Erasmus Mundus ပညာသင်ဆုတက်ရောက်လိုသူများအတွက်

** Unicode **

Erasmus Mundus ရဲ့(၂၀၂၀-၂၀၂၁) ပညာသင်နှစ်အတွက် မဟာတန်းပညာသင်ဆု (၁၀၀) ကျော်တို့ကို လျှောက်ထားနိုင်မည်ဖြစ်ပါတယ်။

ဥရောပမှာ ပညာသင်ထောက်ပံ့ကြေးအပြည့်ဖြင့် မဟာဘွဲ့အတွက် သွားရောက်လေ့လာနိုင်မှာဖြစ်ပြီး ဒီပရိုဂရမ်ဟာဥရောပနိုင်ငံ (၂)နိုင်ငံ(သို့) (၃)နိုင်ငံတို့တွင် နိုင်ငံအရပ်ရပ်က အတန်းဖော်တွေနဲ့အတူ လေ့လာသင်ယူနိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်။

ပညာသင်ဆု (၁၀၀) ကျော်ပေးသွားမှာဖြစ်ပြီး လျှောက်တဲ့သူအနေနဲ့ အများဆုံးပရိုဂရမ် (၃) မျိုးအထိလျှောက်ထားနိုင်ပါတယ်။

Erasmus Mundus ပညာသင်ဆုရရှိသူများသည် နိုင်ငံတကာမှ ကျောင်းသားများကို ဥရောပ၏ အထင်ကရ တက္ကသိုလ်တွေမှာ (၁) နှစ် (သို့) (၂) နှစ်ပညာသင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။

ဘာသာရပ်အများစု၏ ပညာသင်ဆုလျှောက်ထားနိုင်တဲ့ကာလကတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အထိသာဖြစ်ပါတယ်။

ပညာသင်ဆုအစီအစဉ်မှာပါဝင်သည့် သိပ္ပံပညာ၊ နည်းပညာ၊ အနုပညာ၊ သတင်းပညာနဲ့ နိုင်ငံရေးပညာဆိုင်ရာ ဘာသာရပ်များစွာတို့နဲ့ ပညာသင်ဆုလျှောက်ထားနိုင်ပါတယ်။

https://bit.ly/2VrxMk1 တွင်အသေးစိတ်ဝင်ရောက် ကြည့်ရှု့နိုင်မည်ဖြစ်ပါတယ်။

Read More:>>> ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းဌာန (ရန်ကုန်) တွင် ဖွင့်လှစ်မည့်သင်တန်းများ

Erasmus Mundus Joint Master Degrees (EMJMD) Scholarship Programme For 2020-2021 ကပေးသည့်ပညာသင်ဆု အစီအစဉ်သည် EU နိုင်ငံ(၂)ခုမှာ သင်ကြားခွင့်ရမည့် Master အစီအစဉ်ဖြစ်ပါတယ်။

Credit: Internet

** Zawgyi **










Credit: Internet
 

Latest Post International Read 692 times