Sales Hotline : 09448001653       Download App



မိသားစုကျန်းမာရေးအတွက် ဆေးပညာဘွဲ့လွန်သင်တန်းဖွင့်လှစ်ရန်ဆောင်ရွက်

** Unicode **

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံ (မိသားစု ကျန်းမာရေးဆေးပညာ) ဘွဲ့လွန်သင်တန်းကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစတင်ကာ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး) နဲ့ ဆေးတက္ကသိုလ် (၂) (ရန်ကုန်) တို့မှာ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍  ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံ (မိသားစု ကျန်းမာရေးဆေးပညာ) ဘွဲ့လွန်သင်တန်းအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်ကာ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး) နဲ့ ဆေးတက္ကသိုလ် (၂) (ရန်ကုန်) တို့မှာ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ တွင် စတင်စီစဉ် ဆောင်ရွက်မယ့် ဘွဲ့လွန်ဆေးပညာ သင်တန်းများနှင့် အတူ လျှောက်လွှာခေါ်ယူခြင်းကို ဆက်လက်ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရပါတယ်။

English (819) အင်္ဂလိပ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၈၁၉) ခုရှာရန်နှိပ်ပါ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထုကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်ပေးနိုင်ရန် ပြင်ပ အထွေထွေရောဂါကုဆရာဝန် (General Practitioners) များ တက်ရောက်နေသာ ဒီပလိုမာ သင်တန်းများအား အဆင့်မြှင့်၍ မာစတာဘွဲ့သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

Credit: Internet


** Zawgyi **





Credit: Internet

News Tips News Latest Post Read 927 times