သင်ရိုးသစ်အတွက် ဆရာ/ဆရာမ များအား Online Training စတင်လုပ်ဆောင်
** Unicode **
အခြေခံပညာ Grade -4, Grade -7,Grade-10 သင်ရိုးညွှန်းတန်းအသစ်ကို ၂၀၂၀-၂၁ ပညာသင်နှစ်တွင် သင်ကြားနိုင်ရေးအတွက် မူလတန်း၊ အလယ်တန်း၊အထက်တန်းမှ ဆရာ/ဆရာမများအား Online Training ဆောင်ရွက်ရန် စမ်းသပ်သင်ကြားမှုကို မေလ (၁၁) ရက်နေ့မှ စတင်ဆောင်ရွက်နေကြောင်းသိရပါတယ်။
ယခင်နှစ်များတွင်လည်း သင်ရိုးသစ်သင်ကြားရန်အတွက် ဆရာ/ဆရာမများကို Training ပေးခြင်းများရှိပါတယ်။ ၎င်းသို့ လုပ်ဆောင်ရာတွင် ခရိုင်အလိုက်၊ ကျောင်းအလိုက် သင်တန်းများပေးခဲ့ခြင်းဖြစ်ပါတယ်။ 
ယခုနှစ် ၂၀၂၀ တွင် COVID-19 ရောဂါကြောင့် လူစုလူဝေးလုပ်ရန်အဆင်မပြေသည့်အတွက် Online မှတစ်ဆင့် ဆရာ/ဆရာမများကို Training ပေးရခြင်းဖြစ်ပါတယ်။ 
ထိုသို့ လုပ်ဆောင်ရာတွင် အသင့်အတင့်အနေအထားလောက် အခြေအနေရှိနေပါတယ်ဟု သိရပါတယ်။
Training များပြုလုပ်ရာတွင် Zoom App ကိုအသုံးပြု၍ လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ Grade-4,7,10 ပညာရေး သင်ရိုးသစ် သင်ရိုးညွှန်းတန်းအတွက် အဓိက Online Training ပြုလုပ်ဆောင်ရွက်ရခြင်းလည်းဖြစ်ပါတယ်။
ထို့သို့ Training ပြုလုပ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ဆရာ/ဆရာမများအတွက် သင်ကြားရေးပုံနှိပ်စာအုပ်များကို ဖြန့်ဝေထားခဲ့ပြီးမှသာလျှင် ၎င်းစာအုပ်ထဲမှ သင်ရိုးညွှန်းတန်းအတိုင်း ယခုနှစ်အတွက် ကျောင်းသား/သူများကို သင်ကြားရမည်ဖြစ်ပါတယ်။
Music (75) ဂီတ သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (၇၅) ခု ရှာရန်နှိပ်ပါ။ 
မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို (၁၂) တန်းပညာရေးစနစ်သို့ စတင်ပြောင်းလဲလျက်ရှိရာ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် KG သင်ရိုးညွှန်းတန်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် Grade-1သင်ရိုးညွှန်းတန်း၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် Grade-2 သင်ရိုးညွှန်းတန်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် Grade-3 and 6 သင်ရိုးညွှန်းတန်း အသီးသီးတို့ကို ပြောင်းလဲကြောင်းသိရပါတယ်။
(www.edge.com.mm)
** Zawgyi **
ထို့သို့ Training ပြုလုပ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ဆရာ/ဆရာမများအတွက် သင်ကြားရေးပုံနှိပ်စာအုပ်များကို ဖြန့်ဝေထားခဲ့ပြီးမှသာလျှင် ၄င်းစာအုပ်ထဲမှ သင်ရိုးညွှန်းတန်းအတိုင်း ယခုနှစ်အတွက် ကျောင်းသား/သူများကို သင်ကြားရမည်ဖြစ်ပါတယ်။
(www.edge.com.mm)
News Tips News Tips Latest Post Read 5484 times