အစိုးရကျောင်းများသို့ရွှေ့ပြောင်းလိုသူတွေအတွက် Placement Test ဖြေဆိုရန်လျှောက်လွှာခေါ်ယူ

** Unicode **


နိုင်ငံတကာသင်ရိုးဖြင့်သင်ကြားသောကျောင်းများမှ ပြည်တွင်း အစိုးရကျောင်းများသို့ရွှေ့ပြောင်းလိုသူတွေအတွက် Placement Test ဖြေဆိုရန်လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်းများနှင့်ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားလိုသော နိုင်ငံတကာကျောင်းများနှင့် နိုင်ငံတကာ သင်ရိုးဖြင့်သင်ကြား နေသော ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ကျောင်းသား/သူများ၊ အကြောင်းအမျိုးမျိုးဖြင့် ပညာဆက်လက်သင်ကြားလိုသူများအတွက် Placement Test ဖြေဆိုရန် လျှောက်လွှာခေါ်ယူ နေပါတယ်။

လျှောက်ထားသူတွေဟာ မိမိအောင်မြင်ခဲ့တဲ့ level အရ တက်ရောက်သင်ကြားလိုသော အတန်း၏တစ်ဆင့်နိမ့်အတန်း Placement Test ကိုဖြေဆိုရမှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ရဲ့ အတန်းအလိုက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များ ကို ဖြေဆို ရမှာဖြစ်ပါတယ်။ ဖြေဆိုလိုသော အတန်းနှင့် ကျောင်းမွေးသက္ကရာဇ် အရ အသက်ကိုက်ညီမှု ရှိရမှာဖြစ်ပါတယ်။လျှောက်လွှာတွေကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံး တွေမှာ ဇွန် (၁၉) ရက်မှ စတင်ကာအခမဲ့ ထုတ်ယူနိုင်ပြီး ဇွန် (၂၆) ရက် နောက်ဆုံးထား ပြန်လည်တင်သွင်းရမှာပါ။

ကျောင်းတွေဖွင့်လှစ်မယ်ဆို ဘယ်လိုအရာတွေလိုအပ်မလဲ၊ လုပ်ဆောင်မလဲ

လျှောက်လွှာနဲ့အတူ မိမိတက်ရောက်ခဲ့တဲ့ကျောင်းမှ ဖြေဆိုအောင်မြင်ပြီးတဲ့ Level အတွက် ကျောင်းထောက်ခံချက်မူရင်း (သို့မဟုတ်) အောင်လက်မှတ် မူရင်း၊ မွေးစာရင်း (သို့မဟုတ်) အသက်အတွက် ထောက်ခံ ချက်မူရင်း တွေကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။

Electronic & Electrical (37) လျှပ်စစ်နှင့် လျှပ်စစ်ဆိုင်ရာသင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

စာမေးပွဲကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစီအစဉ်ဖြင့် ခရိုင်ရုံးစိုက်ရာ မြို့တွေမှာ ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ဖြေဆိုရမှာဖြစ်ပြီး အသေးစိတ်ကို လျှောက်လွှာထုတ်ယူတင်သွင်းခဲ့သော တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူး ရုံးတွေကို ဆက်သွယ်မေးမြန်းနိုင် ပါတယ်။

Credit: Internet
 

** Zawgyi **








Credit: Internet
 

News Tips News Tips Latest Post Read 6109 times