အားလုံးစောင့်မျှော်နေတဲ့ PPTT…

** Unicode **

** ၂၀၂၀ ခုနှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ (၁) နှစ်သင်တန်း (PPTT) ၊ အမှတ်စဉ်(၇/၂၀) သင်တန်းသားများခေါ်ယူခြင်း ဖြစ်ပါတယ်။

** လျှောက်ထားမည့်သူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ပါတယ်။
- လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပါတယ်။


- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု(မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ကုန်ထုတ်ဓာတုဗေဒ၊ Microbiology Biotechnology၊ Environmental Studies၊ Geology၊ B.T(မြန်မာမှု)၊ B.A(ရသ)၊ B.A(ဂီတ)၊ B.A(သဘင်)၊ B.A(ပန်းချီ)၊ B.A(ပန်းပု)၊ B.Sc (Sports)၊ B.Ecom(Stats)၊ B.Com ရရှိပြီးသူဖြစ်ရမည်ဖြစ်ပါတယ်။


- ပြင်ပဘွဲ့ရများအတွက် ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်းထမ်းဖြစ်ပြီး မတ် (၃၁) ရက်တွင် အသက် (၃၅) နှစ်ထက်မကြီးသူ ဖြစ်ရန်နှင့်သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမည်ဖြစ်ပါတယ်။


- ၂၀၂၀-၂၁ ပညာသင်နှစ်လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ (၁) နှစ်သင်တန်း (PPTT)၊ အမှတ်စဉ် (၇/၂၀) သင်တန်းအတွက်လျှောက်ထားသူများသည် အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာဗဟုသုတရေးဖြေစာမေးပွဲကို ပညာရေးကောလိပ်များမှ သတ်မှတ်ထားသော စာဖြေဌာနများတွင် ဖြေဆိုကြရမည်ဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုမည့်ရက်အား သက်ဆိုင်ရာပညာရေးကောလိပ်များတွင် ကြေညာမည်ဖြစ်ပါတယ်။


- ကျန်းမာရေးကောင်းမွန်၍ ဆရာ့တာဝန်ထမ်းဆောင်နိုင်ပြီး မည့်သည့်ပညာရေးကောလိပ်တွင်မဆိုတက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ပါတယ်။


- အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူဖြစ်ရမည်ဖြစ်ပါတယ်။


- သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း အခြားသင်တန်းတစ်ခုခုတက်ရောက်နေသူမဖြစ်ရမပါ။


-သင်တန်းတက်ရောက်စဉ်ကိုယ်လက်ကြံ့ခိုင်လှုပ်ရှားမှုများ နေ့စဉ်ဆောင်ရွက်ရမည်ဖြစ်ပါ၍ ရွေးချယ်ခံသည့် သင်တန်းသူသည်ကိုယ်ဝန်ဆောင်ခြင်းမရှိရပါ။


** သင်တန်းဝင်ခွင့် သတ်မှတ်ပုံစံအတိုင်းကိုယ်တိုင်ရေးသားဖြည့်သွင်းကာလက်မှတ်ရေးထိုးရမည်ဖြစ်ပါတယ်။


** လျှောက်လွှာကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်ထက်နောက်မကျစေဘဲ လျှောက်လွှာတင်မည့် ပညာရေးကောလိပ်တည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်ရှိမြို့နယ်တစ်ခုကို ကိုယ်စားပြု၍ လျှောက်ထားရမည်ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီ နယ်မြေအတွက် တောင်ငူပညာရေးကောလိပ်တွင် လျှောက်ထားနိုင်ပါတယ်။ ပညာရေးဝန်ကြီးဌာန (သို့) ဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားခြင်းမပြုရ။


