KG+12 စနစ်သစ်ပညာရေးရဲ့ ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်းက ကျောင်းထွက်နှုန်းကို လျော့ကျစေသလား

ယခင်နှစ် များစွာက အာဆီယံဒေသတွင်းနိုင်ငံတွေ နဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ နှိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံအနေနဲ့ ကျောင်းထွက်နှုန်းမြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ သတ်မှတ်ခံခဲ့ရတဲ့ မှတ်တမ်းဟောင်းများစွာ ရှိခဲ့ဖူးပါတယ်လို့သိရပါတယ်။
 
ကျောင်းထွက်နှုန်း မြင့်မားရခြင်း ရဲ့ အဓိက အကြောင်းရင်းတွေက ဆင်းရဲနွမ်းပါးခြင်း၊  ကျောင်းတက်ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း နဲ့ ကျောင်းနေမပျော်ခြင်း စတဲ့ အချက်တွေကြောင့်ပါပဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မှာတော့ အကြိုသန်းခေါင်စာရင်းကောက်ယူမှု စာရင်းများအရ အလယ်တန်းနဲ့ အထက်တန်း ကျောင်အပ်နှံမှုများ များစွာ မြင့်တက်လာခဲ့ပြီး မူလတန်း အဆင့် ကျေင်းထွက်နှုန်းက ၁% အောက်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကျောင်းထွက်နှုန်းလျော့ကျစေခဲ့တဲ့ အကြောင်းရင်းတစ်ချက်ကတော့ ပြောင်းလဲလိုက်တဲ့ KG+12 စနစ်သစ်ပညာရေး၏ သင်ကြားရေးနည်းစနစ်တစ်ခုဖြစ်တဲ့ CCA (Child-Centered Approach) ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်းကြောင့် ကလေးများ ကျောင်းစာတွင် ပိုမိုစိတ်ဝင်စားပြီး တက်ကြွပျော်ရွှင်စွာ သင်ကြားသင်ယူမှုများ ပြုလုပ်လာခြင်းဆိုတဲ့ အကြောင်းတစ်ချက်လည်းပါပါတယ်။

ထို့ကြောင့် ကလေးများ ကျောင်းနေပျော်၍ ကျောင်းထွက်နှုန်းဆက်လက် လျော့ကျ စေရေးအတွက် ဆရာ/မ၊ မိဘ၊ ရပ်ရွာတို့ပူးပေါင်းပြီး မိမိဒေသတွင်းရှိ သင်ထောက်ကူ ပစ္စည်းများနဲ့  CCA နည်းလမ်းကောင်းများကို စဉ်ဆက်မပြတ်  အသုံးပြု ပံ့ပိုးပေးနိုင်ပါရန် နိုးဆော်တင်ပြအပ်ပါတယ်။

Myanmar Digital Education Platform

Latest Post Read 1866 times