သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ပထမနှစ်ဝင်ခွင့်

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း) ၏ သိပ္ပံဘွဲ့ (သစ်တောပညာ) B.Sc Forestry၊ ၄ နှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိရန်အတွက် အောက်တိုဘာလ (၄) ရက်နေ့၊ နောက်ဆုံးထား လျှောက်ထားရပါမည်။ 

 

Related Article : G-12 အောင်ထားသူတွေ လက်ရှိလျှောက်ထားနိုင်တဲ့ တက္ကသိုလ်များ

>> https://www.edge.com.mm/article

 

ဝင်ခွင့်လျှောက်ထားသူသည် -

- ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS- 1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။ 

- တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ရမှတ် ၃၅၀ မှတ်နှင့်အထက် ရရှိသူဖြစ်ရမည်။

- တက္ကသိုလ်ဝင်ခွင့်ရရှိပါက သက်ဆိုင်ရာ ဘာသာရပ်များနှင့်ပတ်သက်၍ တောတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး (က) အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသူဖြစ်ရမည်။

- တက္ကသိုလ်မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

 

ပထမဝင်ခွင့် လျှောက်လွှာသတ်မှတ်ပုံစံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး မိမိအစီအစဉ်ဖြင့် (A-4 စာရွက်ဖြင့် ကွန်ပျူတာစာစီ၍ သတ်မှတ်ရက်အတွင်း လျှောက်ထားရမည်။ ပထမနှစ်ပင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲ တင်ပြရမည် -

- တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)၊

- ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် အမှတ်စာရင်း(မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြ ရမည်)၊

- ပြစ်မှု/ ပြစ်ဒဏ်ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်း သို့မဟုတ် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)၊

- လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)၊

- လိုင်စင်ဓာတ်ပုံ ၄ ပုံ။

 

လျှောက်လွှာနှင့် အထက်ဖော်ပြပါ စာရွက်စာတမ်းများကို  ၄-၁၀-၂၀၂၄ ရက် (သောကြာနေ့) နောက်ဆုံးထား၍ သင်တန်းရေးရာဌာနခွဲ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ [email protected] သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။ 

 

တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ခံရသူများစာရင်းနှင့် ကျောင်းဖွင့်မည့်အချိန်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်သည်။

 

အကယ်၍ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းသို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာသတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန်လိုအပ်မည်ဖြစ်သည်။

 

အသေးစိတ်သိရှိလိုပါက သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း - ၀၆၇ ၃၄၁၆ ၆၈၁ (သို့မဟုတ်) ၀၆၇ ၃၄၁၆ ၅၁၉ ကို ရုံးချိန်အတွင်း ဆက်သွယ်စုံးနိုင်ပါကြောင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ Website ဖြစ်သော https://www.monrec.gov.mm တွင် ဝင်ရောက်ကြည့်ရှနိုင်သည်။ 

 

Latest Post Local News University / College Read 757 times