အဝေးသင် ပ/ဒု/တ အသုတ်များရဲ့ သင်တန်းကာလနှင့် စာမေးပွဲအချိန်စာရင်းများ

 

၂၀၂၄ ပညာသင်နှစ်၏ အဝေးသင် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်များအတွက် အထူးပြုဘာသာရပ်နှင့် စာသင်နှစ်အလိုက် သင်တန်းကာလများနှင့် စာမေးပွဲအချိန်စာရင်းများကို အောက်တွင် အပြည့်အစုံကြည့်ရှုနိုင်ပါသည်။ 

 

အဝေးသင်ပထမအသုတ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် အဝေးသင်သိပ္ပံ (သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ) အထူးပြုဘာသာရပ်များ၏ သင်တန်းကာလနှင့် စာမေးပွဲကာလများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) သင်တန်းကာလ - ၁၃.၁.၂၀၂၄ ရက်နေ့မှ ၁.၉.၂၀၂၄ ရက်နေ့အထိ။ (အပတ်စဉ် စနေ၊ တနင်္ဂနွေ)

(ခ) ကိုယ်ပိုင်စာကြည့်ချိန် - ၂.၉.၂၀၂၄ ရက်နေ့မှ ၃၀.၉.၂၀၂၄ ရက်နေ့အထိ။

(ဂ) စာမေးပွဲကာလ - ၁.၁၀.၂၀၂၄ ရက်နေ့မှ ၇.၁၀.၂၀၂၄ ရက်နေ့အထိ။

 

အဝေးသင်ဒုတိယသုတ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် အဝေးသင်ဝိဇ္ဇာ (အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ အရှေ့တိုင်းပညာ) အထူးပြုဘာသာရပ်များ၏ အနီးကပ်သင်တန်းနှင့် စာမေးပွဲကာလများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) အနီးကပ်သင်တန်း - ၉.၁၀.၂၀၂၄ ရက်နေ့မှ ၂၁.၁၀.၂၀၂၄ ရက်နေ့အထိ။ 

(ခ) စာမေးပွဲကာလ - ၂၄.၁၀.၂၀၂၄ ရက်နေ့မှ ၃၀.၁၀.၂၀၂၄ ရက်နေ့အထိ။

 

အဝေးသင်တတိယအသုတ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် အဝေးသင်ဝိဇ္ဇာ (မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံပညာ) အထူးပြုဘာသာရပ်များ၏ အနီးကပ်သင်တန်းနှင့် စာမေးပွဲကာလများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) အနီးကပ်သင်တန်း - ၁.၁၁.၂၀၂၄ ရက်နေ့မှ ၁၀.၁၁.၂၀၂၄ ရက်နေ့အထိ။ 

(ခ) စာမေးပွဲကာလ - ၁၂.၁၁.၂၀၂၄ ရက်နေ့မှ ၂၀.၁၁.၂၀၂၄ ရက်နေ့အထိ။

------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide
 

Latest Post Local News Read 1611 times