ကမ္ဘာ့ ကပ်ရောဂါအတွင်း ပညာရေးအတွက် တိုက်ပွဲဝင်ခြင်း

 

ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်း အခက်အခဲများကြောင့် အသက်‌မွေးဝမ်းကြောင်းများကိုသာမက စီးပွားရေးလုပ်ငန်းများကိုပါ ဆိုးဆိုးရွားရွားထိခိုက်စေလျက်ရှိပါသည်။

ထိုကပ်ရောဂါ ကြောင့် လူသန်းပေါင်းများစွာသည် စီးပွားရေး အကျပ်အတည်းများဖြစ်ကာ အလုပ်အကိုင်များ ဆုံးရှုံးခြင်း နှင့် လုပ်ခလစာဖြတ်တောက်ခြင်းများကို ခံစားခဲ့ရသည်။

သို့သော် ထိုသို့ထိခိုက်ဆုံးရှုံးမှုများတွင် အလုပ်လုပ်ကိုင်သော လူကြီးများသာမက ပညာသင်ကြားနေသော ကလေးများပါ ပါဝင်ပါသည်။

အစိုးရမဟုတ်သောအဖွဲ့အစည်း (အဲန်ဂျီအို) တစ်ခု ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံမှ Save the Children အဖွဲ့မှ Alberto Muyot သည် မြို့ပြတွင် နေထိုင်သည့် ဆင်းရဲနွမ်းပါးသည့် ကလေးများတွင် ထိုရောဂါဆိုး၏ သက်ရောက်မှုကို အခံစားရဆုံး ဖြစ်ကြောင်း ပြောကြားထားသည်။

လူသန်းပေါင်း ၃၄သန်းခန့် ကို ဆင်းရဲနွမ်းပါးမှုတွင် အဆိုးဆုံးအထိဖြစ်စေခဲ့သော ဤရောဂါဆိုးသည် ၂၀၂၀ အကုန်တွင် ထိုသို့သော ဆင်းရဲနွမ်းပါးသည့် ကလေးများ နှင့် ၎င်းတို့မိသားစုများ၏ အခြေအနေကိုပိုမိုဆိုးရွားစေမည် ဖြစ်သည်။

အချို့သောသူများမှာ အလွန်ကျပ်တည်းသည့် နေရာများတွင် နေထိုင်ရသည့်အပြင် ရေအလုံအလောက်မရခြင်း၊ သန့်ရှင်းသော အိမ်သာအသုံးမပြုရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး အတွက် လုံလောက်သော အထောက်အပံ့များ မရခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါ နေရန်နှင့် မကြာခဏ လက်ဆေးရန် စသော ကျန်းမာရေး လမ်းညွှန်ချက်များကို မလိုက်နာနိုင်ခြင်း အစရှိသော ပြဿနာများနှင့် ကြုံတွေ့ လျက်ရှိပါသည်။

အရှေ့တောင်အာရှရှိနိုင်ငံအချို့သည်ဗိုင်းရပ်စ်ထိန်းချုပ်မှုကိုတဖြည်းဖြည်းလျှော့ချပေးနေသော်လည်း အလုပ်လက်မဲ့ လူဦးရေပမာဏ တိုးပွားလာသည်နှင့် အမျှ ဒေသတွင်း စီးပွားရေးအကျပ်အတည်းနှင့် ဆက်လက် ရင်ဆိုင်နေရသည်။

ဥပမာအားဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခု ဖြစ်သောစင်္ကာပူနိုင်ငံ၏အလုပ်လက်မဲ့နှုန်းသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ယခုနှစ် ဒုတိယသုံးလပတ်တွင်အမြင့်ဆုံးအထိရောက်ရှိခဲ့သည်ဟု သတင်းများရရှိခဲ့သည်။ ရလဒ် အနေဖြင့် စီးပွားရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်လာကာ ၎င်းအရာများ ထိခိုက်မှုကြောင့် ကိုယ်ထိလက်‌ရောက်စော်ကားခြင်း၊ အရွယ်မတိုင်ခင် အိမ်ထောင်ပြုခြင်းများ နှင့် ကလေးအလုပ်သမားများ များပြားလာခြင်း စသည့် ဆုတ်ယုတ်မှုများနှင့် ကြုံတွေ့နေရပါသည်။

ထို့အပြင် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ ပြုလုပ်သောစစ်တမ်းတစ်ခုအရ လူငယ် ၁၀ ယောက်တွင် ၇ ယောာက်မှာ အိမ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ရသောကြောင့် စိတ်ဖိစီးမှု၊ စိုးရိမ်မှု နှင့် ပျင်းရိမှု တို့ကို ခံစားနေရကြောင်း ဖော်ပြထားသည်။

ထို့ အပြင် ကျောင်းသားထက်ဝက်ကျော်သည် ကျောင်းများ ကြာရှည်စွာ ပိတ်ထားရခြင်းကြောင့် ၎င်းတို့၏ပညာရေး၊ စာမေးပွဲများနှင့် ထပ်မံလေ့လာရန်အခွင့်အလမ်းများ နှင့်ပတ်သက်၍ စိုးရိမ်နေကြကြောင်း သိရသည်။

