မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲ ရက်ပြောင်းရွှေ့သတ်မှတ်

** Unicode **

COVID-19 သည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း (၁၁-၃-၂၀၂၀)တွင် WHO က သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။ 

COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာ ကူးစက် နိုင်ပါသဖြင့် လူစုလူဝေးများဖြင့်ကျင်းပရသည့် အစည်းအဝေးများ၊ အခမ်းအနားများ၊ ပွဲလမ်းသဘင်များအား မတ်လ (၁၃) မှ ဧပြီလ (၃၀) ရက်အထိ ရပ်ဆိုင်းထားပြီး မပြုလုပ်ကြရန် နိုင်ငံတောင်သမ္မတရုံးမှ (၁၃-၃-၂၀၂၀ ရက်စွဲပါ၊ စာ အမှတ်၊ ၇၀ (၂၃) / ၁/ သမ္မတရုံး) စာဖြင့်ညွှန်ကြားထားပြီးဖြစ်သည်။

Hostels (588) အဆောင်များနှင့် ပတ်သက်ပြီး (၅၈၈) ခုရှာရန်နှိပ်ပါ။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အနေဖြင့် COVID-19 ကူးစက်ရောဂါမှ ကြိုတင်ကာကွယ်ရန် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၏ ပထမနှစ်ဝက်စာမေးပွဲများကို (၂၅-၃-၂၀၂၀) ရက်မှ (၈-၄-၂၀၂၀) ရက်အထိ ကျင်းပ မည့်အစား (၇-၅-၂၀၂၀) ရက်မှ (၂၀-၅-၂၀၂၀) ရက်အထိ ပြောင်းလဲကျင်းပမည်ဖြစ်သည်။

Read More:>>> "B.Ed စာပေးစာယူသင်တန်းများကို ဧပြီ (၁၉) ရက်တွင်စတင်ဖွင့်လှစ်မည်"


ပြောင်းလဲမှုရှိပါက စာမေး ပွဲကျင်းပမည့်ရက်အား အချိန်နှင့်တပြေးညီ ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Credit:Transcom News Journal

 

** Zawgyi **



Hostels (588) အဆောင်များနှင့် ပတ်သက်ပြီး (၅၈၈) ခုရှာရန်နှိပ်ပါ။






News Tips Latest Post Read 7162 times