ကျောင်းများပြန်လည်ဖွင့်လှစ်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပါဝင်ဆွေးနွေး

** Unicode **

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်စီမံဆောင်ရွက်ခြင်း ဆွေးနွေးမှုအနှစ်ချုပ်ဖြစ်ပါတယ်။

#အချိန်၁လကျော်အတွင်ကြိုတင်ပြင်ဆင်မှုများစဉ်းစားဆုံးဖြတ်ပြီး ဇူလိုင်လပထမပတ်တွင် ကျောင်းများဖွင့်နိုင်ရန် စီစဉ်ရမှာဖြစ်ပါကြောင်း

#ကလေးကစမကူးပါ၊ လူကြီးတွေကသာ တဆင့်ကူးမှာဖြစ်တယ်၊ ဒါကြောင့် အသက်အရွယ်ကြီးတဲ့အဖိုးအဖွား၊ ဦးလေးအဒေါ်များကို ကျောင်းပို့/ကြို မပြုရန် ညွှန်ကြားရမှာဖြစ်ပါကြောင်း

#social distancingကို ကစားနည်းဖြင့်ပြုလုပ်ရန် ဆရာ၊ဆရာမများစဉ်းစားရမှာဖြစ်ကြောင်း၊ ကစားနည်းဖြင့်စည်းကမ်းကိုဘယ်လိုထိန်းမလဲစဉ်းရမှာဖြစ်ကြောင်း

#အထက်တန်းဆင့်သည်အရေအတွက်နည်းသဖြင့် ထက်ဆင့်များကိုဦးစွာဖွင့်လှစ်ရန် စဉ်းစားရမှာဖြစ်ကြောင်း

#အိမ်သင်ဖို့အတွက် ဆရာ၊ဆရာမများမှ စီစဉ်ပေးရမှာဖြစ်ကြောင်း၊ မိဘများသင်နိုင်၊မသင်နိုင်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း

#ဘာကြောင့်ပဲဖျားဖျား ဆရာ၊ကျောင်းသား ကျောင်းကိုလုံးဝမလာသင့်ကြောင်း၊

#school ferry စီးသူများ social distancingကိုလိုက်နာရမှာဖြစ်ကြောင်း၊ စီစဉ်လမ်းညွှန်ရမှာဖြစ်ကြောင်း။

#ဘယ်နည်းလမ်းကအဆင်ပြေမလဲဆိုတာ စမ်းသပ်နည်းနဲ့ကျောင်းများဖွင့်ရမှာဖြစ်ကြောင်း

#စိုးရိမ်နေရုံဖြင့်မရပါ‌၊ လက်တွေ့ကျကျအကြံပြုစဉ်းစားရမှာဖြစ်ကြောင်း

#ပညာရေးဝန်ကြီးဌာနwebsiteကိုသာဝင်ကြည့်စေလိုကြောင်း၊ အခြားဘယ်အရာမျှမယုံသင့်ပါကြောင်း

#ပညာရေးသည်ရပ်ထားလို့မရပါကြောင်း၊ ကျောင်းနဲ့ကင်းကွာလျှင် ပညာသင်လိုစိတ်လျော့နည်းသွားပါကြောင်း

#ကိုဗစ်ကိုရင်ဆိုင်တာဟာ ပညာရပ်တစ်ခုဖြစ်ပါကြောင်း

အနှစ်ချုပ် ဇူလိုင်ပထမအပတ်တွင်ကျောင်းများဖွင့်နိုင်ရန်စီစဉ်ရမည်ဖြစ်ပတယ်။

Credit: Exam Guide


** Zawgyi **















Credit: Exam Guide

Latest Post News News Tips Tips Read 17209 times