မြန်မာကျောင်းသားများအတွက် အမေရိကန်အစိုးရရဲ့ ပညာသင်ဆု

မြန်မာကျောင်းသားများအတွက် အမေရိကန်အစိုးရရဲ့ ပညာသင်ဆု

ဘွဲ့လွန်အဆင့် ခြောက်ပတ်ကြာ လေ့လာသင်ယူနိုင်မည့် Study of the U.S. Institutes (SUSI) for Scholars အစီအစဉ်အတွက် အသက် (၃၀) မှ (၅၀) အရွယ် ဘွဲ့တစ်ခုရရှိထားပြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူများ လျှောက်ထားနိုင်သည်။

ဘွဲ့လွန်အဆင့် လေးပတ် ကြာ လေ့လာသင်ယူနိုင်မည့် Study of the U.S. Institutes (SUSI) for Secondary School Edu-cators (Teachers) အစီအစဉ်အတွက် အသက် (၃၀) မှ (၅၀) အရွယ် ဘွဲ့တစ်ခုရရှိထားသော မြန်မာကျောင်းဆရာများ လျှောက်ထား နိုင်သည်။

လူငယ်များ၏ ခေါင်းဆောင် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သုံးပတ်ကြာ လေ့လာသင်ယူခွင့် ရရှိမည့် Southeast Asia Youth Leadership Program (SEAYLP) အစီအစဉ်အတွက် အသက် (၁၅) နှစ်မှ (၁၇) အရွယ် ၊ အထက်တန်း (သို့မဟုတ်) တက္ကသိုလ်ပထမနှစ် ကျောင်းသားများ လျှောက်ထား နိုင်သည်။

ဘွဲ့ကြိုကျောင်းသားများ အမေရိကန်တက္ကသိုလ် (သို့မ ဟုတ်) ကောလိပ်တွင် ပညာသင် နှစ်ဝက်ကာလ လေ့လာသင်ယူခွင့် ရရှိမည့် Global Undergraduate Exchange Program အစီအစဉ် အတွက် အနည်းဆုံးအသက် (၁၈) နှစ်ပြည့်ပြီးသော တက္ကသိုလ်ပထမနှစ် ကျောင်းသားများ လျှောက် ထားနိုင်သည်။

အမေရိကန်အစိုးရသည် မြန်မာကျောင်းသားများအတွက် ဘွဲ့လွန်သင်တန်းအပါအ၀င် ကာလတိုပညာသင်ဆု အခွင့်အလမ်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာအစီအစဉ်အလိုက် ပညာသင်ဆုလျှောက်ထားရမည့် ကာ လများကို သတ်မှတ်ထားသည်။

Contact Detail

01-536509

Source: 7 day daily

Local Read 2084 times