Sales Hotline : 09448001653       Download App



ထိုင်းမှာ ကျောင်းတက်ဖို့ အိမ်မက်ရှိသူတိုင်း သွားသင့်တဲ့ ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပွဲကြီး

AMAUT - ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းမှ ကြီးမှူးပြီး ထိုင်းနိုင်ငံမှ ထိပ်သီးတက္ကသိုလ် (၃၀) ကျော် ပါ၀င်ပြသမယ့် (၇) ကြိမ်မြောက် ထိုင်းနိုင်ငံကျောင်းပေါင်းစုံ ပညာရေးပြပွဲကြီးကို ဧပြီလ (၇) ရက်နေ့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

 

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ နိုင်ငံတကာ အသိအမှတ်ပြု O level နဲ့ A level တက်ရောက်နေသူများ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ ဘွဲ့လွန်တက်ရောက်ချင်သူများ၊ Scholarship ပရိုဂရမ်များကို စိတ်ဝင်စားသူများအတွက် သွားရောက်လေ့လာသင့်တဲ့ ပညာရေးပြပွဲကြီးဖြစ်ပါတယ်။ 

 

ပွဲကို ဘယ်လိုလူတွေ သွားရောက်လေ့လာသင့်လည်း?

  • အထက်တန်း မအောင်မြင်သေးတဲ့ ကျောင်းသား/သူတွေအတွက် Foundation program တွေအကြောင်း လေ့လာလိုသူတွေ 
  • HND, GED, IGCSE Results တွေ ရထားပြီး ဘယ်ကျောင်းကို ရွေးချယ်ရမလည်း မသိသေးတဲ့ ကျောင်းသားတွေ
  • English Test Results တွေ မရှိသေးပေမဲ့ ကျောင်းလျှောက်လို့ရမလားလို့ သိချင်နေတဲ့ ကျောင်းသားတွေ
  • ထိုင်းမှာ ခဏ ကျောင်းတက်ပြီး dual program | exchange program တွေနဲ့ တစ်ခြားနိုင်ငံကို ကူးချင်သူတွေ 
  • သက်ဆိုင်ရာ ကျောင်းက တာဝန်ရှိသူတွေနဲ့ ကိုယ်တိုင် စကားပြော မေးမြန်းချင်တဲ့ မိဘတွေအတွက် အဆင်ပြေမယ့် ပညာရေးပွဲကြီးပါ။  

 

ပွဲမှာ သွားရောက်လေ့လာမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ?

  • တစ်ခါတည်း ကျောင်းလျှောက်လို့ရမယ့် အခွင့်အရေး 
  • 25% -100% scholarships တွေ ပေးတဲ့ ကျောင်းတွေမှာ scholarships အတွက် ပြင်ဆင်ရပုံကို မေးမြန်းနိုင်ခြင်း
  • ပွဲမှာ ပါဝင်မယ့် ထိုင်းတက္ကသိုလ်များမှ Professors/ တာဝန်ရှိသူများထံမှ မိမိ ပညာရေးအတွက် free consultation များ ရယူနိုင်ခြင်း 
  • နောက်ဆုံးပေါ် ပညာရေးလမ်းကြောင်းတွေ၊ နိုင်ငံတကာ Pathways အမျိုးမျိုးတို့ကို လေ့လာနိုင်ခြင်း 
  • ထိုင်းနိုင်ငံမှ ထိပ်တန်းတက္ကသိုလ် (၃၀) ကျော်ကို တစ်နေရာတည်းမှာ လေ့လာနိုင်မှာဖြစ်တာကြောင့် အချိန်ကုန် သက်သာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ 

 

ပွဲကို အခမဲ့ သွားရောက်လေ့လာနိုင်တဲ့အပြင် အထက်ပါ အချက်တွေကြောင့် ဒီအခွင့်အရေးကို လုံးဝ လက်လွတ်မခံဖို့ တိုက်တွန်းပါရစေ။ 

 

ပွဲမှာ ပါဝင်မယ့် တက္ကသိုလ်များစာရင်း

 

 

ပွဲအသေးစိတ်အချက်အလက်

နေ့ရက် - ဧပြီလ  ၇ ရက်နေ့ ၂၀၂၄ (တနင်္ဂနွေနေ့)

အချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ

နေရာ - Sedona Hotel, Yangon 

အောက်တွင်ပေးထားသော link တွင် စာရင်းပေးသွင်းရန် 

Register here >> https://forms.gle/zxpmxSnHtGDwbjf99

 

ပွဲနဲ့ပတ်သက်ပြီး အချက်အလက် တစ်စုံတစ်ရာ စုံစမ်းမေးမြန်းချင်တယ်ဆိုရင် အောက်က Facebook Page မှာ သွားရောက် မေးမြန်းနိုင်ပါတယ်။ 

>> https://www.facebook.com/AMAUT2016

 

#Credit to AMAUT#

Latest Post Local News University / College Read 338 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176