Save the Children အဖွဲ့၏ ပြောကြားချက်များအရ ကမ္ဘာပေါ်ရှိ ကလေး ၁၀ သန်းခန့်သည် coronavirus အကျပ်အတည်းကြောင့် "မကြုံစဖူးပညာရေးအရေးပေါ်အခြေအနေ" ကို ကြုံတွေ့နေရကာ ကျောင်းသို့ ပြန်လည်တက်ရောက်နိုင်ခြင်း မရှိမည့် ပြဿနာနှင့် ရင်ဆိုင်နေရပါသည်။

“လူ့သမိုင်းမှာပထမဆုံးအကြိမ်အနေနဲ့ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့မျိုးဆက်တစ်ခုလုံးရဲ့ပညာရေးဟာပြတ်တောက်သွားတယ်” ဟု NGO မှ 'Save Our Education' ခေါင်းစဉ်ဖြင့်အစီရင်ခံစာတွင်ဖော်ပြခဲ့သည်။

“ကွန်တော်တို့ဟာ လက်ခံနိုင်စွမ်း မရှိသည့် ငွေကြေး ဖြတ်တောက်မှုများအပြင် ချမ်းသာသူနှင့် ဆင်းရဲသူများ အကြား၊ ယောက်ျားလေးများနှင့်မိန်းကလေးများအကြား တွင် မညီမျှမှုများ ဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့နေရပါတယ်” ဟု Save the Children ၏အမှုဆောင်အရာရှိချုပ် Inger Ashing မှ ဆိုထားသည်။

ဆက်လက်၍ Ashing မှ “ မြို့ပြနှင့် ဝေးကွာသောဒေသမှ ဆင်းရဲသော ကလေးများက ဆုံးရှုံးမှုအကြီးမားဆုံးဖြစ်ပါတယ်။

သူတို့က လာမည့် ပညာသင်နှစ် တစ်ဝက်ခန့်မျှ အဝေးသင်ပညာရေး သို့မဟုတ် မည်သည့်ပညာရေးမျိူးကိုမှ မရနိုင်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်” ဟုဆိုထားပါသည်။

၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် ကျောင်းများပိတ်ခဲ့ရပြီး ၁.၅ ဘီလီယံကျော် သောကလေးများကို ဆုံးရှုံးမှုဖြစ်စေခဲ့ပါသည်။

အကျိုးဆက်အနေဖြင့် ကျောင်းများနှင့် အဖွဲ့အစည်းများသည် ယခုအခါ၎င်းတို့၏ကျောင်းသားများကိုအဝေးသင်သင်တန်းများပေးနေကြပြီဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ခွင့် လူတိုင်းတွင် မရှိပါဘူး။

ကုလသမဂ္ဂကနိုင်ငံပေါင်းသုံးပုံနှစ်ပုံကျော်သည်နိုင်ငံ၏အဝေးသင်လေ့လာရေးစင်တာကို ဆောင်ရွက်နိုင်ခဲ့သော်လည်း ဝင်ငွေနည်းသည့် နိုင်ငံများ၏ ၃၀ ရာခိုင်နှုန်းသာ ထိုကဲ့သိုသော သင်ကြားရေး စနစ်ကို လိုက်လံ ဆောင်ရွက်နိုင်ခဲ့သည် ဟု ဖော်ပြထားသည်။

အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေရာအတည် တကျမရှိသော ကလေးငယ်များ၊ အခြေခံအဆောက်အအုံအကန့်အသတ်ရှိသောစခန်းများ တွင် နေထိုင်သောကလေးငယ်များ နှင့် အင်တာနက်မရနိင်သည့် နေရာများမှ ကလေးငယ်များကို ပိုမိုသက်ရောက်စေသည်။

ဖြည့်စွက်ချက် အနေဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသော ရခိုင်တွင် အင်တာနက်လိုင်းများမှာ 3G မှ 4Gသို့ ကူးပြောင်းသော ကာလတွင် အင်တာနက်များ နှေးကွေးလျက် ရှိသောကြောင့် သတင်းအချက်အလက်များရရန် ခက်ခဲလျက်ရှိသည်။

လေ့လာမှုများအရ အင်တာနက်တိုးဖောက်မှုများမှာ တိုးတက်လာခဲ့သော်လည်း အရှေ့တောင်အာရှရှိသန်းပေါင်းများစွာသောသူတို့သည် တည်ငြိမ်ပြီး အကန့်အသတ်မဲ့သော အင်တာနက်ကို ရနိုင်ရန် ခက်ခဲလျက်ရှိသေးသည်။

ဥပမာ အားဖြင့် မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူတွင် မြန်နှုန်းမြင့်အင်တာနက်ကိုရနိုင်သော်လည်း တိုင်းပြည်၏ အခြားမြို့နယ်များတွင် ရသော အင်တာနက်နှုန်းများမှာ နှေးကွေးလျက်ရှိသည်။