** လျှောက်လွှာနှင့်အတူ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ထားသည့် တက္ကသိုလ်ဝင်အောင်မြင်သည့် အထောက်အထား(မိတ္တူ)၊ ဘွဲ့လက်မှတ်(မိတ္တူ)၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(မိတ္တူ)နှင့် (၆)လအတွင်း ရိုက်ကူးထားသည့် ပတ်စပို့စ်အရွယ် ဓာတ်ပုံ(၂) ပုံတို့ကို ပူးတွဲတင်ပြရမည်ဖြစ်ပါတယ်။


** သတ်မှတ်ထားသည့် အချက်အလက်များကိုတိကျ ပြည့်စုံစွာရေးသားဖော်ပြထားခြင်းမရှိသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက်ရေးသား ဖော်ပြထားသော လျှောက်လွှာများနှင့်အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။


** ပညာရေးကောလိပ်အသီးသီးတွင် တက်ရောက်ခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာပညာရေးကောလိပ်များတွင် ၂၀၂၀ခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်မည်ဖြစ်ပါတယ်။


** သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် တက္ကသိုလ်တန်းဝင်အောင်မြင်ကြောင်းနှင့် ဘွဲ့ရရှိမှုအထောက်အထား(မူရင်း) တင်ပြ၍ သက်ဆိုင်ရာပညာရေးကောလိပ်များမှ တိုက်ရိုက်စစ်ဆေးမည်ဖြစ်ပါတယ်။


** သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သင်တန်းပြီးစီးအောင်တက်ရောက်ရမည်၊ မူလတန်းဆရာ အတတ်ပညာသင်တန်းပြီးပါက အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများတွင် မူလတန်းပြအဖြစ် အနည်းဆုံး (၃) နှစ်တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဖြစ်ပါတယ်။


** သင်တန်းပြီးစီးအောင် မတက်ရောက်ခဲ့လျှင်လည်းကောင်း၊ ခန့်ထားခြင်းခံရသော အခြေခံပညာကျောင်းများတွင် တာဝန်မထမ်းဆောင်ခဲ့လျှင်လည်းကောင်းသတ်မှတ်လျော်ကြေး (၅) သိန်းကျပ်နှင့်အတူ လစဉ်ထောက်ပံ့ကြေးကို ပြန်လည်ပေးလျှော်ရမည်ဖြစ်ပါတယ်။


Credit:ကြေးမုံ

** Zawgyi **

** ၂၀၂၀ ခုႏွစ္၊ လုပ္ငန္းခြင္အႀကိဳမူလတန္းဆရာအတတ္ပညာ (၁) ႏွစ္သင္တန္း (PPTT) ၊ အမွတ္စဥ္(၇/၂၀) သင္တန္းသားမ်ားေခၚယူျခင္း ျဖစ္ပါတယ္။

** ေလ်ွာက္ထားမည့္သူမ်ားသည္ ေအာက္ပါအရည္အခ်င္းမ်ားႏွင့္ ျပည့္စံုရမည္ျဖစ္ပါတယ္။
- ေလ်ွာက္ထားသူသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသားျဖစ္ရမည္ျဖစ္ပါတယ္။


- တကၠသုိလ္တစ္ခုခုမွ ဘြဲ႔တစ္ခုခု(ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ရူပေဗဒ၊ ဓာတုေဗဒ၊ ရုကၡေဗဒ၊ သတၱေဗဒ၊ ေဘာဂေဗဒ၊ ပထဝီဝင္၊ သမိုင္း၊ ကုန္ထုတ္ဓာတုေဗဒ၊ Microbiology Biotechnology၊ Environmental Studies၊ Geology၊ B.T(ျမန္မာမႈ)၊ B.A(ရသ)၊ B.A(ဂီတ)၊ B.A(သဘင္)၊ B.A(ပန္းခ်ီ)၊ B.A(ပန္းပု)၊ B.Sc (Sports)၊ B.Ecom(Stats)၊ B.Com ရရွိၿပီးသူျဖစ္ရမည္ျဖစ္ပါတယ္။


