coronavirus ကူးစက်ရောဂါသည် ရန်ပုံငွေဖြင့်ရုန်းကန်နေရသော ကျောင်းများအတွက် ပညာရေးစနစ်ကို အဝေးမှ သင်ယူရန် မလွှဲမရှောင်သာ ဖြစ်နေစေသဖြင့် ဖိလစ်ပိုင်ရှိ မူလတန်းကျောင်းများမှ အထက်တန် းကျောင်းများအထိ ကျောင်းသားများသည် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ အိမ်တွင်စာသင်ကြားရသည်ဟုသိရသည်။
အဝေးမှသင်ကြားရသော ပညာရေးဆီကို ပြောင်းရွှေ့ရခြင်းသည် စာသင်ခန်းများ၊ ဆရာများနှင့် ပညာရေးဆိုင်ရာ ပစ္စည်းကိရိယာများ လုံလောက်စွာ မရှိသည့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံနေရသော အရှေ့တောင်အာရှနိုင်ငံအတွက် ထောက်ပံ့ပို့ဆောင်ရေး အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့သည်ဟုသိရသည်။
ယခုနှစ်မှာကျောင်းသား ၂၅ သန်းနီးပါး ကျောင်းပြန်တက်ခဲ့ကြပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရကျောင်းပေါင်း ၄၇၀၀၀ မှ အများစုဟာ အိမ်တွေမှာ သင်ယူစေပြီး မိဘနှင့် အုပ်ထိန်းသူတွေက တွဲဖက်ဆရာတွေအဖြစ် သင်ကြားပေးရမည်ဟုသိရသည်။
အထူးသဖြင့် မိသားစုအများစုသည် ဆင်းရဲနွမ်းပါးပြီး ကျေးလက်နေ လူထုများအား အစိုးရမှထောက်ပံ့ထားသော ဒီဂျစ်တယ် သို့မဟုတ် ပုံနှိပ်ထားသည့် သင်ထောက်ကူပစ္စည်းများ သို့မဟုတ် ပုံနှိပ် “သင်ရိုးညွှန်းတမ်းများ” ကို ရွေးချယ်အသုံးပြုရန်ကြသည်ဟု သိရသည်။ သတ်မှတ်ထားသော လုပ်ငန်းများကို မလုပ်ဆောင်မီ ကျောင်းသားများသည် အုပ်ထိန်းသူမိဘများ၏ လမ်းညွှန်မှုဖြင့် အိမ်တွင်စာသင်ကြားရလိမ့်မည်ဟု သိရသည်။ အများစုမှာ ကွန်ပျူတာများနှင့် အင်တာနက်ဆက်သွယ်မှုများ မရှိခြင်းကြောင့် ဆရာများသည် မေးခွန်းများကို တယ်လီဖုန်းဖြင့်ဖြေဆိုနိုင်ပါသည်ဟုသိရသည်။
အချို့မိသားစုများသည် သူတို့၏ ကလေးများကို အွန်လိုင်း သို့မဟုတ် ဒေသဆိုင်ရာရေဒီယိုနှင့် ရုပ်မြင်သံကြားပညာပေးအစီအစဉ်များမှ သင်ခန်းစာများသင်ယူရန် ပိုမိုသဘောကျကြသည်ဟုသိရသည်။
"ထိုစနစ်သည် ပြီးပြည့်စုံမှုမရှိပါ။ ပြောင်းလွယ်ပြင်လွယ်သင်ကြားမှုကို ပြောင်းလိုက်တာနဲ့ပြဿနာတွေ ရှိနိုင်ပါတယ်။ သို့ပေမယ့် ပညာရေးဌာနက ထိုစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွနု်ပ်တို့ယုံကြည်တယ်" ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ Harry Roque ကပြောကြားခဲ့သည်။
မတ်လလယ်တွင် စာသင်ချိန်ခေတ္တဆိုင်းငံ့ထားချိန် မှစ၍ ကျောင်းသားများသည် ကျောင်းသို့မလာကြရတော့သည်မှာ ယခုအချိန်အထိ ဖြစ်သည်။
သမ္မတ Rodrigo Duterte က COVID-19 ကာကွယ်ဆေးကို ရရှိနိုင်မှသာ ကျောင်းများပြန်လည်ဖွင့်သင့်ကြောင်းနှင့် စာသင်ခန်းများသည် ကူးစက်ရောဂါဖြစ်ပွားမှုနေရာ ဖြစ်လာမည်ကို စိုးရိမ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင်ကူးစက်မှု ၃၂၂,၄၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅,၇၀၀ ကျော်ရှိလာပြီးအရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်သည်ဟုသိရသည်။
Ref: apnews
By Yu Khine