ကျောင်းဖွင့်ချိန်တွင် ပြင်ပကျူရှင် နှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ကျောင်းများဖွင့်လှစ်ခွင့်မပြုသ

** Unicode **

အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ခွင့်ပြုသော်လည်း ပြင်ပကျူရှင် နှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ကျောင်းများ ဖွင့်လှစ်ခွင့်မပြုခြင်း မရှိသေးကြောင်း သိရပါတယ်။

အခြေခံပညာဦးစီးဌာနလက်အောက်ရှိ နဝမတန်းနှင့် ဒသမတန်းများကို လာမည့် ဇူလိုင်လ(၂၁) ရက်နေ့တွင် စတင်ဖွင့် လှစ်ပေးမည်ဖြစ်ပြီး သော်လည်း ပြင်ပကျူရှင် နှင့် ကိုယ်ပိုင်ဘာသာရပ်သင်သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်ပြုထားခြင်းမရှိသေးကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

“ ကျူရှင်က ဖွင့်ခွင့်မရှိဘူး။အပြင်ကျူရှင်ကော၊ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းတွေက အခု ဖြေလျော့တဲ့အထဲမှာ မပါ သေး ဘူး” ဟု အခြေခံပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၏ ပြောဆိုချက်အရသိရပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီ/ ဖြေလျော့ထားမှုတွင် အခြေခံပညာကျောင်းများ ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်း တော်ကြီးသင် ပညာရေးကျောင်း စသည့် (၃) ခုသာ ဖွင့်လှစ်ရန်ပါရှိပြီး ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ မပါသေးကြောင်း သိရပါတယ်။

“ ကျူရှင်တွေ ကိုယ်ပိုင်ဘာသာရပ်သင် ကျောင်းတွေ မပါသေးဘူး။အဲဒါတွေက ဖွင့်ခွင့် လောလောဆယ် မပါသေးဘူး” ဟု ဦးကိုလေးဝင်းက ပြောပါတယ်။

ထိုသို့ ဖွင့်လှစ်ခွင့်မပြုသေးကြောင်းကိုလည်း ညွှန်ကြားထားသည့်အတွက် ယင်းညွှန်ကြားချက်ကို လိုက်နာ ဆောင် ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Database Management (21) Database Management  နှင့်ပတ်သက်ပြီး သင်တန်း (၂၁) ခုရှာရန်နှိပ်ပါ။

COVId-19ရောဂါကြောင့် မြန်မာနိုင်ငံတွင် အခြေခံပညာဦးစီးဌာန လက်အောက်ရှိ နဝမတန်းနှင့်တက္ကသိုလ်ဝင် တန်း များကို ပုံမှန်ကာလထက် ( ၅၁ ) ရက်နောက်ကျပြီးမှသာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ဒုတိယ အပတ်တွင် တက္ကသိုလ်ဝင်တန်းနှင့်နဝမတန်းကိုကျောင်းအပ်နှံရေးလုပ် ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Credit: New Watch

 

** Zawgyi **









Credit: New Watch

News Tips Latest Post Read 37424 times