ရာနှုန်းပြည့်ပညာသင်ဆုပေးမည့် ဂျပန်တက္ကသိုလ်

ရာနှုန်းပြည့်ပညာသင်ဆုပေးမည့် ဂျပန်တက္ကသိုလ်

 

ဂျပန်ဘာသာ N-4 နှင့်အထက်ရှိသူများ ၀င်ရောက်ဖြေဆိုနိုင်ပြီး ၀င်ခွင့်အောင်မြင်ပါက ဂျပန်နိုင်ငံရှိ နီရှိခယူးရှုးတက္ကသိုလ်တွင် ပြုစုစောင့်ရှောက်ရေးပညာရှင် ဒီပလိုမာသင်တန်း တက်ရောက်ခွင့် ရမည် ဖြစ်သည်၊

 

ပြုစုစောင့်ရှောက်ရေး ဘာသာရပ်အတွက် ရာနှုန်းပြည့် အခမဲ့ပညာသင်ဆုဖြင့် ဂျပန်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုများအတွက် နောက်ဆုံးစာရင်းပေးသွင်းရမည့်အချိန်ကို ဇူလိုင်လကုန်အဖြစ် သတ်မှတ်ထားပြီး စာမေးပွဲဝင်ခွင့် ဖြေဆိုရန် ကျပ်တစ်သိန်းပေးသွင်းရမည် ဖြစ်သည်၊

 

ဂျပန်နိုင်ငံတွင် အသက်အရွယ်ကြီးသူများ များပြားလာခြင်းကြောင့် ပြုစုစောင့်ရှောက်သူလူအင်အား မလုံလောက်သည့်အခက်အခဲနှင့် နေ့စဉ် ရင်ဆိုနေရသည်၊

 

နောင်တွင် ပြုစုစောင့်ရှောက်သူ လူအင်အား လိုအပ်မှု ပိုမိုမြင့်တက်လာနိုင်သောကြောင့် ယခုကဲ့သို့ ပညာသင်ဆု ချီးမြှင့်ရသည့် အစီအစဉ်ဖြစ်လာရကြောင်း ဂျပန်နိုင်ငံ ပြည်သူ့စောင့်ရှောက်မှု စင်တာတာဝန်ခံ ခတမိ (katami) ကပြောသည်၊

 

နိုင်ငံခြားသားပညာရှင် လုပ်သားတွေမပါဘဲ ပြုစုစောင့်ရှောက်ရေးစနစ်ကို ဆက်လက်ထိန်းသိမ်းဖို့ ခက်ခဲပါတယ်တဲ့”

 

ဘိုးဘွားရိပ်သာများတွင် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပြီး သတ်မှတ်အရည်အချင်းဖြင့် ပြည့်စုံသူများသည် ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေး ပညာရပ်အား ၂ နှစ်တာ အခမဲ့သင်ယူစေပြီး အောင်လက်မှတ်ရရှိပါက ဂျပန်နိုင်ငံတွင် ဘိုးဘွားရိပ်သာများတွင် ၅ နှစ်တာ အလုပ်လုပ်ကိုင်နိုင်မည့် အစီအစဉ် ဖြစ်သည်၊

 

ဂျပန်နိုင်ငံမှာ အလုပ်ရဖို့ သေချာတယ်။ ဂျပန်နိုင်ငံသားများတန်းတူ လစာရမယ်” ဟုပြော နိုင်ငံခြားသား သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးပညာရှင် ပျိုးထောင်ရေးအစီအစဉ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ထားသော စနစ်ဖြစ်သည်၊

 

အကြောင်းအမျိုးမျိုးကြောင့် ပညာတော်ပြီး ဂျပန်နိုင်ငံကို မသွားနိုင်တဲ့သူတွေအတွက် အရမ်းကောင်းတဲ့ အစီအစဉ်ပါ၊

 

ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ခါခဲဟာရှိ ဂျပန်ဘာသာစကားသင်တန်း (မန္တလေး) နှင့် Yamato အဆင့်မြင့်ဂျပန်ဘာသာစကား သင်တန်းကျောင်း (ရန်ကုန်) တို့တွင် စာရင်းပေးသွင်းနိုင်သည်၊

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: thevoice

International Read 2065 times