အင်ဂျင်နီယာဒီပလိုမာ ပညာသင်ဆု

အင်ဂျင်နီယာဒီပလိုမာ ပညာသင်ဆု

ပညာသင်ဆုကို ၁၀၀ ရာခိုင်နှုန်း နှင့် ၅၀ ရာခိုင်နှုန်းဆိုပြီး စုစုပေါင်းသင်တန်းသား ၈ ဦး ပေးမည်ဖြစ်ပါသည်။

ပညာသင်ဆုအတွက် ဒီပလိုမာများမှာ diploma in engineering (electrical and electronic), level 3 diploma in engineering (maintenance, installation and commission), level 3 diploma in construction (civil) engineering, level 2 diploma in refrigeration and air conditioning စသည်တို့ဖြစ်ပါသည်။

ထိုဒီပလိုမာသင်တန်းများကို City & Guilds ၏ သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ကြားမည် ဖြစ်ပြီး health and safety, environmental regulation, engineering management, aualty control, engineering planning and scheduling, engineering design, personal and professional development စသည့် ဘာသာရပ်များ ပါဝင်မည် ဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ် ဖြစ်ပါသည်။

ရာနှုန်းပြည့် ပညာသင်ဆု ရရှိသူများသည် သင်တန်းကြေး ၊ စာရွက်စာတမ်းကြေးများ ကင်းလွတ်မည်ဖြစ်ပြီး level 2 and 3 သင်တန်းများအတွက် အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားလိုသူများသည် စာမေးပွဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး အခမဲ့သင်တန်းတက်ရောက်ရမည် ဖြစ်သည်။

ပညာသင်ဆုအတွက် အင်ဂျင်နီယာနှင့် ပတ်သက်ပြီး စိတ်ဝင်စားသော ကျောင်းသား ၊ ကျောင်းသူများသည် ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပြီး လိုအပ်သော စာအုပ်စာတမ်းများကို အခမဲ့ထုတ်ပေးမည် ဖြစ်ပါသည်။

ပညာသင်ဆုကို Glory Education Center အမှတ် (၁၃၈/၁၄၀) ၊ ဒုတိယထပ် ၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့တွင် လျှောက်ထားရမည် ဖြစ်သည်။

Contact Detail

09-73121717, 09-5197817

 

Local Read 1834 times