာဘြဲ႕သင္တန္းမ်ားအတြက္ ပညာသင္ဆုေပးအပ္မည္ျဖစ္ပါသည္။

ထိုပညာသင္ဆုကို ျမန္မာႏိုင္ငံအျပင္ လာအို၊ ကေမာၻဒီးယား၊ အင္ဒိုနီးရွား၊ မြန္ဂိုလီးယား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ဘဂၤလားေဒရွ႕္၊ နီေပါ၊ ပါကစ္စတန္၊ သီရိလကၤာႏိုင္ငံမ်ားမွ မဟာဘြဲ႕တက္ေရာက္မည့္သူမ်ားအတြက္လည္း ေလွ်ာက္ထားခြင့္ျပဳထားသည္။

ပညာသင္ဆုေလွ်ာက္ထားမည့္သူမ်ားသည္ ဘြဲ႕ႀကိဳ (၄) ႏွစ္သင္တန္းတက္ေရာက္ခဲ့စဥ္တြင္ ပညာေရးမွတ္တမ္းေကာင္း ရရွိထားရမည္ျဖစ္ၿပီး AIT ကစစ္ေဆးမည့္ အဂၤလိပ္ဘာသာစကားအရည္အခ်င္းစစ္စာေမးပြဲတြင္ အမွတ္ေကာင္းေကာင္းရထားရမည္ျဖစ္ပါသည္။

ပညာသင္ဆုရရွိသူမ်ားကို ေက်ာင္းဝင္ေၾကး၊ ေက်ာင္းလခပံ့ပိုးမည္ျဖစ္ၿပီး AIT ေက်ာင္းဝင္းအတြင္းရွိ တကၠသိုလ္အေဆာင္တြင္လည္း ေနထိုင္ခြင့္ရမည္ျဖစ္သည္။ ပညာသင္ဆုသည္ AIT တြင္ မဟာဘြဲ႕သင္တန္းတက္ေရာက္မည့္ (၂၂) လတာကာလအတြက္ အက်ဳံးဝင္ပါသည္။ 

ပညာသင္ဆုေလွ်ာက္လႊာကို (၂၀၂၀) ခုႏွစ္၊ မတ္လ (၃၁) ရက္ေန႔ ေနာက္ဆုံးထားေလွ်ာက္ထားရမည္ျဖစ္ပါသည္။ အေသးစိတ္အခ်က္အလက္မ်ားႏွင့္ ပညာသင္ဆုေလွ်ာက္လႊာကို (Asian Institute of Technology) တြင္ရယူႏိုင္ပါသည္။

Source: Internet Journal

Latest Post International Read 1068 times