အမှန်တကယ်တွင် အရှေ့ မလေးရှား၏ Sarawak ပြည်နယ် ၏အချို့သောနေရာများတွင်အင်တာနက်ဆက်သွယ်မှုလုံးဝမရှိပါ။

ထိုကဲ့သို့ အင်တာနက်မရသည်ကိုသိသာထင်ရှားစေသည်မှာ အရှေ့မလေးရှားပြည်နယ် Sabah မှကျောင်းသားတစ် ဦး ဖြစ်သည့် Veveonah Mosibin ၏ ဖြစ်ရပ်ကလေးကြောင့် ဖြစ်သည်။ သူမသည် အွန်လိုင်းတွင် စာမေးပွဲဖြေရန် အတွက် လိုင်းမိရန် သစ်ပင်ပေါ်သို့တက်ကာ ဖြေဆိုရသည့်ပုံကိုဗီဒီယို အဖြစ်တင်ခဲ့သောကြောင့် ဖြစ်သည်။

ထိုဗီဒီယိုမှာ ဟိုးလေးတကျော်ဖြစ်သွားပြီး မလေးရှားနိုင်ငံ၏ ဆက်သွယ်ရေးအဖွဲ့ အစည်း တစ်ခုဖြစ်သည့် the Malaysian Communications and Multimedia Commission (MCMC) မှ သတိပြုမိပြီး Veveonah၏ ကျေးရွာဖြစ်သည့် Kampung Bilangau Kecil တွင်အခြားကျောင်းသားများနှင့်ကျေးရွာသူချင်းများ အင်တာနက်သုံးစွဲမှုကိုတိုးတက်စေရန် ဆက်သွယ်ရေး တာဝါတိုင် တစ်ခု တည်ဆောက်ရန် စီစဉ်ပေးခဲ့သည်။

Malaysia’s Universiti Teknologi MARA ရှိ ဆက်သွယ်ရေးနှင့်မီဒီယာလေ့လာရေးဌာနမှအကြီးတန်းကထိက Nuurrianti Jalli မှ အရှေ့တောင်အာရှနိုင်ငံများမှ အစိုးရများကို ယခုလို ကိုရိုနာ ပျံ့ပွားမှုဖြစ်ပေါ်နေချိန် ပညာရေးနယ်ပယ်၌ ဆောင်ရွက်မှုများ ပြုလုပ်ကြရာတွင် ကျောင်းများရေရှည်ပိတ်မသွားရန် နည်းပညာထောက်ပံ့ပေးသူများ နှင့်အနီးကပ်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားထားသည်။

“ အရှေ့တောင်အာရှတွင်အင်တာနက်သုံးစွဲမှုနည်းပါးခြင်း” ဟူသောဆောင်းပါးတွင်ကျောင်းသားများသည် COVID-19 ကူးစက်ပျံ့နှံ့မှုကြားတွင်အွန်လိုင်းတွင်လေ့လာရန်မှာ ကျောင်းသားများအတွက်စိန်ခေါ်မှု တစ်ရက်အနေဖြင့်ရှိနေပြီး ၎င်းအနေဖြင့် အွန်လိုင်း သင်ကြားနိုင်ရန် ဆက်သွယ်နိုင်သည့် ကိရိယာတစ်ခုစီ ရှိသင့်ပြီး မိသားစုအားလုံး အတွက် အဆင်ပြေ သက်သာစေမည့် သင်ကြားရေးအစီအစဉ်များ ရှိသင့်ကြောင်း အကြံပြုထားသည်။

ကမ္ဘာတဝှမ်းရှိလူများသည် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေသည့် Covid - 19 ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်ရန် အတွက် ဆက်လက်လေ့လာမှု ပြုလုပ်ကြရန်မှာ မဖြစ်မနေလိုအပ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိသန်းပေါင်းများစွာသောကလေးများအတွက်ကျောင်းများသည် ၀င်ငွေကောင်းသောအလုပ်များ၊ အသက်မွေးဝမ်းကြောင်းများကို ဖော်ဆောင်ပေးသည့် အပြင် လူမှုနယ်ပယ်တွင် တိုးတက်စေဖို့ရာ အကောင်းဆုံးလှေကားထစ်များ ဖြစ်ပေသည်။

အမေရိကန်ပြည်ထောင်စု၏ (၄၁) ကြိမ်မြောက်သမ္မတ (US) ဖြစ်သည့် ဂျော့ခ်ျဒဗလျူဘုရှ်၏ အရိုးရှင်းဆုံး ပြောခဲ့သည့်အတိုင်း “ပညာရေးသည်အခွင့်အလမ်းအတွက်သော့ချက်ဖြစ်သည်။ ၎င်းသည်ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းစေသောလက်မှတ်ဖြစ်သည်” ထို့ကြောင့် ပညာရေးသည် အလွန်အရေးကြီး အခန်းတ္ငင် ပါဝင်နေသည်။

By Myanmar Education Guide - EDGE

Ref: The Asean Post

Latest Post Read 4308 times