အဝေးသင်တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် ကျောင်းသား/သူများအတွက်

** Unicode ** 

အဝေးသင်တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် ကျောင်းသား/သူများကို သက်ဆိုင်ရာတက္ကသိုလ်များက ဖေဖော်ဝါရီ (၂) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံနေပြီး မေလကုန် နောက်ဆုံးကျောင်းအပ်ရမည်ဖြစ်ကြောင်း တက္ကသိုလ်များကကြေညာထားပါတယ်။

သတ်မှတ်ထားသော ကျောင်းအပ်လက်ခံရက်ထက် နောက်ကျပါက ယခုပညာသင်နှစ်တွင် ကျောင်းဝင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရပါတယ်။

ဒုတိယနှစ်နှင့်အထက် သင်တန်းများအတွက် ပထမနှစ်ဝက်စာစဉ်များကို ဇွန်လ (၃၀) ရက်အထိလက်ခံမည်ဖြစ်ပြီး ဒုတိယနှစ်ဝက် စာစဉ်များကို သြဂုတ်လ (၃၁) ရက်နောက်ဆုံးတင်သွင်းရမည်ဖြစ်ပါတယ်။

အဝေးသင် သင်တန်းများ၏ သတ်မှတ်ချက်ဖြစ်သော Assignment စာစဉ်များကို သက်ဆိုင်ရာကျောင်းများတွင် မပျက်မကွက် အချိန်မီတင်သွင်းရန်နှင့် သိပ္ပံလက်တွေ့တန်း၊ နည်းပြတန်းနှင့် ဝိဇ္ဇာအနီးကပ်သင်တန်းများကို အချိန်ပြည့်တက်ရောက်ရန် ကျောင်းသား/သူများအား အသိပေးထားပါတယ်။

အဝေးသင်တက္ကသိုလ်များ၏ အတန်းတင်စာမေးပွဲများကို ပညာသင်နှစ် တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပ ပါတယ်။

စာစဉ်များတင်သွင်းထားပြီးသတ်မှတ်ရက်အတွင်း စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းပြီးမှသာ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဟု အဝေးသင်တက္ကသိုလ်များက ကြေညာထားပါတယ်။

၎င်းပြင် သိပ္ပံဘာသာရပ်အထူးပြုသင်တန်းများသည် သိပ္ပံလက်တွေ့သင်တန်းကို (၇၅%)တက်ရောက်ပြီးမှသာ စာမေးပွဲဖြေဆိုခွင့်ရမည်ဖြစ်ပါတယ်။

အဝေးသင် သင်တန်းများကျောင်းအပ်နှံခြင်း၊ ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းရပ်နားခြင်း၊ ကျောင်းမှနှုတ်ထွက်ခြင်း စသည့်သင်တန်းရေးရာနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ကျောင်းသား/သူကိုယ်တိုင် ကျောင်းသို့လာရောက် ဆက်သွယ်ဆောင်ရွက်ရန်နှင့် ထိုကိစ္စများဆောင်ရွက်ရာတွင် ပေးသွင်းရသည့် သတ်မှတ်ငွေကြေးမှအပ အခြားငွေကြေးများ တစ်စုံတစ်ရာပေးရန်မလိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ကြေညာထားကြောင်းလည်း သိရပါတယ်။

Read More:>>>  ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ ပထမႏွစ္ဝက္စာေမးပြဲ ရက္ေျပာင္းေ႐ႊ႕သတ္မွတ္

ပြီးခဲ့သည့် ပညာသင်နှစ်က အဝေးသင်တက္ကသိုလ် တက်ရောက်နေသော ကျောင်းသား/သူ ခြောက်သိန်းခန့်ရှိပြီး ဘွဲ့ကြို (Day)တက်ရောက်သူထက် နှစ်ဆခန့်များပြားပါတယ်။

Badminton (1) ဘတ္မင္တန္ သင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

မိမိတက်ရောက်မည့် ကျောင်းများ၏ ထုတ်ပြန်ချက်များကို စောင့်ကြည့်ပေးရန်နှင့် အသေးစိတ်အချက်အလက်များသိလိုပါက ဖုန်းဆက်၍ မေးမြန်းကြရန် လိုအပ်ပါတယ်။ 
(www.edge.com.mm)
Credit: 7Day News

** Zawgyi **

အေဝးသင္တကၠသုိလ္ ဒုတိယႏွစ္ႏွင့္အထက္ ေက်ာင္းသား/သူမ်ားကို သက္ဆိုင္ရာတကၠသုိလ္မ်ားက ေဖေဖာ္ဝါရီ (၂) ရက္မွ စတင္၍ ေက်ာင္းအပ္လက္ခံေနၿပီး ေမလကုန္ ေနာက္ဆံုးေက်ာင္းအပ္ရမည္ျဖစ္ေၾကာင္း တကၠသုိလ္မ်ားကေၾကညာထားပါတယ္။