- ျပင္ပဘြဲ႔ရမ်ားအတြက္ ၂၀၂၀ ခုႏွစ္၊ မတ္လ (၃၁) ရက္ေန႔တြင္ အသက္ (၃၀) ႏွစ္ထက္မႀကီးသူ၊ ဝန္ထမ္းျဖစ္ပါက အၿမဲတမ္းဝန္းထမ္းျဖစ္ၿပီး မတ္ (၃၁) ရက္တြင္ အသက္ (၃၅) ႏွစ္ထက္မႀကီးသူ ျဖစ္ရန္ႏွင့္သက္ဆိုင္ရာဌာန ဝန္ထမ္းအဖြဲ႔အစည္း အႀကီးအကဲ၏ခြင့္ျပဳခ်က္ကို ပူးတြဲတင္ျပရမည္ျဖစ္ပါတယ္။


- ၂၀၂၀-၂၁ ပညာသင္ႏွစ္လုပ္ငန္းခြင္အႀကိဳမူလတန္း ဆရာအတတ္ပညာ (၁) ႏွစ္သင္တန္း (PPTT)၊ အမွတ္စဥ္ (၇/၂၀) သင္တန္းအတြက္ေလ်ွာက္ထားသူမ်ားသည္ အဂၤလိပ္စာ၊ ပညာေရးဆိုင္ရာဗဟုသုတေရးေျဖစာေမးပြဲကို ပညာေရးေကာလိပ္မ်ားမွ သတ္မွတ္ထားေသာ စာေျဖဌာနမ်ားတြင္ ေျဖဆိုၾကရမည္ျဖစ္ပါတယ္။ စာေမးပြဲေျဖဆိုမည့္ရက္အား သက္ဆိုင္ရာပညာေရးေကာလိပ္မ်ားတြင္ ေၾကညာမည္ျဖစ္ပါတယ္။


- က်န္းမာေရးေကာင္းမြန္၍ ဆရာ႔တာဝန္ထမ္းေဆာင္ႏိုင္ၿပီး မည့္သည့္ပညာေရးေကာလိပ္တြင္မဆိုတက္ေရာက္ႏိုင္သူျဖစ္ရမည္ျဖစ္ပါတယ္။


- အက်င့္စာရိတၱေကာင္းမြန္ၿပီး ျပစ္မႈကင္းရွင္းသူျဖစ္ရမည္ျဖစ္ပါတယ္။


- သင္တန္းတက္ေရာက္ေနစဥ္ ကာလအတြင္း အျခားသင္တန္းတစ္ခုခုတက္ေရာက္ေနသူမျဖစ္ရမပါ။


-သင္တန္းတက္ေရာက္စဥ္ကိုယ္လက္ႀကံ႕ခိုင္လႈပ္ရွားမႈမ်ား ေန႔စဥ္ေဆာင္ရြက္ရမည္ျဖစ္ပါ၍ ေရြးခ်ယ္ခံသည့္ သင္တန္းသူသည္ကိုယ္ဝန္ေဆာင္ျခင္းမရွိရပါ။


** သင္တန္းဝင္ခြင့္ သတ္မွတ္ပံုုစံအတိုင္းကိုယ္တိုင္ေရးသားျဖည့္သြင္းကာလက္မွတ္ေရးထိုးရမည္ျဖစ္ပါတယ္။


** ေလ်ွာက္လႊာကို ၂၀၂၀ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၁) ရက္ထက္ေနာက္မက်ေစဘဲ ေလ်ွာက္လႊာတင္မည့္ ပညာေရးေကာလိပ္တည္ရွိရာ တိုင္းေဒသႀကီး/ျပည္နယ္ရွိၿမိဳ႕နယ္တစ္ခုကို ကိုယ္စားျပဳ၍ ေလ်ွာက္ထားရမည္ျဖစ္ပါတယ္။ ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြက္ ေတာင္ငူပညာေရးေကာလိပ္တြင္ ေလ်ွာက္ထားႏိုင္ပါတယ္။ ပညာေရးဝန္ႀကီးဌာန (သို႔) ဦးစီးဌာနသို႔ တိုက္ရိုက္ေလ်ွာက္ထားျခင္းမျပဳရ။


