ဥရောပနိုင်ငံတွင် စာသင်ခန်း အကျယ်အဝန်းကို လျှော့ချရန် စီစဉ်နေ

ဥရောပနိုင်ငံ အတွင်းရှိ မူလတန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်နေကြသည်။ ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်ရာတွင် နှာခေါင်းစည်း များဝတ်ဆင်ပြီး  စာသင်ခန်းကျဉ်းကျဉ်းတွင် သင်ခန်းစာနည်းနည်းဖြင့် သင်ကြားရန်နှင့် တာဝန်ရှိသူများက ညွှန်ကြားခဲ့ကြောင်းသိရသည်။

စပိန်နိုင်ငံ ဆလာမန်ကာမြို့ရှိ ကျောင်းသားမိဘဖြစ်သူ ဒေးဗစ်ရိုဒရီကသူ၏ အသက်ခုနစ်နှစ်နှင့် ကိုးနှစ်အရွယ် သားနှစ်ဦးကိုကျောင်းသို့ ပို့ရန် စိုးရိမ်ကြောင်း ပြောသည်။ ယခုဆောင်ရွက်ချက်များသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန်အတွက် ပြီးပြည့်စုံခြင်းမရှိသေးကြောင်း မိဘများနှင့် ဆရာများက ပြောကြားခဲ့ကြောင်းသိရသည်။ 

ကလေးငယ်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပါက ရောဂါလက္ခဏာ အနည်းငယ်သာပြသော်လည်း၎င်းတို့မှတစ်ဆင့် မိသားစုအတွင်းရှိ အသက်အရွယ်ကြီး သူများထံကူးစက်ရန် အခွင့်အလမ်းများပြားကြောင်း ၎င်းကပြောကြားခဲ့ကြောင်းသိရသည်။

ရိုဒရီခေါင်းဆောင်သော ကျောင်းသားမိဘများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး  တွေ့ရှိသည်အထိ ကျောင်းသားများအား အဝေးသင်စနစ်ဖြင့် သင်ကြားရန်ခွင့်ပြုသင့်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

သို့သော်  စပိန်အစိုးရက ကျောင်းသားများအနေဖြင့် ကျောင်းများ  ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းတွင် တက်ရောက်သင်ကြားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန်အတွက် ကျောင်းသား တစ်ဦးချင်းသီးသန့်ထိုင်နိုင်သော စားပွဲနှင့် ခုံအရေအတွက် ၂ ဒသမ ၄သန်းကို မှာယူခဲ့သည်။  

အီတလီနိုင်ငံတွင် အသက် ၆ နှစ်အထက်ကလေးများ နှာခေါင်းစည်း ဝတ်ဆင်ရမည်ဟုလည်း ညွှန်ကြားချက်ထုတ်ပြန် ခဲ့ကြောင်းသိရသည်။ 

စပိန်နိုင်ငံ မက်ဒရစ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရန်အတွက် ကျောင်းများ၏အနီးတွင် ရွက်ဖျင်တဲ များဆောက်လုပ်ပြီး သင်ကြားစေခဲ့ကြောင်းသိရသည်။ 

Source : Mirror Daily 
 

Latest Post News Read 711 times