ကလေးငယ်များအတွက် မူကြိုမှ မူလတန်း အကူးအပြောင်းဟာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်

အရာရာကို သင်ယူမှတ်သားနေတဲ့ ကလေးငယ်ဘဝမှာ မူကြိုကနေ မူလတန်း အကူးအပြောင်းကာလဟာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုပါပဲ။ ဒီအကူးအပြောင်းမှာ ကလေးငယ်တွေဟာ မိဘနဲ့အတူ နေထိုင်လုပ်ကိုင်မှု လျော့နည်းသွားပြီးတော့ စည်းမျည်းအသစ်တွေ အပါအဝင် ပတ်ဝန်းကျင်သစ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတယ်လို့သိရပါတယ်။

ဒီကာလမှာ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်အသစ်အတွက် စိတ်ခံစားမှုဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်/ဘာသာစကားဖွံ့ဖြိုးမှုဆိုင်ရာ၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ နဲ့ စာရိတ္တဆိုင်ရာ ဖွံ့ဖြိုးမှုများ ကို ပြင်ဆင်ပေးနိုင်ရင် အောင်မြင်တဲ့ အကူးအပြောင်းဖြစ်လာပြီးတော့ မပြင်ဆင်နိုင်ရင် ကျောင်းမှာ ဖွံ့ဖြိုးမှုဆိုင်ရာ အခက်အခဲများ တွေ့နိုင်ခြင်း၊ သို့မဟုတ် ကျောင်းထွက်ခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်လို့သိရပါတယ်။ 

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာ ကျောင်းအခြေပြု မူကြိုကျောင်း ၃,၁၁၅ ကျောင်းမှာ၊ ဆရာ ၄,၅၁၇ ဉီးက ကျောင်းသား ၈၀,၆၅၈ ဉီးကို သင်ကြားပေးလျက်ရှိနေပါတယ်လို့သိရပါတယ်။

အထက်ဖော်ပြပါ အခက်အခဲတွေ ကျော်ဖြတ်နိုင်ဖို့နဲ့အတူ ပညာရေး အထူးလိုအပ်ချက်ရှိတဲ့ ကလေးများ၊ လူနည်းစု တိုင်းရင်းသား ကလေးများအပါအဝင် ကလေးငယ်တွေ ပတ်ဝန်းကျင်အသစ်မှာ ချောမွေ့နိုင်ဖို့အတွက် ပညာရေး ဝန်ကြီးဌာနက အရည်အသွေးရှိ သူငယ်တန်းပညာရေး အစီအစဉ်ကိုလည်း  အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်လို့သိရပါတယ်။

ကလေးသူငယ်များအတွက် အရည်အသွေး ပြည့်မီတဲ့ အစောပိုင်း ကာလသင်ကြား သင်ယူမှုကို ပံ့ပိုးပေးခြင်းဖြင့် ဒီမိုကရက်တစ်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ် တို့ကို အားကောင်းစေကြောင်း လေ့လာတွေ့ရှိချက်များအရ ပညာရေးဝန်ကြီးဌာနအနေနဲ့ “ရှေးဉီးအရွယ်ကလေးသူငယ် ပညာရေးကဏ္ဌ”  မှာ မဟာဗျုဟာများ ချမှတ်အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်းသည်ဟု သိရပါတယ်။

Source: Myanmar Digital Education Platform

Latest Post Read 594 times