EC ကိုယ်ပိုင်အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ပညာသင်ဆုအတွက် လျှောက်လွှာခေါ်ယူခြင်း

EC ကိုယ်ပိုင်အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ပညာသင်ဆုအတွက် လျှောက်လွှာခေါ်ယူခြင်း

၂. ယခုနှစ် န၀မတန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူတိုင်း လျှောက်ထားနိုင်ပါသည်။

(က) ရေးဖြေစာမေးပွဲကို န၀မတန်းသင်ရိုးအတိုင်း မြန်မာစာ စာစီစာကုံး၊ အင်္ဂလိပ်စာ (Essay & Letter) ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ပါဝင်သော သုံးနာရီမေးခွန်းလွှာကို ဖြေဆိုရပါ့မည်။

(ခ) ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့နှုတ်ဖြေ စစ်မေးပြီး အပြီးသတ် ရွေးချယ်ပါမည်။

(ဂ) နယ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် နီးစပ်ရာ ခရိုင် (သို့မဟုတ်) ပြည်နယ်/တိုင်းဒေသကြီး မြို့တော်များတွင် ရွေးချယ်ရေး စာမေးပွဲများကို ကျင်းပပေးပါမည်။

(ဃ) ပထမအဆင့် (First Class) အနေဖြင့် ရွေးချယ်ခံရသူများသည် EC ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ပညာသင်နှစ် တစ်နှစ်တာ သင်ကြားရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး စရိတ်အားလုံး (လုံးဝ) ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ပါသည်။

(င) ဒုတိယအဆင့် (Second Class) အနေဖြင့် ရွေးချယ်ခံရသူများသည် သင်ကြားရေးစရိတ် ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ပါသည်။

လျှောက်ထားလိုသူများသည် အမည်၊ အဖအမည်၊ ကျောင်းနှင့် တန်းခွဲ၊ ဆက်သွယ်ရန် လိပ်စာ၊ ရရှိခဲ့ဖူးသော ထူးချွန်ဆုများကို ဖော်ပြလျက် (၂၈-၂-၂၀၁၇) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထား နိုင်ပါသည်။

Contact Detail

၀၉-၂၆၄၂၀၀၀၅၇၊ ၀၉-၂၆၄၂၀၀၀၅၈

Ref:ကြေးမှုံ

Local Read 1946 times