မဲရုံမှူးနှင့် မဲရုံအဖွဲ့၀င်များအဖြစ် ဆရာ၊ ဆရာမ (၃၅၀၁)ဦး တာ၀န်ထမ်းဆောင်မည်

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကယားပြည်နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ မဲရုံမှူးနှင့် မဲရုံအဖွဲ့၀င်များအဖြစ် တာ၀န်ထမ်း ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် မဲရုံပေါင်း (၂၃၃)ရုံရှိရာ ဆရာ၊ ဆရာမ စုစုပေါင်း (၃၅၀၁)ဦးကို တာ၀န်ပေးအပ်မည်ဖြစ်ပါသည်။ မဲရုံတစ်ရုံလျှင် ပျမ်းမျှအားဖြင့် မဲရုံမှူးနှင့် မဲရုံအဖွဲ့၀င်(၁၀)ဦးကို တာ၀န်ပေးအပ်မည်ဖြစ်ကြောင်း၊

မဲရုံအနေအထားပေါ်မူတည်ပြီး မဲရုံအဖွဲ့ဝင် အတိုးအလျှော့ရှိနိုင်ကြောင်း၊ ဆရာ၊ ဆရာမများ မဲရုံတွင် တာ၀န်ထမ်းဆောင်နိုင်ရန် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ နာမည်စာရင်း ပေးပို့ထားပြီးဖြစ်ကြောင်း

ကယားပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးလူစီယားနို၏ ပြောကြားချက်အရ သိရှိရသည်။

 

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

လွိုင်ကော် သတင်းဌာနခွဲ

MRTV

Latest Post Read 1034 times