ဗြိတိသျှကောင်စီမှ အခမဲ့အွန်လိုင်းသင်တန်းဖွင့်မည်

ၿဗိတိသွ်ေကာင္စီမွ "Study UK: Prepare to Study and Live in the UK" အြန္လိုင္းသင္တန္းကို ႏိုဝင္ဘာ (၄) ရက္မွ စတင္ကာ သင္ၾကားပို႔ခ်ေပးသြားမယ္လို႔သိရပါတယ္။

ျမန္မာႏိုင္ငံမွ စိတ္ပါဝင္စားသူမည္သူမဆို အခမဲ့တက္ေရာက္ႏိုင္ၿပီး သင္တန္းၿပီးဆံုးရင္ Certificate of Achievement ကိုပါရရွိႏိုင္မွာျဖစ္ပါတယ္။ အဆိုပါသင္တန္းမွာ ႏိုင္ငံတကာမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို UK ႏိုင္ငံရွိတကၠသိုလ္မ်ား၏ သင္တန္းပံုစံမ်ား၊ အကဲျဖတ္အမွတ္ေပးပံုမ်ား၊ UK ေရာက္တဲ့အခါ ျပင္ဆင္ထားသင့္တာေတြကို နားလည္ေစရန္ ရည္ရြယ္တာျဖစ္ၿပီး သင္တန္းကေန UK အဆင့္ျမင့္ပညာေရးရဲ႕ ထူးျခားတဲ့လကၡဏာေတြ၊ ကြဲျပားတဲ့သင္ၾကားေရးပံုစံေတြ၊ ေက်ာင္းသားေတြရရွိမယ့္ ဝန္ေဆာင္မႈမ်ားႏွင့္ ေငြေၾကးဆိုင္ရာအၾကံေပးမႈမ်ား၊ အဂၤလိပ္ဘာသာစကားဆိုင္ရာလိုအပ္ခ်က္မ်ားႏွင့္ ေနရာထိုင္ခင္းရွာေဖြျခင္း၊ မိတ္ေဆြဖဲြ႔ျခင္းတို႔အျပင္ UK ႏိုင္ငံသို႔ဆိုက္ေရာက္လာစဥ္ ျပဳလုပ္မည့္အရာမ်ား၊ အစရွိတဲ့ လက္ေတြ႔အသံုးက်တဲ့လမ္းညႊန္မႈေတြကို ေလ့လာမွတ္သားႏိုင္မွာျဖစ္ပါတယ္။

သင္တန္းကို (၂၀၂၀) ခုႏွစ္မွာ UK ႏိုင္ငံရွိတကၠသိုလ္ေတြမွာ သြားေရာက္ပညာသင္ယူႏိုင္မယ့္ ႏိုင္ငံတကာမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ UK အဆင့္ျမင့္ပညာေရးအေၾကာင္း စိတ္ပါဝင္စားတဲ့ ႏိုင္ငံတကာမွ ေက်ာင္းသားေက်ာင္းသူမ်ား၊ လက္ရွိ UK မွာပညာသင္ၾကားေနၿပီး စာေပဆိုင္ရာစြမ္းရည္နဲ႔ ဗဟုသုတတိုးတက္လုိသူမ်ားအျပင္ အျခားႏိုင္ငံတကာပညာေရးအား စိတ္ဝင္စားသူမ်ားအတြက္ အက်ိဳးရွိမယ့္သင္တန္းျဖစ္တယ္လို႔သိရပါတယ္။

သင္တန္းကို (၉၀%) အထက္ၿပီးေျမာက္ပါက အခမဲ့ဒီဂ်စ္တယ္ေအာင္လတ္မွတ္ကိုပါရရွိႏိုင္ၿပီး သင္တန္းကာလမွာ (၄) ပတ္ၾကာတတ္ေရာက္ရမွာျဖစ္ပါတယ္။ တက္ေရာက္လိုသူေတြအေနနဲ႔ (https://www.futurelearn.com/courses/prepare-to-study-uk) မွာစာရင္းသြင္းတက္ေရာက္ႏိုင္ပါတယ္။ UK ႏိုင္ငံတြင္သြားေရာက္ပညာေလ့လာလိုသူမ်ားအေနနဲ႔ အြန္လိုင္းမွတစ္ဆင့္ UK တကၠသိုလ္မွ သင္တန္းမ်ားတက္ေရာက္လိုသူေတြအတြက္ Study UK အစီအစဥ္အရ ၿဗိတိသွ်ေကာင္စီနဲ႔ GREAT Britain Campaign တို႔မွ အေဝးသင္ပညာေရး Website ျဖစ္တဲ့ Future Learn နဲ႔ပူးေပါင္းၿပီး အြန္လိုင္းအခမဲ့သင္တန္းေတြ ပို႔ခ်လ်က္ရွိပါတယ္။

