မြန်မာကျောင်းသားအယောက် ၂၀ ကို ပေးအပ်မယ့် မလေးရှားနိုင်ငံ ရှားမန်းတက္ကသိုလ် ရာနှုန်းပြည့်ပညာသင်ဆု

မြန်မာကျောင်းသားအယောက် ၂၀ ကို ပေးအပ်မယ့် မလေးရှားနိုင်ငံ ရှားမန်းတက္ကသိုလ် ရာနှုန်းပြည့်ပညာသင်ဆု

အခြေခံပညာအထက်တန်း စာမေးပွဲမှာ ဘာသာစုံ ပျမ်းမျှအမှတ် ၈၀ ရာခိုင်နှုန်း နဲ့ အထက်ရရှိသူတွေကို ပညာသင်ကင်း လွတ်ခွင့် ၈၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမှာ ဖြစ်တယ်။

ပျမ်းမျှ ၇၀ ရာခိုင်နှုန်းနဲ့ အထက်ရရှိသူတွေကို ပညာသင်ကင်းလွတ်ခွင့် ၅၀ ရာခိုင်နှုန်းနဲ့ ပျမ်းမျှအမှတ် ၆၀ ရာ ခိုင်နှုန်း ရရှိတဲ့သူတွေကို ပညာသင်ကင်းလွတ်ခွင့် ၃၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမယ်လို့ သိရပါတယ်။

ရှားမန်းတက္ကသိုလ် (မလေးရှား)က တရုတ်နိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်တဲ့ တက္ကသိုလ်ခွဲတစ်ခုဖြစ်ပါတယ်။

READ - Chevening ပညာသင်ဆု သြဂုတ် ၇ ရက်တွင် စတင်လျှောက်ထားနိုင်

Chinese Studies နဲ့ Traditional Chinese Medicine ဘာသာရပ်တွေကို အင်္ဂလိပ်၊ တရုတ်ဘာသာ နှစ်ဘာသာနဲ့ သင်ကြားခွင့်ရရှိမှာ ဖြစ်ပြီး အခြား ဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားရမယ်လို့ သိရပါတယ်။

ထိုတက္ကသိုလ်မှာတော့ Chinese Studies, Journalism, International Business, Accounting, Finance, Computer Science and Technology, Software Engineering, Digital Media Technology, New Energy Science and Engineering, Marine Biotechnology, Chemical Engineering, Electrical and Electronics Engineering and Traditional Chinese Medicine ဘာသာရပ်များအပြင် Foundation in Science နဲ့ Foundation In Arts and Social Science များကို တက်ရောက်သင်ကြား နိုင်ပါတယ်။

မြန်မာတရုတ် ချစ်ကြည်ရေးအသင်းနဲ့ ရှားမန်းတက္ကသိုလ်(မလေးရှား)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသားများအတွက် ပထမဆုံးအကြိမ် ခေါ်ယူတာ ဖြစ်ပါတယ်။

လျှောက်ထားသူတွေထဲကနေ ထူးချွန် ဆုံး ကျောင်းသားဦးရေ ၂၀ ဦး အတွက် ရာခိုင်နှုန်းပြည့် ပညာသင်ဆု ပေးအပ်မှာဖြစ်ပြီး အခြားသူတွေအနေနဲ့လည်း သက်ဆိုင်ရာ ပညာအရည်အချင်းအလိုက် ပညာသင်ကင်း လွတ်ခွင့် တွေကို လျှောက်ထားခွင့်ရှိမှာ ဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Jenko Group of Educare ဖုန်း ဝ၉၅၀၆၂၈၉၁ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews (မသော်တာမောင်)

International Read 2006 times