Sales Hotline : 09448001653       Download App



ယွန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာ ကာလတိုသင်တန်းများ အခမဲ့ ဖွင့်လှစ်မည်

** Unicode **

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ပုဂံမြို့ဟောင်း ယွန်းပညာကောလိပ်မှ ကိုဗစ်-၁၉ အလွန်ကာလမှာ ယွန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာ ကာလတိုသင်တန်းများ (၅) ခုကို (၁၄) ရက်ကြာ အခမဲ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း ယွန်းပညာကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်စုစုခိုင်ထံမှ သိရပါတယ်။

“ ကျမတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ယွန်းပညာကောလိပ်(ပုဂံ)အနေဖြင့် ကိုဗစ်-၁၉ အလွန်ကာလမှာ ပြည်သူများ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုသင်ယူတတ်မြောက်စေရန်နှင့် သင်ကြားပေးမည့် ယွန်းပညာရပ် ဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာဖြင့် ပြည်သူများအပိုဝင်ငွေရရှိနိုင်ရေး ရည်ရွယ်ပြီး (၁) ဂျပန်ယွန်း (အနက်ထည်) နည်းပညာကာလတိုသင်တန်း၊ (၂) ကညစ်ယွန်း နည်းပညာကာလတို သင်တန်း၊ (၃) သားရိုးပန်းကြွ ကျောက်စီရွှေချယွန်း နည်းပညာကာလတိုသင်တန်း၊ (၄) ယွန်းလက်ဝတ် အဆင်တန်ဆာ (ရွှေဇဝါယွန်း) နည်းပညာကာလတိုသင်တန်း၊ (၅) ပျူလက်ဝတ်အဆင်တန်ဆာ (ရွှေဇဝါယွန်း) နည်းပညာကာလတိုသင်တန်းများ စုစုပေါင်းသင်တန်း (၅) ခုကို အခမဲ့ ဖွင့်လှစ်သင်ကြား ပို့ချသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယကျောင်းအုပ်ကြီး ဒေါ်စုစုခိုင်က ပြောပါတယ်။

"ယခုနှစ်တွင်တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို Website တွင်သာထုတ်ပြန်နိုင်ဖွယ်ရှိ"

အဆိုပါ သင်တန်းများဖွင့်လှစ်ရာ၌ သင်တန်းတစ်ကြိမ်တွင် သင်တန်းသား (၁၅)ဦး လက်ခံ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၄)ရက် ကြာ ဖွင့်လှစ်သွားမှာဖြစ်၍ သင်တန်းကြေး အခမဲ့ ( Free of Charge) ဖြစ်ကြောင်း၊ ယွန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများ တတ်ရောက်နိုင်ရေး ဖိတ်ခေါ်ပါကြောင်းနှင့် တက်ရောက်လိုသည် ပြည်သူများအနေဖြင့် သိရှိလိုသည် များနှင့် အသေးစိတ်အချက်အလက်များအား (၀၆၁-၂၄၆၀၂၆၇၊ ၀၉-၂၅၉၀၅၁၃၂၁) တို့ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရပါတယ်။

Credit: IPRD Mandalay

 

** Zawgyi **

မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕ ပုဂံၿမိဳ႕ေဟာင္း ယြန္းပညာေကာလိပ္မွ ကိုဗစ္-၁၉ အလြန္ကာလမွာ ယြန္းပညာရပ္ဆိုင္ရာ အသက္ေမြးဝမ္းေၾကာင္းပညာ ကာလတိုသင္တန္းမ်ား (၅) ခုကို (၁၄) ရက္ၾကာ အခမဲ့ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ယြန္းပညာေကာလိပ္ ဒုတိယေက်ာင္းအုပ္ႀကီး ေဒၚစုစုခိုင္ထံမွ သိရပါတယ္။

“ က်မတို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာန၊ ယြန္းပညာေကာလိပ္(ပုဂံ)အေနျဖင့္ ကိုဗစ္-၁၉ အလြန္ကာလမွာ ျပည္သူမ်ား အသက္ေမြးဝမ္းေက်ာင္းပညာ တစ္ခုသင္ယူတတ္ေျမာက္ေစရန္ႏွင့္ သင္ၾကားေပးမည့္ ယြန္းပညာရပ္ ဆိုင္ရာ အသက္ေမြးဝမ္းေက်ာင္းပညာျဖင့္ ျပည္သူမ်ားအပိုဝင္ေငြရရွိႏိုင္ေရး ရည္႐ြယ္ၿပီး (၁) ဂ်ပန္ယြန္း (အနက္ထည္) နည္းပညာကာလတိုသင္တန္း၊ (၂) ကညစ္ယြန္း နည္းပညာကာလတို သင္တန္း၊ (၃) သား႐ိုးပန္းႂကြ ေက်ာက္စီေ႐ႊခ်ယြန္း နည္းပညာကာလတိုသင္တန္း၊ (၄) ယြန္းလက္ဝတ္ အဆင္တန္ဆာ (ေ႐ႊဇဝါယြန္း) နည္းပညာကာလတိုသင္တန္း၊ (၅) ပ်ဴလက္ဝတ္အဆင္တန္ဆာ (ေ႐ႊဇဝါယြန္း) နည္းပညာကာလတိုသင္တန္းမ်ား စုစုေပါင္းသင္တန္း (၅) ခုကို အခမဲ့ ဖြင့္လွစ္သင္ၾကား ပို႔ခ်သြားမွာ ျဖစ္ပါတယ္” ဟု ဒုတိယေက်ာင္းအုပ္ႀကီး ေဒၚစုစုခိုင္က ေျပာပါတယ္။

"ယခုနွစ္တြင္တကၠသိုလ္ဝင္တန္း ေအာင္စာရင္းမ်ားကို Website တြင္သာထုတ္ျပန္ႏိုင္ဖြယ္ရွိ"

အဆိုပါ သင္တန္းမ်ားဖြင့္လွစ္ရာ၌ သင္တန္းတစ္ႀကိမ္တြင္ သင္တန္းသား (၁၅)ဦး လက္ခံ သင္ၾကားေပးမည္ျဖစ္ၿပီး သင္တန္းကာလမွာ (၁၄)ရက္ ၾကာ ဖြင့္လွစ္သြားမွာျဖစ္၍ သင္တန္းေၾကး အခမဲ့ ( Free of Charge) ျဖစ္ေၾကာင္း၊ ယြန္းပညာရပ္ဆိုင္ရာ အသက္ေမြးဝမ္းေက်ာင္းကာလတို သင္တန္းမ်ား တတ္ေရာက္ႏိုင္ေရး ဖိတ္ေခၚပါေၾကာင္းႏွင့္ တက္ေရာက္လိုသည္ ျပည္သူမ်ားအေနျဖင့္ သိရွိလိုသည္ မ်ားႏွင့္ အေသးစိတ္အခ်က္အလက္မ်ားအား (၀၆၁-၂၄၆၀၂၆၇၊ ၀၉-၂၅၉၀၅၁၃၂၁) တို႔ကို ဆက္သြယ္ ေမးျမန္းႏိုင္ေၾကာင္း သိရပါတယ္။

Credit: IPRD Mandalay

 

News Tips Latest Post Read 1045 times