Source: Internet Journal

 

**Unicode**

ဗြိတိသျှကောင်စီမှ "Study UK: Prepare to Study and Live in the UK" အွန်လိုင်းသင်တန်းကို နိုဝင်ဘာ (၄) ရက်မှ စတင်ကာ သင်ကြားပို့ချပေးသွားမယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးရင် Certificate of Achievement ကိုပါရရှိနိုင်မှာဖြစ်ပါတယ်။ အဆိုပါသင်တန်းမှာ နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများကို UK နိုင်ငံရှိတက္ကသိုလ်များ၏ သင်တန်းပုံစံများ၊ အကဲဖြတ်အမှတ်ပေးပုံများ၊ UK ရောက်တဲ့အခါ ပြင်ဆင်ထားသင့်တာတွေကို နားလည်စေရန် ရည်ရွယ်တာဖြစ်ပြီး သင်တန်းကနေ UK အဆင့်မြင့်ပညာရေးရဲ့ ထူးခြားတဲ့လက္ခဏာတွေ၊ ကွဲပြားတဲ့သင်ကြားရေးပုံစံတွေ၊ ကျောင်းသားတွေရရှိမယ့် ဝန်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာအကြံပေးမှုများ၊ အင်္ဂလိပ်ဘာသာစကားဆိုင်ရာလိုအပ်ချက်များနှင့် နေရာထိုင်ခင်းရှာဖွေခြင်း၊ မိတ်ဆွေဖွဲ့ခြင်းတို့အပြင် UK နိုင်ငံသို့ဆိုက်ရောက်လာစဉ် ပြုလုပ်မည့်အရာများ၊ အစရှိတဲ့ လက်တွေ့အသုံးကျတဲ့လမ်းညွှန်မှုတွေကို လေ့လာမှတ်သားနိုင်မှာဖြစ်ပါတယ်။

သင်တန်းကို (၂၀၂၀) ခုနှစ်မှာ UK နိုင်ငံရှိတက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ယူနိုင်မယ့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ၊ UK အဆင့်မြင့်ပညာရေးအကြောင်း စိတ်ပါဝင်စားတဲ့ နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများ၊ လက်ရှိ UK မှာပညာသင်ကြားနေပြီး စာပေဆိုင်ရာစွမ်းရည်နဲ့ ဗဟုသုတတိုးတက်လိုသူများအပြင် အခြားနိုင်ငံတကာပညာရေးအား စိတ်ဝင်စားသူများအတွက် အကျိုးရှိမယ့်သင်တန်းဖြစ်တယ်လို့သိရပါတယ်။

သင်တန်းကို (၉၀%) အထက်ပြီးမြောက်ပါက အခမဲ့ဒီဂျစ်တယ်အောင်လတ်မှတ်ကိုပါရရှိနိုင်ပြီး သင်တန်းကာလမှာ (၄) ပတ်ကြာတတ်ရောက်ရမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ (https://www.futurelearn.com/courses/prepare-to-study-uk) မှာစာရင်းသွင်းတက်ရောက်နိုင်ပါတယ်။ UK နိုင်ငံတွင်သွားရောက်ပညာလေ့လာလိုသူများအနေနဲ့ အွန်လိုင်းမှတစ်ဆင့် UK တက္ကသိုလ်မှ သင်တန်းများတက်ရောက်လိုသူတွေအတွက် Study UK အစီအစဉ်အရ ဗြိတိသျှကောင်စီနဲ့ GREAT Britain Campaign တို့မှ အဝေးသင်ပညာရေး Website ဖြစ်တဲ့ Future Learn နဲ့ပူးပေါင်းပြီး အွန်လိုင်းအခမဲ့သင်တန်းတွေ ပို့ချလျက်ရှိပါတယ်။

Source: Internet Journal

Latest Post News Read 3228 times