သတ္မွတ္ထားေသာ ေက်ာင္းအပ္လက္ခံရက္ထက္ ေနာက္က်ပါက ယခုပညာသင္ႏွစ္တြင္ ေက်ာင္းဝင္ခြင့္ျပဳမည္မဟုတ္ေၾကာင္း သိရပါတယ္။

ဒုတိယႏွစ္ႏွင့္အထက္ သင္တန္းမ်ားအတြက္ ပထမႏွစ္ဝက္စာစဥ္မ်ားကို ဇြန္လ (၃၀) ရက္အထိလက္ခံမည္ျဖစ္ၿပီး ဒုတိယႏွစ္ဝက္ စာစဥ္မ်ားကို ၾသဂုတ္လ (၃၁) ရက္ေနာက္ဆံုးတင္သြင္းရမည္ျဖစ္ပါတယ္။

အေဝးသင္ သင္တန္းမ်ား၏ သတ္မွတ္ခ်က္ျဖစ္ေသာ Assignment စာစဥ္မ်ားကို သက္ဆိုင္ရာေက်ာင္းမ်ားတြင္ မပ်က္မကြက္ အခ်ိန္မီတင္သြင္းရန္ႏွင့္ သိပၸံလက္ေတြ႔တန္း၊ နည္းျပတန္းႏွင့္ ဝိဇၨာအနီးကပ္သင္တန္းမ်ားကို အခ်ိန္ျပည့္တက္ေရာက္ရန္ ေက်ာင္းသား/သူမ်ားအား အသိေပးထားပါတယ္။

အေဝးသင္တကၠသုိလ္မ်ား၏ အတန္းတင္စာေမးပြဲမ်ားကို ပညာသင္ႏွစ္ တစ္ႏွစ္လ်ွင္ တစ္ႀကိမ္က်င္းပ ပါတယ္။

စာစဥ္မ်ားတင္သြင္းထားၿပီးသတ္မွတ္ရက္အတြင္း စာေမးပြဲဝင္ခြင့္ ေလ်ွာက္လႊာတင္သြင္းၿပီးမွသာ စာေမးပြဲဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္ဟု အေဝးသင္တကၠသုိလ္မ်ားက ေၾကညာထားပါတယ္။

၄င္းျပင္ သိပၸံဘာသာရပ္အထူးျပဳသင္တန္းမ်ားသည္ သိပၸံလက္ေတြ႔သင္တန္းကို (၇၅%)တက္ေရာက္ၿပီးမွသာ စာေမးပြဲေျဖဆိုခြင့္ရမည္ျဖစ္ပါတယ္။

အေဝးသင္ သင္တန္းမ်ားေက်ာင္းအပ္ႏွံျခင္း၊ ေက်ာင္းေျပာင္းေရႊ႕ျခင္း၊ ေက်ာင္းရပ္နားျခင္း၊ ေက်ာင္းမွႏႈတ္ထြက္ျခင္း စသည့္သင္တန္းေရးရာႏွင့္စပ္လ်ဥ္းသည့္ ကိစၥရပ္မ်ားကို ေက်ာင္းသား/သူကိုယ္တိုင္ ေက်ာင္းသို႔လာေရာက္ ဆက္သြယ္ေဆာင္ရြက္ရန္ႏွင့္ ထိုကိစၥမ်ားေဆာင္ရြက္ရာတြင္ ေပးသြင္းရသည့္ သတ္မွတ္ေငြေၾကးမွအပ အျခားေငြေၾကးမ်ား တစ္စံုတစ္ရာေပးရန္မလိုအပ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ ေၾကညာထားေၾကာင္းလည္း သိရပါတယ္။

Read More:>>>  ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ ပထမႏွစ္ဝက္စာေမးပြဲ ရက္ေျပာင္းေ႐ႊ႕သတ္မွတ္

ၿပီးခဲ့သည့္ ပညာသင္ႏွစ္က အေဝးသင္တကၠသုိလ္ တက္ေရာက္ေနေသာ ေက်ာင္းသား/သူ ေျခာက္သိန္းခန္႔ရွိၿပီး ဘြဲ႔ႀကိဳ (Day)တက္ေရာက္သူထက္ ႏွစ္ဆခန္႔မ်ားျပားပါတယ္။

Badminton (1) ဘတ္မင္တန္ သင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

မိမိတက္ေရာက္မည့္ ေက်ာင္းမ်ား၏ ထုတ္ျပန္ခ်က္မ်ားကို ေစာင့္ၾကည့္ေပးရန္ႏွင့္ အေသးစိတ္အခ်က္အလက္မ်ားသိလိုပါက ဖုန္းဆက္၍ ေမးျမန္းၾကရန္ လိုအပ္ပါတယ္။ 
(www.edge.com.mm)
Credit: 7Day News

News Tips Latest Post Read 27752 times