စည်းကမ်းတင်းကျပ်မှုများ ဖြေလျော့ပြီးနောက် အချိန်ပြည့် ပြန်လည်တာဝန်ထမ်းဆောင်ရမည့် ပညာရေးဝန်ထမ်းများ

မန္တလေးတွင် စည်းကမ်းတင်းကျပ်မှုများ  ဖြေလျော့လာပြီးနောက်တွင် အလှည့်ကျပုံစံဖြင့် တာဝန်ထမ်းဆောင် နေရသော ပညာရေးဝန်ထမ်းများအား အလုပ်အချိန်အပြည့် ပြန်လည် တာဝန်ထမ်းဆောင်ရန် ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။

ပြည်တွင်း ကူးစက်မှုနှုန်းများမှာ  ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ များပြားလာသောကြောင့် နိုင်ငံ့ အစိုးရဝန်ထမ်းများအား တစ်ရက်ခြား ရုံးလုပ်ငန်းများ  ဆောင်ရွက်ရန် ပညာရးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မှ ညွှန်ကြားခဲ့သည်။

လက်ရှိတွင် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးပြည်နယ် အချို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများတွင် ရောဂါကူးစက်ခံရမှု များကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ကြောင်း စိစစ်တွေ့ရှိလာရပါသည်။ 

ထို့အတွက်ကြောင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Stay at Home  အစီအစဥ်တွင် အကျုံးဝင်ခြင်းမရှိသည့် မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာလ ၇ ရက် မှ စတင်ကာ မူလအတိုင်း အလုပ်ချိန်အပြည့် ပြန်လည်တာဝန်ထမ်းဆောင်ရန် ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပညာရေးဝန်ကြီးဌာနကို အကြောင်းကြားခဲ့ကြောင်း သိရပါသည်။

အဆိုပါ ညွှန်ကြားချက်များအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ပညာရေးမှူရှုံး၊ မြို့နယ်ပညာရေးမှုးရုံး၊ အခြေခံပညာ‌ကျောင်းများအထိ သိရှိလိုက်နာရန် မန္တလေးတိုင်းဒေသကြီး ပညာ‌ရေးမှူးရုံးက ထပ်ဆင့်ညွှန်ကြားထားသည်။ 
 
သို့ဖြစ်ပါ၍ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများ နေ့စဥ် ရုံးတက်ရုံးဆင်း ဆောင်ရွက် ရာတွင် ကြို/ပို့  ယာဥ်များ‌ပေါ်၌ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ အတိုင်း စီးနင်းနိုင်ရန် စီစဥ်ဆောင်ရွက်ထားရမည် ဖြစ်ပြီး ဝန်ထမ်းများအားလုံးသည် အထက်ပါညွှန်ကြားချက်များကို အတိအကျ လိုက်နာရန် လိုအပ်ပါသည်။

ယခုအခါတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ငါးခုတွင် ကိုဗစ်-၁၉ အတည်ပြုလုနာများ များပြားလာသောကြောင့် Stay at Home အစီအစဥ်ကို ဒီဇင်ဘာလ ၅ရက်နေ့မှ စတင်ကာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေကြပြီး စည်းကမ်းမလိုက်နာသူများကို ဒဏ်ငွေများ ပေးဆောင်စေသည့် ပုံစံဖြင့် အ‌ရေးယူလျက်ရှိကြောင်း သိရသည်။

By Myanmar Education Guide (EDGE) 

Latest Post Read 11237 times