ပထမဆုံးအကြိမ် Borlaug နိုင်ငံတကာ စိုက်ပျိုးရေး သိပ္ပံနှင့် နည်းပညာ Fellowship အစီအစဉ် အတွက် ပညာတော်သင်များ ခေါ်ယူ

ပထမဆုံးအကြိမ် Borlaug နိုင်ငံတကာ စိုက်ပျိုးရေး သိပ္ပံနှင့် နည်းပညာ Fellowship အစီအစဉ် အတွက် ပညာတော်သင်များ ခေါ်ယူ

Fellowship အစီအစဉ် အတွက် ပညာတော်သင်များ ခေါ်ယူနေကြောင်း အမေရိကန်သံရုံး၏ ကြေညာချက်အရ သိရသည်။

ထိုအစီအစဉ်သည် သုတေသနပညာရှင်များနှင့် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် စိုက်ပျိုးရေုး သုတေ သန၊ စိုက်ပျိုးရေးစီးပွား၊ ခေါင်းဆောင်မှု၊ စိုက်ပျိုးရေး မူဝါဒများနှင့် စပ်လျဉ်း၍ သင်တန်းများ ဆက်လက်ပို့ချ ပေးမည် ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် မဟာဘွဲ့ရရှိထားပြီး သက်ဆိုင်ရာ ဘာသာရပ်တွင် အတွေ့အကြုံ နှစ်နှစ်ရှိကာ မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်၊ အစိုးရ၀န်ကြီးဌာန၊ သုတေသနအဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်သည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီလတွင် ထုတ်ပေးမည်

ယင်းအစီအစဉ်ကို အထက်ဖော်ပြပါ နယ်ပယ်သုံးခုအတွင်းမှ လေ့လာမှုတစ်ခုအကြောင်း အဆိုပြုလွှာဖြင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများသည် သင်တန်းကာလအတွင်း အမေရိကန်ပြည်ထောင်စု၌ ရက်သတ္တ ၁၀ ပတ်မှ ၁၂ ပတ်အထိ အမေရိကန်ပညာရှင်များနှင့် တစ်ဦးချင်း ပူးပေါင်းဆောင်ရွက် ရမည် ဖြစ်သည်။

ထိုသင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ အမေရိကန်ပညာရှင်သည် Fellowship ပညာတော်သင်၏ မိခင်နိုင်ငံရှိ အဖွဲ့အစည်းသို့ လာရောက်ကာ သက်ဆိုင်ရာ သုတေသန လုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။

အဆိုပြုလွှာများကို ဇန်န၀ါရီ ၂၆ ရက်မတိုင်မီ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖော်ပြပါရှိသည့် စာရွက်စာတမ်းနှင့် ၀က်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်သကဲ့သို့ [email protected] သို့လည်း အီးမေးလ်ပေးပို့ မေးမြန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ရွေးချယ်ခံ၇သည့် ပညာတော်သင်တစ်ဦးချင်းစီအတွက် အိမ်ရှင် အဖြစ် လက်ခံမည့် သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် အမေရိကန်ပညာရှင်ကို အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ရွေးချယ်ပေးမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

International Read 1797 times