** ေလ်ွာက္လႊာႏွင့္အတူ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ထုတ္ထားသည့္ တကၠသုိလ္ဝင္ေအာင္ျမင္သည့္ အေထာက္အထား(မိတၱဴ)၊ ဘြဲ႔လက္မွတ္(မိတၱဴ)၊ ႏိုင္ငံသားစိစစ္ေရး ကတ္ျပား(မိတၱဴ)ႏွင့္ (၆)လအတြင္း ရိုက္ကူးထားသည့္ ပတ္စပို႔စ္အရြယ္ ဓာတ္ပံု(၂) ပံုတို႔ကို ပူးတြဲတင္ျပရမည္ျဖစ္ပါတယ္။


** သတ္မွတ္ထားသည့္ အခ်က္အလက္မ်ားကိုတိက် ျပည့္စံုစြာေရးသားေဖာ္ျပထားျခင္းမရွိေသာ ေလ်ွာက္လႊာမ်ား၊ မမွန္မကန္ျဖည့္စြက္ေရးသား ေဖာ္ျပထားေသာ ေလ်ွာက္လႊာမ်ားႏွင့္အခ်ိန္မီ မေရာက္ရွိေသာ ေလ်ွာက္လႊာမ်ားအား ထည့္သြင္းစဥ္းစားမည္မဟုတ္ပါ။


** ပညာေရးေကာလိပ္အသီးသီးတြင္ တက္ေရာက္ခြင့္ရရွိသူမ်ားစာရင္းကို သက္ဆိုင္ရာပညာေရးေကာလိပ္မ်ားတြင္ ၂၀၂၀ခုႏွစ္၊ မတ္လအတြင္း ထုတ္ျပန္မည္ျဖစ္ပါတယ္။


** သင္တန္းတက္ေရာက္ခြင့္ရရွိသူမ်ားသည္ တကၠသိုလ္တန္းဝင္ေအာင္ျမင္ေၾကာင္းႏွင့္ ဘြဲ႔ရရွိမႈအေထာက္အထား(မူရင္း) တင္ျပ၍ သက္ဆိုင္ရာပညာေရးေကာလိပ္မ်ားမွ တိုက္ရိုက္စစ္ေဆးမည္ျဖစ္ပါတယ္။


** သင္တန္းတက္ေရာက္ခြင့္ရရွိသူမ်ားသည္ သင္တန္းၿပီးစီးေအာင္တက္ေရာက္ရမည္၊ မူလတန္းဆရာ အတတ္ပညာသင္တန္းၿပီးပါက အေျခခံပညာဦးစီးဌာန၊ အေျခခံပညာေက်ာင္းမ်ားတြင္ မူလတန္းျပအျဖစ္ အနည္းဆံုး (၃) ႏွစ္တာဝန္ထမ္းေဆာင္ပါမည္ဟု ဝန္ခံကတိလက္မွတ္ေရးထိုးရမည္ျဖစ္ပါတယ္။


** သင္တန္းၿပီးစီးေအာင္ မတက္ေရာက္ခဲ့လ်ွင္လည္းေကာင္း၊ ခန္႔ထားျခင္းခံရေသာ အေျခခံပညာေက်ာင္းမ်ားတြင္ တာဝန္မထမ္းေဆာင္ခဲ့လ်ွင္လည္းေကာင္းသတ္မွတ္ေလ်ာ္ေၾကး (၅) သိန္းက်ပ္ႏွင့္အတူ လစဥ္ေထာက္ပံ့ေၾကးကို ျပန္လည္ေပးေလ်ွာ္ရမည္ျဖစ္ပါတယ္။


Credit:ေၾကးမံု

News Latest Post News Read 1655 times